4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

ဆေးဂျင်း - အပိုင်း ၃

ဆေးဂျင်း - အပိုင်း ၃
IMG_20180331_090516.jpg
#photo by myself.
ဒီစာစောင်ကို ကျွန်တော်ဘာ့ကြောင့် ဂျင်းလို့ပြောနိုင်တာလည်း။ရေးထားတာလေးတွေ လေ့လာကြည့်ရအောင်ဗျာ။
အတွင်း ပထမ မျက်နှာဖုံး
ရေးထားတဲ့ စာသားတွေအရ ဆေးခန်းနာမည်က တိုကျိုဆေးခန်းလို့ သိရပါတယ်။ရေးထားတဲ့ စာတွေထဲမှာ ပထမဦးဆုံးရေးထားတဲ့ ဝါကျမှာကိုက ဂျင်းစထည့်ပါပြီ။ဘာလို့လည်းဆိုတော့ ''အမေရိကန် နိုင်ငံမှ တင်သွင်းသော နည်းပညာအဆင့်မြင့်သော HD စအိုအူလမ်းကြောင်း စစ်ဆေးရေး စက်ကိရိယာ'' လို့ရေးထားပါတယ်။သူပြထားတဲ့ပုံက ''SAFUTE'' တံဆိပ်ကြီး။OMG!
IMG_20180405_091228.jpg
#photo by myself.
ကျုပ်လည်း စိတ်ဝင်စားလို့ google မှာရှာကြည့်တော့ ''SAFUTE'' ဆိုတာ တရုတ်နိုင်ငံက ကုမ္ပဏီပါ။ဒီ link ကနေ SAFUTE Company အကြောင်း ဖတ်ရှုနိုင်ပါတယ်။
https://m.made-in-china.com/company-safute/info.html
Screenshot_2018-04-05-09-56-06-256_com.android.chrome.png
Screenshot_2018-04-05-09-56-54-767_com.android.chrome.png
တရုတ်စက်ကြီးပြပြီး အမေရိကန်နိုင်ငံကနေ တင်သွင်းတယ်ဆိုတော့ ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး။ကဲဟုတ်ပြီ။သူတို့ပြောသလို တရုတ်စက်ကြီးကို အမေရိကားကို အရင်ပို့။ပြီးမှ အမေရိကားကနေတဆင့် မြန်မာနိုင်ငံထဲ ပြန်တင်သွင်းလို့ မြန်မာနိုင်ငံက သူတို့ဆေးကုခန်းမှာ အဲဒီတရုတ်စက်ကြီး ရှိနေပြီပဲ ထားပါဦး။ကြော်ငြာမှာ အဲဒီစက်ကို ရိုက်ပြထားတဲ့ပုံ(photo)က သူတို့ဆေးခန်းက စက်ရဲ့ပုံ မဟုတ်ဘူးဗျ။သူတို့ကြော်ငြာမှာ ပြထားတဲ့ စက်ရဲ့ပုံက google ကနေ မလာတဲ့ပံကြီး။ကျွန်တော်လည်း google image search နဲ့ရှာကြည့်တော့ အဲဒီပုံကြီးတွေ့ပါတယ်။အကုန်လုံး တစ်ပုံစံထဲ။မော်နီတာထဲက ဖင်ဖြဲပြနေတဲ့ပုံတောင် တူသေးတယ်ဗျာ။ဒီ link ကနေ ပုံကို ကြည့်ရှုနိုင်ပါတယ်
5ccec7df-0cf5-460c-bace-eaa3157db183.jpg
#photo is taken from google for reference.
စကတည်းက အလိမ်တွေ အညာတွေနဲ့ စထားတာဗျာ။စိတ်တော့ အတော်ပျက်စရာကောင်းပါတယ်။ကျွန်တော်တို့ မြန်မာတွေကို ပိန်းဥလို့ ယူဆထားပုံရတယ်။
ကဲ---ဆက်ပါဦးမယ်။ကျွန်တော်က ဆရာဝန်တစ်ယောက်မဟုတ်တဲ့အတွက် ဆေးပညာရပ်ကုထုံးအကြောင်းတွေမသိပါဘူး။ဒါ့ကြောင့် သူတို့ကြော်ငြာထဲမှာရေးထားတဲ့ ''အမေရိကန် နိုင်ငံမှ PPH စအိုအူလမ်းကြောင်းဆိုင်ရာ အသေးစားကုထုံး''ဆိုတာ ရှိတယ်၊မရှိဘူး၊ဟုတ်တယ်၊မဟုတ်ဘူး ဆိုတာ ကျွန်တော်မပြောနိုင်ပါဘူး။ဒါပေမယ့် ''အပြင်လိပ်၊အတွင်းလိပ်၊ရောထွေးလိပ်၊ဂရင်ဂျီနာ၊စအိုကွဲခြင်း၊စအိုဝကျွံခြင်း၊စအိုပတ်လည် ရောင်ရမ်းခြင်း၊စအိုနှင်းခူ၊ဝမ်းသွားသွေးပါခြင်း၊ဝမ်းချုပ်ခြင်း၊အူမကြီးရောင်နာ စသည့်ရောဂါများကို တစ်ကြိမ်တည်းဖြင့် အမြစ်ပြတ်ကုသပေးနေပါသည်'' လို့ရေးထားပါတယ်။
ဒီလောက်ရောဂါတွေ အများကြီးကို တစ်ကြိမ်တည်းနဲ့ အမြစ်ပြတ်ကုတယ်ဆိုတော့ ''အံ့ဖွယ်''ပါပဲ။အမှန်တကယ်သာ အဲဒီလို တစ်ကြိမ်တည်းနဲ့ အမြစ်ပြတ်ကုသနိုင်ရင် ကမ္ဘာတောင်ကျော်သင့်တာ။ဘာ့ကြောင့်များ မြန်မာနိုင်ငံမှာတောင် နာမည်မကြီးတာပါလိမ့်?
အောက်နားမှာရေးထားပါသေးတယ်။''ကုသပြီးနောက် ရောဂါပြန်ဖြစ်လာပါက အခမဲ့ ပြန်လည်ကုသပေးပါမည်''တဲ့။အပေါ်မှာတုန်းက ''တစ်ကြိမ်တည်းအပျောက်ကုပေးမယ်''လို့ပြောတယ်။အောက်မှာကျတော့ ''ရောဂါပြန်ဖြစ်ရင် အလကားကုပေးမယ်''ဆိုတော့ ဘယ်လိုနားလည်ရမှန်းမသိတဲ့ ''အံ့ဖွယ်ဆေးကုထုံးကြီးပါတကား'' လို့တောင် ပြောရမလိုဖြစ်နေပြီ။
ဒီစာရေးရင်းနဲ့ ငယ်ငယ်က ကြည့်ဖူးတဲ့ လူရွှင်တော်တွေရဲ့ ပျက်လုံးကို သွားသတိရတယ်။ဆေးကုတဲ့ ဆေးဆရာလုပ်တဲ့ လူရွှင်တော်က လူနာမိဘတွေကို ပြောတယ်။''ဟေ့---မင်းတို့ ဘာမှ မပူကြနဲ့။ဆရာဒီလူနာကို အာမခံပြီးကုမယ်။အသေမချင်း တာဝန်ယူတယ်''တဲ့။
အပိုင်း ၄ ဆက်လက်ရေးသားပါဦးမည်။
Author - Crypto Boy

104 upvotes $4.62

Replies (6)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: