4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

Love

နင့်ကိုမချစ်နိုင်တော့တဲ့လူတစ်ယောက်ဆိုတာ


သူကနင့်ကိုမချစ်နိုင်တော့ဘူးဆိုရင်
သူ့ရဲ့နူတ်ခမ်းပါးစကနေ ခက်ခက်ခဲခဲနဲ့ နင်သိလာအောင်ဖွင့်ပြောစရာမလိုပါဘူး !!

ကိုယ်ကသတိရမိလို့ မက်ဆစ့်တွေပို့မိတဲ့အခါမှာလဲသူ့ဘက်က ပြန်ပို့ချင်မှပို့မှာပါ နင်ကျေနပ်ရင်ပြီးရောဆိုတဲ့ တာဝန်အရတွေနဲ့ပေါ !!

ကိုယ်ကအရမ်းလွမ်းနေမိလို့ ဖုန်းတွေဆက်ခဲ့မိရင်တောင် သူ့ဘက်က ကိုင်ချင်မှကိုင်မှာပါ စကားတွေပြောရင်းနဲ့ မဆုံးခင်မှာ ငါမအားသေးဘူးဆိုတဲ့အကြောင်းပြချက်တွေက ပြောထွက်လာပါလိမ့်မယ် !!

ချစ်စတုန်းကလို နင့်အပေါ်မှာလဲ အလေးအနက်ထားပြီး တန်ဖိုးထားမူတွေ နည်းလာပါမယ်! !

ဂရုစိုက်မူတွေရော နားလည်ပေးမူတွေရော သူ့အလိုလိုနဲ့ နည်းလာပါလိမ့်မယ် !!

ဖုန်းတွေလဲအရင်လိုမဆက်တော့ဘူး မက်ဆစ့်တွေလဲ အရင်လိုမပို့တော့ဘူး သူနေနိုင်သလို နေတတ်လာမယ် !!
အွန်လိုင်းပေါ်မှာအတူတူ ( Active now ) ရှိပြီး မီးစိမ်းလေးပြခဲ့ရင်တောင် နင့်ဆီကို အရင်စာမပို့တော့ဘူး

စားppl နေရောကောင်းရဲ့လား အလုပ်တွေရောအဆင်ပြေလား ဆိုတဲ့ မေးခွန်းလေးတွေ အရင်လိုမမေးမြန်းတတ်တော့ဘူး !!

နှစ်ယောက်သားချစ်သူတွေဖြစ်နေရင်းသားနဲ့ ဘာမှမပတ်သက်သလို ဘာမှမဆိုင်ခဲ့သလို သူစိမ်းတွေလို အနေစိမ်းစိမ်းနဲ့ ဥပက္ခာတွေပြပြီး အကြာကြီးပစ်ထားတတ်လာမယ် !!

သူလိုအပ်လာလို့ သူအလိုရှိတဲ့အချိန်တွေမှာ သူ့ဘက်ကစပြီးနင့်ကို ပြုမူဆက်ဆံတတ်လာမယ် !!

သူအသုံးမလိုလို့ အလိုမရှိတော့တဲ့အခါ စကားတောင်မှလာပြီးမပြောတော့ဘူး

လိုအပ်လာတဲ့ချိန် နင့်ကိုဆက်သွယ်ပြီး မလိုအပ်တော့တဲ့အခါ နင့်ကိုအကြာကြီးပစ်ထားပြီး လိုသုံးတစ်ယောက်လိုမျိုးပေါ !!

သူ့ရဲ့လုပ်ရပ်တွေဟူသမျကို ကိုယ်ကအပေါ်ယံလူတစ်ယောက်အဖြစ်နဲ့ မခံစားနိုင်တော့လို့

နာကျင်ရတာတွေကို ရင်မှာခဏပိုက်ကာထား၍ သူ့ကိုလမ်းခွဲစကားသွားပြောမိတဲ့အခါ

သူ့ဘက်ကနင့်ကို အလိုက်သင့်လမ်းခွဲလိုက်ရုံပဲပေါ သူကကိုယ့်ကိုမချစ်နိုင်တော့တာကို သူ့ဘက်က ပေါ့ပါးလွတ်လပ်သွားရုံလေးမို့ !!

ကိုယ်ကဘဝတစ်သက်စာအတွက် တစ်ကယ်သိပ်ချစ်ခဲ့မိတော့ ရင်နဲ့မဆန်းအောင်ထိ နာကျင်ခံစားနေရမှာက
ကိုယ့်ဘက်ကပါပဲ !!

ချစ်တဲ့သူတိုင်းအမြဲပိုင်ဆိုင်ရပါစေ...👫
12_preview.jpg

147 upvotes 2 downvotes $0.00

Replies (4)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: