4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

ဆေးဂျင်း - အပိုင်း ၂

ဆေးဂျင်း - အပိုင်း ၂
Ginger2.jpg
#photo from google.
ကျွန်တော် အလကားရတဲ့ စာစောင်ကို ဖတ်ကြည့်လိုက်တော့မှ ကျွန်တော်တို့လို တောသားတွေကို ပစ်မှတ်ထားပြီး ဂျင်းထည့်ဖို့ လုပ်ဆောင်နေတယ်ဆိုတာကို သိရှိခဲ့ရပါတယ်။
အဲဒီစာစောင်ဟာ တကယ်တော့ ဆေးခန်းကြော်ငြာပါ။ဒါပေမယ့် ရိုးသားမှုမရှိတဲ့ ဂျင်းကြော်ငြာပါ။
ပထမဦးဆုံး ဆေးခန်းကြော်ငြာမျက်နှာဖုံးမှာကိုက ရိုးသားမှု မရှိပါဘူး။မျက်နှာဖုံးမှာ ''ကျမ်းမာရေးသုတစွယ်စုံ''လို့ ခေါင်းစဉ်တပ်ထားပါတယ်။မျက်နှာဖုံးအောက်ခြေမှာ ''ယုံကြည်စိတ်ချအားကိုးရသော ကျမ်းမာရေးစာစောင်များ''လို့ ရေးသားဖော်ပြထားပါတယ်။
IMG_20180401_103447.jpg
#photo by myself.
မျက်နှာဖုံးမှာရေးသားဖော်ပြထားတဲ့ စာသားတွေအရ အဲဒီအလကားဖြန့်ဝေတဲ့ စာစောင်ဟာ ကျမ်းမာရေးဗဟုသုတ စာစောင်လို့ အဓိပ္ပါယ်ရပါတယ်။ပြီးတော့ ဒီစာစောင်ထဲမှာ ရေးသားဖော်ပြထားတဲ့ အကြောင်းအရာတွေ၊အချက်အလက်တွေဟာ မှန်ကန်ပြီး ယုံကြည်စိတ်ချရပါတယ်လို့ ရည်ညွှန်းနေတာ တွေ့ရပါတယ်။
တကယ်တော့ အဲဒီစာစောင်ဟာ မျက်နှာဖုံးမှာ ကတည်းက စပြီး ဂျင်းထည့်နေပါပြီ။ဆေးခန်းကြော်ငြာကို ဆေးခန်းအကြာင်းမပါပဲ ကျမ်းမာရေးဗဟုသုတ စာစောင်ပါလို့ ရေးသားဖော်ပြထားတဲ့အတွက် ဒါဟာ လုံးဝရိုးသားမှု မရှိပါဘူး။သွေးရိုးသားရိုး မဟုတ်ပါဘူး။ဂျင်းပါ။ဂျင်းမှ ရိုးရိုးဂျင်းမဟုတ်ပါဘူး။အထူးစပါယ်ရှယ်ဂျင်းပါ။ဘာ့ကြောင့်မျက်နှာဖုံးမှာ ဆေးခန်းအကြောင်းအရာ တစ်ခုမှ ပါမလာတာလဲ။ဒါဟာ စဉ်းစားစရာ ကောင်းတဲ့အချက်တစ်ချက်ပါ။
256-dangerous-side-effects-of-ginger_585874262.jpg
#photo from google.
နောက်တစ်ချက်က ''ယုံကြည်စိတ်ချ အားကိုးရသော ကျမ်းမာရေးစာစောင်များ'' လို့ရေးသားဖော်ပြချက်အရ ''ဒီစာစောင်ထဲက ရေးသားဖော်ပြချက်တွေ မှန်ကန်ပြီး ယုံကြည်စိတ်ချရပါတယ်''လို့ အဓိပ္ပါယ် သက်ရောက်စေပါတယ်။ဒါပေမယ့် စာစောင်ထဲမှာ ရေးသားထားတဲ့ အကြောင်းအရာတွေကို တာဝန်ခံမယ့် စာရေးသူ(author)နာမည် မပါ ပါဘူး။ဒါဟာ လုံးဝမရိုးသားမှုပါပဲ။ရေးသားထားတဲ့ အကြောင်းအရာတွေက မှန်ကန်ပြီး ယုံကြည်စိတ်ချအားကိုးရပါတယ်လို့ ရည်ညွှန်းပေမယ့် မှန်ကန်ကြောင်း ယုံကြည်စိတ်ချရကြောင်း တာဝန်ခံမယ့် စာရေးသူအမည် ပါမလာခြင်းဟာလည်း စိတ်ပျက်ဖွယ် တော်တော်ကောင်းပါတယ်။
တကယ်လို့ စာရေးသူ(author)နာမည် ပါလာရင်တောင် ဒီစာစောင်ထဲက ရေးသားချက်တွေဟာ မှန်ကန်ပြီးယုံကြည်စိတ်ချရပါတယ်လို့ ပြောလို့မရသေးပါဘူး။ဘာလို့လည်းဆိုတော့ ဒီစာစောင်ထဲက ရေးသားဖော်ပြချက်တွေဟာ စာရေးသူ(author)ကိုယ်တိုင် သုတေသနပြုလုပ်ထားတဲ့အချက်တွေလား ဒါမှမဟုတ် ဘယ်သုတေသနအဖွဲ့က ထုတ်ပြန်တဲ့အချက်အလက်တွေလဲ စသည်ဖြင့် ဆန်းစစ်ဖို့ လိုပါတယ်။
10081.jpg
#photo from google.
ကျွန်တော်တို့တောက တောသားအများစုဟာ ပညာမတတ်ခြင်း၊ဗဟုသုတ မပြည့်စုံခြင်း၊ဆင်ခြင်တုံတရား နည်းပါးခြင်း စတဲ့အကြောင်းတရားတွေကြောင့် အများအားဖြင့် ပြောသမျှယုံကြည်တတ်ကြတယ်။အဲဒီလိုမျိုး ယုံကြည်လွယ်တဲ့ အားနည်းချက်ကို အသုံးချပြီး ဂျင်းထည့်ဖို့ ကြိုးစားအားထုတ်တဲ့ လုပ်ရပ်ဟာ တော်တော်စက်စုပ်ရွံရှာစရာကောင်းပါတယ်။
အပိုင်း(၃)ကို ဆက်လက်ရေးသား ဖော်ပြပါမည်။
Author - Crypto Boy

8 upvotes $4.56

Replies (8)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: