4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

လိုချင်တာလေးတွေ

မိတ်ဆွေအပေါင်း နေတွေကောင်းကြပါစ။
ရာသီအရ အပူ၊ အအေးအပြောင်းမှာ နေတွေကောင်းကြပါစေကြောင်း သားမောင်ဆုတောင်းပေးပါသည်။
သားမောင်တို့ဆီမှာတော့ လေတွေ တရစပ်ဆိုသလိုတိုက်၏။
ကျန်းမာရေးအရတော့ ဂွတ်ထ သာ ဖြစ်ပါသည်။

image
မြန်မာပြည် ငြိမ်းချမ်းရေး မနေ့ဆီက ရှေ့သို့ ခြေတစ်လှမ်းတက်သည်။
မွန်ပြည်သစ်နှင့် လားဟူအဖွဲ့ NCA မှာ လက်မှတ်ရေးထိုးကြ၏။
ငြိမ်းချမ်းရေးလက်မှတ်ထိုးရာမှာ ကျန်ရှိနေသူများကိုလည်း ဖိတ်ခေါ်တာ ကြားမိသေးသည်ပေါ့။
ကျန်ရှိအဖွဲ့များအနက်မှာ ငြိမ်းချမ်းရေးအား လိုချင်သည်လို့ ပါးစပ်ကတော့ ထုတ်ပြောကြတာ များပါသည်။
မြေပြင်အခြေအနေအရ KIA က လူသစ်တွေ လှိမ့်စုနေ၏။
အတင်းအဓမ္မစုထားသူများနဲ့ တပ်မဟာ ၂ ခုတောင်ဖွင့်လိုက်သေးသည်။
စစ်ကိုင်းနဲ့ ရှမ်းမြောက်မှာ တပ်မဟာ တစ်ခုစီတပ်ဖြန့်သည်လား။
ထိုကဲ့သို့ နယ်ပယ်အရ ကျုးကျော်ပြီး တပ်မဟာအသစ်ဖွင့်တာကျ ကိုခဲတံတို့၊ မခဲတံတို့ အသံမထွက်ကြပါ။
ဂစ်တာတီးသည့်အဘိုးကြီးနှင့် သွားခေါ ဘာများပြောသေးသလဲ။
image
သားတို့မြန်မာ သမိုင်းမှာ ဂုဏ်ရှိန်မညှိုးတာ အများသိကြသည်။
လက်မှုအရာမှာလည်း ပန်း ၁၀ မျိုးတောင် ရှိသည်မဟုတ်လား။
လက်ထက်တော်ကြီးမှာ ပန်း ၁၀ မျိုးက အတော်ခေတ်ထ လာ၏။
ပန်းချီဆွဲသူဆွဲ၍ ပန်းပုထုသူထုကြသည်။
အချို့ကကြေးသွန်း၍ အချို့ကအင်္ဂတေဖြင့် ရုပ်ထုတွေထုဆစ်သလား။
မော်ဒယ်လ်အဖြစ် ဗိုလ်ချုပ်ကို ပုံစံအမျိုးမျိုးဖြင့် ဆောင်ရွက်ကြ၏။
ယခုတစ်ခါကျ စတိုင်ကွဲထွက်လာစေရေး မာမားပုံကို ထုကြမည်။
image
မန်းဌာနေက ကံတက်ကုန်း မစိုးရိမ်ကျောင်းတိုက်မှာ စိုက်ထူမည်ပေါ့။
ဘုန်းကြီးကျောင်းဝန်းအတွင်းမှာ ထားမည်ဆိုတော့ သားက အကြီးကြီး သဘောကျမိပါသည်။
ဘာသာ၊ သာသနာမှာ မာမားကူပံ့ထားတာ မရေတွက်နိုင်အောင် များလှသည်မဟုတ်လား။
ဘာမှတော့ လျာဝင်ရှည်လိမ့်မည် မဟုတ်ပါ။

မနေ့ဆီက ကြားသိရတာလည်း ထည့်သွင်းဖော်ပြလိုသေး၏။
မြန်မာပြည်တနံတလျားရှိ တက္ကသိုလ်များမှာ သင်တန်းတွေ ဖွင့်လှစ်သည် မဟုတ်လား။
ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး၊ ရေဆင်း စသည့်တက္ကသိုလ်
များမှာ သင်တန်းဖွင့်တာ ဖြစ်သည်။
သင်တန်းအရ စစ်ပညာသင်တန်းလို့ ဆိုကြပါစို့။
သင်တန်းသား၊ သင်တန်းသူအရေအတွက် ၄၂၀၀ မျှက တက်ရောက်ကြသည်ပေါ့။
အစဉ်အလာအရ ထိုသော ညီငယ်၊ ညီမငယ်များ ငှက်ဆိတ်တာတော့
image
ခံကြရပြန်ပါသည်။
တိုင်းပြည်နှင့် လူမျိုးအကျိုးရှေ့ရီုဆောင်ရွက်နိုင်ပါစေကြောင်း သားမောင် ဆုတောင်းပေးလိုက်ပါသည်လေ။

လက်ထက်တော်ကြီးမှာ ထူးဆန်းတာတွေ မကြာခန ကြားသိကြရ၏။
ယနေ့အချိန်အခါအရ ချစ်သူများနေ့လို့ သတ်မှတ်ကြသလား။
ထိုသည့်အတွက် ခေါင်းစဉ်အကြောင်းပြု၍ အချို့သော လူငယ်များ
ဟိုသွား၊ ဒီသွားလုပ်ကြသည်။
အခြေအနေအရ တည်းခိုခန်း၊ ဟိုတယ်တွေ လူစည်ကားကြ၏။
ထိုသည့်အခါ ကွန်ဆာဗေးတစ်မဟုတ်သည့် ဒီမိုအစိုးရမင်းများ ရှောင်တခင်ဝင်ရောက်စစ်ဆေးကြသည်ပေါ့။
လက်ထက်တော်ကြီးအစမှာ ဧည့်စာရင်းဥပဒေကို ဖျက်လိုက်ကြတာ သားမှတ်သားထားမိပါသည်။
ခြင်ထောင်လှန်စစ်တာ မခံနိုင်လို့ဟု အချို့က ဆိုဖူးကြသလား။
အခုကိစ္စက မျိုးစောင့်ဥပဒေကို ကန့်ကွက်ခဲ့သူတွေလက်ထက်ဆိုတာက
ပိုလို့တောင် ထူးဆန်းနေပါသည်။

တလောလေးက ၀က်တွေ တင်လာသည့်ကား သွားတားသည့် ဗီဒီယိုအား မှတ်မိကြသည် မဟုတ်လား။
တရားမ၀င်သယ်လာသည့်ဝက်များ စစ်ဆေးစဉ်မှာ အဖြဲခံလိုက်ရသည်လေ။
အင်္ကျီရော၊ တံဆိပ်ရောရှိတယ်၊ အီးစီ ဆိုတာက ဖေ့စဘုတ်မှာ အတော်ခေတ်စားသွားသည်ပေါ့။
ထိုမျှသာမက စစ်ဆေးသူမှာ ဆဲပြီးထိုးတာပါ ခံလိုက်ရသေး၏။
ယခုအခါ ထိုကိုကို၊ မများအား ပုဒ်မ ၂ ခုနဲ့ တရားစွဲခံလိုက်ရသည်။
တံဆိပ်ကိစ္စလည်း ဗဟိုကို တင်ပြထားသည်လို့ သိရ၏။
အစဉ်အလာအရ ပါတီဝင်အဖြစ်က ပယ်ဖျက်ပြီးသား ဖြစ်သွားနိုင်သလား။
သားက ချစ်လို့ စ တာဖြစ်ပါသည်။

သားတို့မြန်မာ ဆုအချခံရသည့်အရေအတွက်အရ မနည်းလှပါ။
သားတို့မာမားဆို ဆုပေါင်းရာကျော်မျှ ဆုချခံခဲ့ရဖူးသည်။
မလိုသည့်အခါ ပြန်ရုတ်သိမ်းတာတော့ ရှိတတ်သည်ပေါ့။
အခုလည်း အဖမ်းခံရသည့် အမျိုးကောင်းသား သတင်းထောက်များ
ဆုချတာ ခံကြရပြန်၏။
အန်ကယ်ဆမ်တို့နိုင်ငံအခြေစိုက် pen America အဖွဲ့က ဆုချလိုက်ပြန်သည်လေ။
သားမောင်မှတ်မိသမျှ အနောက်နိုင်ငံက ဆုချသူများ တည်ဆဲအစိုးရကို
ဒုက္ခပေးသူများသာ များပါသည်။
လိုရာကြိုးဆွဲနိုင်ရေး ဆုချသည်လို့ဘမြင်မိသည်ပေါ့။
မလိုသည့်အခါ ပြန်သိမ်းတာလည်း လုပ်တတ်ကြသည် မဟုတ်လား။
အထင်တစ်စက်ကလေးမျှ မကြီးပါလို့သာ ဆိုချင်ပါသည်။

လူတူသတ္တဝါတွေကိစ္စဆက်ပြီး ပြောချင်တာလည်း ရှိသေးသည်။
မြန်မာပြည်တွင်း ခိုးဝင်သောင်းကျန်းပြီး ပြန်အထွက်မှာ မြန်မာအတွက် သောကတွေသာ ချန်ခဲ့သည်မဟုတ်လား။
မျိုးတူသတ္တဝါများ၏ ခြိမ်းခြောက်မှုအရ သူ့နိုင်ငံဘက် သူပြန်ပြေးကြတာ သားတို့မြန်မာက ခါးဝင်နာပေးနေရသည်ပေါ့။
ထိုသည့် လူတူများကိစ္စ ကုလအထိရောက်အောင် ကြံဆောင်ကြတာ အောင်မြင်မှုရသည်လို့ ဆိုနိုင်၏။
မနေ့ဆီက ကုလလုံခြုံရေးကောင်စီမှာ ပြင်သစ်သံအမတ်မင်းက လူမျိုးတုန်းသတ်တာလို့ အပြစ်တင်စကား ပြောကြားသွားသည်လေ။
ဆွေးနွေးနေကြဆဲဖြစ်ပြီး မဲခွဲသည့်အခါမှာ ရလာဒ်အရ ဘယ်လိုထွက်လာနိုင်သလဲ။
နဂါးကြီးနှင့် ၀က်ဝံကြီးသာ အားကိုးရာလို့ ယူဆဖွယ်ရှိသည်ပေါ့။

ယနေ့အတွက် သတင်းတင်ဆက်တာ နားပါတော့မည်။
နောက်တစ်နေ့မှာ ပြန်ဆုံကြဦးမည် မဟုတ်လား။
အခုညတော့ နုတ်ဆက်ပါသည်။
ကျေးဇူးတင်ပါသည်။

1 upvotes 3 downvotes $0.00

Replies (1)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: