4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

Min Ko Nainb

ညဏ်ပညာဖြင့် ထိရောက်အောင်
ဥပမာပေးနိုင်စွမ်းသော ကိုမင်းကိုနိုင်
လေးစားလျှက်ပါ ရှင်


image
Credit:photo
မင်းကိုနိုင်-ပ်ုက်သာဂိုးရပ်စ် နှင့် နှစ်ငါးဆယ်
(၆,၂,၂၀၁၃ ကမာရွတ်)
+++++++++++++++++++++++
ကိုယ့်အလုပ် ကိုယ်လုပ်ကြဖို့ပါ…။
ကိုယ့်အလုပ် ကိုယ်မလုပ်ဘူးဆိုရင်တော့
ပြဿနာ တော်တော်ရှိပါတယ်…။
ဘယ်မှလဲ သွားလို့မရဘူး…။
ကျောင်းဆရာမတွေကို စစ်သင်တန်းအတက်ခိုင်းတယ်…။
ဖောင်ကြီးတို့ ဘာတို့မှာ…။
သေနတ်ကိုင်..၊မှောက်..၊မိကျောင်းသွားသွား…။
ပြီးတော့မှ ကျောင်းတွေပြန်ရောက်တဲ့အခါ
အဖြူအစိမ်းနဲ့ တာဝန်လက်ပတ်အနီးကြီးနဲ့ လုံခြုံရေးဆိုပြီး
ကလေးတွေကို လိုက်ချောင်းခိုင်းတယ်…။
အရံမီးသတ်တွေကို အပျိုအိပ်ယာတွေ
လိုက်လှန်ခိုင်းတယ်…။
ဧည့်စာရင်းစစ်တဲ့ ကြည့်စမ်း…။
မီးသတ်က ဧည့်စာရင်းစစ်…၊
ကျောင်းဆရာမက လုံခြုံရေးယူ…၊
စစ်ဗိုလ်တွေကကျတော့ လွှတ်တော်ထဲမှာ
ငုတ်တုတ်ကြီး ဝင်ထိုင်လိုက်ကြပါတယ်…။
ကောင်းရော ဒီဇာတ်ထုပ်…။

ဂရိနိုင်ငံမှာ အင်မတန်သန်စွမ်းပြီး ဗလကောင်းတဲ့
လက်ရုံးရည်အားကိုးတဲ့ လူတယောက်
တကယ်ရှိခဲ့ပါတယ်…။
လက်ဝှေ့ထိုးတာကသာ ဘဝလို့ထင်ထားပါတယ်…။
လူဖြစ်လာရခြင်းမှာ အသတ်အပုတ်နဲ့
လက်ရုံးရည်နဲ့ သူတပါးကို အနိုင်ယူရတာဟာ
ဘဝရဲ့ အဓိပ္ပါယ်လို့ သူထင်ထားခဲ့ပါတယ်…။
ဘယ်အထိလဲ အသက်ငါးဆယ်အထိပါ…။
လက်ဝှေ့ကိုရှိသမျှတန်းတွေ အနိမ့်ဆုံးတန်းကနေ
အမြင့်ဆုံးအတန်းထိ သူတက်ထိုးတာ
ယှဉ်ပြိုင်မယ့်သူမရှိဘဲ
ဗိုလ်တကာဗိုလ် ဖြစ်သွားတဲ့အချိန်မှာ အသက်ငါးဆယ်ပါ…။
သူစဉ်းစားပါတယ်…။
ဘဝဆိုတာ ဒါပဲလား…။
ဟိုမှာ ကျတော်တို့ သီရိဓမ္မာသောကမင်းကြီး
ကာလင်္ကစစ်ပွဲအပြီးမှာ စဉ်းစားသလိုဖြစ်ပါလိမ်မယ်…။
သွေးချောင်းတွေ စီးပြီးတော့မှ
နောက်ဆုံးရလာတဲ့ အောင်ပွဲဆိုတာ ဒါပဲလား…။
အလောင်းတွေ ရုပ်ခန္ဓာတွေ ပျက်စီးနေတဲ့
တစပြင် အလောင်းပြင်
သင်္ချိုင်းလို တိုင်းပြည်ကိုရလိုက်တာဟာ
အောင်ပွဲလား စဉ်းစားသလိုပါပဲ…။
လက်ရုံးရည်နဲ့ရှင်းမှ ရသလား…။
လူသားရဲ့ဘဝဟာ လက်ရုံးရည်သမား…
အသတ်အပုတ်တော်လှချည်ရဲ့…
ဗလကောင်းလှချည်ရဲ့ ဆိုပြီးတော့ပြီးသလား…။
သူစဉ်းစားတဲ့အခါ……
နောက်ဆုံး
အသက်ငါးဆယ်ပြည့်မှ စာစပြီးသင်ပါတယ်…။
ဒါပေမယ့် သူ့ရဲ့ထူးချွန်ထက်မြက်မှုကြောင့်
သူဟာ သမိုင်းမှာ မှတ်တမ်းတင်ရတဲ့
သင်္ချာပညာရှင် ဒဿနိကဗေဒပညာရှင်
ပ်ုက်သာဂိုးရပ်စ် ဖြစ်လာပါတယ်…။
အဲ့ဒီ့ ပိုက်သာဂိုးရပ်စ်ဟာ
အသက်ငါးဆယ်မှာ ပညာရဲ့တန်ဖိုးကိုသိပြီးတော
ပြောင်းလဲလိုက်တာ
ကမ္ဘာကြီးတခုလုံးရဲ့ ပညာရှင်အဖြစ်
ကောင်းသောအမွေကို ပေးခဲ့ပါတယ်…။
ကျနော်တို့ဆီမှာလဲ ၁၉၆၂ ကနေ
စပြီးတော့ အာဏာသိမ်းခဲ့တဲ့ ဗလကြီးတွေ ခင်ဗျာ့…။
နှစ်ပေါင်း ငါးဆယ်လည်းကျော်ခဲ့ပါပြီ…။
ခင်ဗျားတို့လည်း ပိုက်သာဂိုးရပ်စ်လို
ပညာကို တန်ဖိုးထားတဲ့လူတွေဖြစ်ပါစေလို့…
ဆုတောင်းပါတယ်…။
ကျေးဇူးတင်ပါတယ်…။

#Credit: Min Ko Naing

27 upvotes $0.19

Replies (3)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: