4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

Shan Traditional Dress

ကျိုင်းတုံနန်းတွင်းတော်ဝင်ရိုးရာဆင့်မိုင်ခမ်းရှေးဟောင်းလုံခြည်
ဆင့်မိုင်ခမ်းလုံခြည်က ကြာမှောက်ကြာလှန်တစ်မျိုးတည်းရှိတာမဟုတ်ပါဘူး ကြာမှောက်ကြာလှန်ကိုခေတ်သုံးပိုင်းခွဲပြီးလေ့လာနိုင်ပါတယ် လေ့လာတဲ့လုံခြည်ဟာနှစ်ဘယ်လောက်လောက်ကြာတယ်ဆိုတာကိုလည်းခန့်မှန်းနိုင်ပါတယ် ခေတ်အပိုင်းအားဖြင့်သုံးပိုင်းခွဲးခြားနိုင်ပါတယ် ဆင့်မိုင်ခမ်းလုံခြည်မှဗိုးခေါမ်ဗိုးငိုင် ကြာမှောက်ကြာလှန်ဟာ အလွန်ရှေးကြတဲ့ခေတ်မှာ ကြာပွင့်ရောရိုးတံကိုပါ(လိုင်ကွန့်ဟွယ်)ခေါ်ခရုပတ်ထိုးနည်းနဲ့အပြည့်ထိုးပြီးအပြင်အဖူးနဲ့ကိုသာပိုးခြည်နဲ့ဖြည့်ပါတယ် အလယ်ခေတ်မှာတော့ ခြည်တွေကိုအရောင်ကစားလာတယ် ရွှေခြည်ကြီးဘဲမထိုးတော့တော့ဘဲ ကြာပွင့်အခွံကိုရွှေအတွင်းကိုပိုးခြည် တစ်ပွင့်ခြားစီအရောင်စပ်ပြီးအရောင်ကစားတဲ့အပြင်အရိုးတံကိုလည်း တခုခြားစီပိုးခြည်နဲ့ ရိုးရိုးခြည်ဖြည့်နည်းကိုသုံးပြီးဖြည့်ပါတယ် ဒါကအလယ်ခေတ်နဲ့နှောက်ဆုံးခေတ်မှာထိုးတဲ့ Desing မျိုးပါ ဒါ့အပြင်နှောက်ဆုံးခေတ်မှာတော့ ကြာပန်းမဟုတ်ဘဲပန်းရိုးရိုးဘဲက်ုလည်းပိုးခြည်ကြီးကြီးနဲ့ဘဲထိုးတာလဲရှိပြီး (လိုင်းပန်ကွန့်ဟွယ်)ခေါ်တဲ့ ထိုးနည်းကိုမသုံးတော့ဘဲ ကြာပွင့်ရောရိုးတံကိုရော ရထားသွားထိုးနည်းနဲ့ဘဲထိုးထားတဲ့လုံခြည်မျိုးလည်းရှိပါတယ် ဒီလုံခြည်မျိုးကို စောဝ်နန်းဗန်တိပ်လုံခြည်နဲ့ စောဝ်နန်းဗိုးတိပ်နွဲ့လုံခြည်မှာလေ့လာမြင်တွေ့နိုင်ပါတယ် အခုပုံမှာမြင်တွေ့ရတဲ့ဆင့်မိုင်ခမ်းလုံခြည်ကိုတော့ ကျိုင်းတုံကနေရှိသွားတာဖြစ်ပြီး ယခုစပမ်းငှားTextiles Collection မှာလေ့လာမြင်တွေ့နိုင်ပါတယ်။

photo from facebook37714382_858545727662588_9042150139522711552_n.jpg
37705078_858545794329248_6072652279834476544_n.jpg

10 upvotes $0.04

Replies (3)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: