Community post
Guava leaf
ဒီနေ့Adminပြောပြမှာကတော့ မလကာသီး/ရွက်နဲ့ပတ်သက်ပြီး အသုံးပြုနိုင်တဲ့ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အိမ်တွင်းနည်းလေးပဲဖြစ်ပါတရ်━━━━━━━━━━━━━━━━━━
━━━━━━━━━━━━━━━━━━━━
မာလကာသီးမှာ vitamin A, C, Potassium, Lycopene, နဲ့ fiber ဓာတ်တွေပါဝင်လို့ အာဟာရ ဓာတ်ပြည့်ဝတဲ့ အသီးအဖြစ် ညွှန်းဆိုကြပါတရ်...
ဒါပေမဲ့ မာလကာရွက်မှာလည်း ကောင်းမွန် ထူးခြားတဲ့ ဓာတ်တွေ ပါဝင်နေတယ် ဆိုတာကို
သတိထားမိကြပါသလား။ဖော်ပြပါအချက်ဒွေကတော့ မာလကာသီး/ရွက်ရဲ့ အသုံးဝင်ပုံတွေပဲ ဖြစ်ပါတရ်ရှင်။
၁။ ချောင်းအရမ်းဆိုးနေပါသလား မာလကာသီးကို သကြားနဲ့စားပါ ။ ဒီလိုပြောရင်အံ့သြသွားမလား .. မာလကာသီးကိုဒီတိုင်းစားမရ်ဆိုရင်တော့ ချောင်ပိုစိုးမှာဖြစ်ပါတရ် ဒါပေမရ့် သကြားလေးနဲ့တို့စားပေးမရ်ဆိုရင်တော့ ခဏအတွင်းသက်သာပျောက်ကင်းစေမှာ ဖြစ်ပါတရ်။
၂။ မာလကာရွက် လက်ဖက်ခြောက်အစားထိုး အသုံးပြုပြီး ရေနွေးကြမ်းသောက်မရ်ဆိုရင်တော့ အစာစားချင်စိတ်ကို ထိန်းချုပ်ပေးပြီး ကိုယ်အလေးချိန်ကျစေမှာဖြစ်ပါတရ်။
၃။ မာလကာရွက်ကို ငါးမိနစ်ခန့်ပြုတ်ပီး ခေါင်းမလျှော်ခင် ဦးရေပြားထိစိမ့်အောင်လိမ်းပေးမရ်ဆိုရင်တော့ ဘောက်ထခြင်း သန်းသေခြင်းနှင့် ဆံပင်ကျွတ်ခြင်းတို့ကို ထိရောက်စွာကာကွယ်ပေးပါတရ်။ဆ
၎။ မာလကာရွက်ကို မျက်နှာဂျေး ချွတ်တဲ့နေရာမှာလဲအသုံးပြုလို့ရပါတရ် ရေဆူပြီးသာရေနွေးထဲကို မလကာရွက်လက်တဆုပ် ပျားရည်လက်ဖက်ရည်ဇွန်း တစ်ဇွန်း သံပုရာသီး တခြမ်း ညှစ်ပြီး ဆယ်မိနစ်ခန့်ဖုံးအုပ်ပေးရုံနဲ့ မိတ်ကပ်ဖျက်တဲ့Tonerအစားထိုးအသုံးပြုလို့ရပါတရ် ။ ဒါတင်ဘယ်ကမလဲ ဝက်ခြံနဲ့တင်းတိတ် နေလောင်ခြင်းဒွေကိုပါသိသိသာသာ ပျောက်ကင်းစေပါတရ်။
၅။ သွားပိုးစားလို့ သွားကိုက်နေရင်လည်းမာလကာရွက်ပြုတ်ရည်ထဲကိုလေးညှင်း၃ပွင့်ထည့်ပြီး ငုံလိုက်ထွေးလိုက်လုပ်ပေးရုံဖြင့် သွားကိုက်တာသက်သာပျောက်ကင်းစေပါတရ်
၆။ ခံတွင်းအနံ့နံတတ်သူများလည်း တနေ့၂ကြိမ် မာလကာရွက်ပြုတ်ရည်ကို ပလုတ်ကျင်းခြင်းဖြင့် ခံတွင်းရှင်းသန့်သွားမှာဖြစ်ပါတရ်။
၇။ ရုတ်တရက်မူးဝေ အော့အန်ခြင်းဖြစ်နေလျှင်လည်း မာလကာရွက်ကို ချေပြီး ရှူပေးရုံဖြင့် အော့အန်ခြင်းမူးဝေခြင်းမှ သက်သာပျောက်ကင်းစေပါတရ်။
၈။ ဘက်တီးတီယားပို့ကြောင့်ဖြစ်တဲ့ မိန်းမကိုယားယံခြင်း အဖြူဆင်းခြင်း အနံ့နံခြင်း ပေါင်ကြားမဲခြင်း ပွန်းခြင်း စသည်တို့ကိုလည်း မာလကာရွက်ပြုတ်ရည်ဖြင့်ဆေးကြောပေးခြင်း ၊ ပြုတ်ပီးသားအရွက်နှင့်ပွတ်တိုက်ပေးခြင်းဖြင့် ပိုးမွှားများကိုသေစေပြီး အနာများ အမာရွတ်အမဲကွက်များပါသက်သာပျောက်ကင်းစေမှာဖြစ်ပါတရ်။
၉။ ရုတ်တရက် ဓားရှခြင်း ထိခိုက်ပွန်းပဲ့ခြင်းတို့ကို သွေးထွက်နေသည့်နေရာဒွေ မာလကာရွက်ကိုချေပြီး အရည်ညှစ်ပေးခြင်းဖြင့် မေခိုင်ပိုးဝင်ရောက်ခြင်း သွေးထွက်လွန်ခြင်းတို့ကို ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတရ်။
၁၀။ ရည်းစားကြောက်တတ်တဲ့ ကိုကိုဒွေ မိန်းမကြောက်တတ်တဲ့ မယကကိုကြီးဒွေ မာလာကာရွက်ကို ဝါးပြီး ထွေးပေးရုံဖြင့် ဘီယာနံ့ အရက်နံ့ကိုဖျောက်လို့ရပါတရ်။
၁၁။ မလကာရွက်ပြုတ်ရည်ကို ညအိပ်ယာမဝင်ခင် လက်ဖက်ရည်ပန်းကန်လုံးတလုံးသောက်သုံးပေးခြင်းဖြင့် ဆီးလမ်းကြောင်းကိုသန့်ရှင်းစေပြီး ယောက်ကျားအားကိုတိုးစေပါတရ်။
၁၂။ မာလကာသီးကို ညဘက် ထမင်းအစားထိုး စားသုံးပေးခြင်းက ဝိတ်ချလိုသူများအတွက်အထိရောက်ဆုံး ဝိတ်ချနည်းတခုဖြစ်ပါတရ်။
မှတ်ချက်။ မလကားသီးစားရာတွင် အလယ်မှာအူစေ့လေးများလုံးဝ လုံးဝမစားသင့်ပါ။
ကျန်းမာရေးဗဟုသုတ
Su Myat Mon OnlineShop
Replies (0)
Conversation
No replies yet
Replies will appear here as people join the conversation.