Community post
မာန်နတ် ၄
ငါဟာ ကဿပ ဘုရားရှင်လက်ထက်တော်က ဒုဿီမာရ်နတ်ဘ၀နဲ့ သူကြွယ်ပုဏ္ဏားတွင် စွဲဝင်ပြီး ဘုရားရှင်ကိုဆဲရေးခြင်း၊
ရဟန်းတို့ကို ဆဲရေးချောက်ချားစေခြင်း၊
ကဲ့ရဲ့ရှုတ်ချခြင်း၊
ရဟန်း၊ ရဟန်းမတို့အနီးတွင် ဝိသဘာဂအာရုံဖန်ဆင်းပြီး လူတို့ကိုမြင်စေခြင်း၊
ရဟန်း၊ ရဟန်းမတို့အား အပျိုမများ၊ လူပျိုများနှင့် ဆက်ဆံကြပုံတို့ကို ဖန်ဆင်းပြခြင်း၊
မုဆိုး တံငါတို့ကဲ့သို့ ငါးမျှားပုံ ငှက်ထောင်ပုံတို့ကိုဖန်ဆင်းပြခြင်း၊
လူတို့က မကြည်ညိုအောင်လုပ်ခြင်း၊
နောက်ဆုံးတွင် ကကုသန်ဘုရားရှင်ရဲ့ လက်ျာရံဖြစ်တဲ့ ဝိဓုရထေရ်ရဲ့ ဦးခေါင်းကို ကျောက်ခဲနဲ့ ကွဲသွားအောင် ပစ်ခြင်းစသည်တို့ကို ပြုခဲ့ပါတယ်။
ဒီအခါမွာ သာ၀ကကြီးက မာရ ငရဲဘုံကို ပျော်စရာနေရာများထင်ရော့သလားလို့မိန့်တဲ့အခါမှာ ချက်ချင်းနတ်သက်ကြွေပြီး အပါယ်ငရဲကျခဲ့ပါတယ်
အဝီစိငရဲမွာ နှစ်ပေါင်းတစ်သိန်းမျှ ကာလပတ်လုံး ဒုက္ခခံရပါတယ်။ အရဟန္တဃာတက ကံကြီး ထိုက်ခဲ့သူဖြစစ်ခဲ့ပါတယ် .... လို့ဟောတော်မူတော့မှ မာရ်နတ်ဟာ စိတ်ထားနူးညံ့လာပြီး သံဝေဂရ ထွက်သွားပါတယ်။
တန်ခိုးအရာမှာ ဘုရားရှင်မှတစ်ပါး သူ့ထက်သာလွန်သူမရှိခဲ့တဲ့ တန္ခိုး အာနုဘော်ကြီးမားတဲ့ သာ၀ကကြီးတောင်မှ မာရ္နတ္ကို မေတ္တာဖြင့်ဆုံးမခဲ့ပါတယ်။
တစ်ကယ်တော့ ဒီမာန်နတ်ကြီးဟာ သူ့စိတ်ထဲမှာ (၃၁) ဘုံရှိတဲ့ သတ္တဝါတို့မှာ သူသာ တန္ခိုး ကြီးတယ်၊
ကာမဂုဏ္ဆိုတာ သတ္တဝါတွေအတွက် သူကပဲ ဖန်ဆင်းပေးထားတာမျိုး အထင်ရောက်နေသူပါ။
Replies (0)
Conversation
No replies yet
Replies will appear here as people join the conversation.