4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

အနီးဆုံးလူ(p-1)

“ကလင်"

ကျွန်မပြုံးမိတယ်။ဒီလိုပဲ သူ့ဆီကmessage အသံလေးကြားရင်ကို ကျွန်မ မျက်နှာ ပြုံးနေမိပြီ❤️

တကယ်ဆို သူနဲ့ကျွန်မ က အရင်ကတည်းကရင်းနှီးပေမယ့်

မခေါ်မပြောဖြစ်ခဲ့တဲ့ လူနှစ်ယောက်။

သူ့အသိုင်းအဝိုင်းသူ့နာမည်သူ့သတင်းတွေ 

မကြားချင်လောက်အောင် ကြားနေပေမယ့် 

ကျွန်မ ဂရုမစိုက်ခဲ့ဖူး။

အခုတော့သူ့အကြောင်းကိုသိချင်လွန်းလို့စုံစမ်းရတာ

အရူးတယောက်လိုပဲ။

အခုလဲကြည့်လေ အသည်းကိုခြွေပြန်ပီ

"ဝက်ကလေးကလဲ" တဲ့ 

ဟော ကျွန်မစိတ်ဆိုးတယ်ဆိုလို့ချော့တာတဲ့လေ~


သူက အရပ်မြင့်မြင့် ခပ် ဝ ဝ လူတယောက်

သူ့မျက်နှာဝိုင်းဝိုင်းကြီးကနေပြုံးလိုက်ရင်မှေးသွားတဲ့

မျက်လုံးတစုံရယ် ညီပြီးဖြူနေတဲ့သွားလေးတွေရယ်ကပဲ

ကျွန်မကို ပြုစားခဲ့တာပေါ့

သူကအရမ်းအစားပုပ်တယ် အအိပ်လဲကြီးတယ်

ကျွန်မအတိုင်းပဲလေ


ကျွန်မစိတ်ကူးယဉ်နေတာတွေရပ် သင့်ပီ

ခနနေ သူနဲ့ တွေ့ရဖို့ ကျွန်မပြင်ရဦးမယ်

သူ့ရှေ့မှာကျွန်မ အရမ်းလှနေမှဖြစ်မယ်

သြော်~ကျမက အိပ်နေရင်းနဲ့ထလာမှာ လို့ပြောထားတာ

ကျမ ရေချိုးပီး သနပ်ခါးပါးပါးလေးလိမ်းမှာသူသိလို့မဖြစ်ဖူး😝


ဟော! တွေ့ရပါပီ ကိုယ်တော်ချော

ပေါင် ၂၀၀ ကျော် သူ့ ခန္ဓာကိုယ်ကိုမှအားမနာ 

ခွေးခြေခုံလေးမှာထိုင်ပီး ခေါက်မုန့်ထိုင်စားနေလေရဲ့

တကယ့် ကလေး ပါဆို 

ကျွန်မချစ်ရတာလဲအဲ့ဒါတွေကြောင့်ပေါ့😇


မိန်းကလေးပေမယ့် ကျွန်မခိုးခိုးကြည့်မိတယ် 

သူမသိခင် သူ့ပုံလေးတွေရိုက်ရတာလဲအမော

သူမိသွားတော့လဲ ဆေးထိုးဖို့ ဆိုပီး 

ချောလဲရောထိုင်လုပ်လိုက်တယ်လေ😁


ညီမ တယောက် ထက်ပိုတဲ့သံယောဇဉ်နဲ့

 ကျွန်မကိုဆက်ဆံနေတယ်ဆိုတာ

သူရော ကျွန်မရော ခံစားမိတယ်လေ

တန်ဖိုးကြီးတဲ့အရုပ်လေးကိုငေးနေရသလို 

ကျွန်မ ကတော့အဝေးကပဲ ချစ်နေရုံပေါ့


သူက ကျွန်မကို သိပ်ဂရုစိုက်တယ်

ပထမဆုံးတွေ့တဲ့နေ့မှာတင် ကျွန်မ မရောက်ဖူးတဲ့ နေရာကို

သူ့ကားလေးနဲ့လာခေါ်တယ် 

အဲ့နေ့က သူ shirt အဖြူရောင်လေးနဲ့ပေါ့

Short pant အညိုလေးနဲ့ သိပ်ချစ်ဖို့ကောင်းတဲ့ 

လူကြီးလေးတယောက်

နက်မှောင်နေတဲ့ဆံပင်ကိုသပ်သပ်ရပ်ရပ်ဖြီးပီး

ဆီလိမ်းထားတာက ပိုဆွဲဆောင်မှုရှိတယ်ဆိုတာ 

ကျွန်မမသိခဲ့ဘူး


သူကစမေးတယ်"ဘယ်သွားချင်လဲ ညေး" တဲ့

ကျွန်မက မိန်းကလေးပေမယ့် သူက ကျွန်မကို 

ညီလေးရဲ့အတိုကောက် "ညေး"လို့ပဲခေါ်တယ်

ကျွန်မက အစားမက်တယ်လေ

ဒီလိုနဲ့ စိတ်ထဲမှာ ဝက်သားဒုတ်ထိုးအရမ်းစားချင်နေတာ

ဒါပေမယ့်လဲ အခုမှစ Date တာဆိုတော့

မပြောရဲဖူးပေါ့

ကိုယ်တော်ချောက ဆက်ပြောတယ် 

"ဒုတ်ထိုးသွားစားမလား"တဲ့

အခါခါခေါင်းညိမ့်လိုက်တဲ့ အပျော်တွေ ကို 

ကျွန်မ အပြုံးတွေကနေ တဆင့်

သူမြင်သွားတယ် ထင်ပါရဲ့။ ။ 


ဒုတ်ထိုးဆိုင်ဆိုရင် အသည် အန်တီကြီးရှေ့မှာထိုင်ရမှ

ကျေနပ်တဲ့ကျွန်မ ကောက်ခနဲဝင်ထိုင်လိုက်တယ်

ပီးတော့၂ယောက်ပေါင်း ၄၂၀၀ ဖိုးလောက်စားဖြစ်တယ်

ကားပေါ်ပြန်ရောက်မှသူပြောတာက

"အားတီက အဲ့ရှေ့မှာတခါမှမထိုင်ဖူးသေးဘူး"တဲ့

"ခုက ပထမဆုံးထိုင်ဖူးတာပဲ"တဲ့

ကျွန်မအရမ်းအားနာပီး ပျော်လဲပျော်သွားတယ် 

ကိုယ်နဲ့မှ ပထမဆုံးထိုင်ဖူးတယ် ဆိုတဲ့ ခံစားချက်နဲ့အတူ

ကောင်းကင်ကြီးကိုမော့ကြည့်ပီးပြုံးလိုက်ရတာ

စိတ်ကိုကျေနပ်သွားတာပဲ❄️


ပြီးတော့ မင်းဘူးဘက်ဆက်သွားဖြစ်တယ်

မကွေးနဲ့မင်းဘူးဆိုတာ ၁၅ မိနစ်လောက်ပဲမောင်းရပေမယ့်

ရင်ခုန်နေတဲ့ကျွန်မအတွက်ကတော့ 

တနာရီလောက်ကြာနေသလားထင်ရတယ်

ဒီလိုနဲ့ အရသာကောင်းတဲ့ ကူဖီးဆိုင်လေးမှာစားဖြစ်ကြတယ်

သူနဲ့ တူတူယှဉ်ပီး လမ်းကူးရတဲ့ ခံစားချက်လေးက

ကျွန်မကို လုံခြုံစေတယ်

သူ ဒူးရင်းသီးသိပ်ကြိုက်ပေမယ့်

ကျွန်မ ကြိုက်တဲ့ မလိုင်အရသာကိုပဲ

 ၂ယောက်တူတူစားဖြစ်ကြတယ်

ကျွန်မ သုတ်ဖို့ တစ်ရှုးကအစ သောက်ဖို့

ရေနွေးကြမ်းကိုပါ အဆင်သင့်ပြင်ထားပေးတဲ့ သူ့ကို

ကျွန်မ မချစ်ပဲနေနိုင်ပါ့မလား~


ဒီလိုနဲ့~ 

ကျွန်မ မမျှော်လင့်ရဲ တဲ့အဖြစ်အပျက် တခုကို

ရင်ဆိုင်ရလိမ့်မယ်လို့သာ ကျွန်မ သိခဲ့ရင် ~

3 upvotes $0.11

Replies (0)

Conversation

No replies yet

Replies will appear here as people join the conversation.

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: