Community post
ကျောင်း
Sun Min Htun:
ကျောင်း..
ကျွန်တော်တို့ သိခဲ့တာ စာသင်ကျောင်း..ဘုန်းကြီးကျောင်း အဲ့ဒါတွေ စာသင်ကျောင်းမှာ စာသင်ခဲ့ကြတယ်။ ဘုန်းကြီးကျောင်းမှာ ဘုန်းဘုန်းပေးတဲ့မုန့်စားရတယ် ။အဲ့လိုတွေ နောက်တော့ ဘဝကျောင်းဆိုတာ ကျွန်တော်တို့ အရွယ်ရောက်တော့ သိလာကြတယ်။ ပြီးတော့ တက္ကသိုလ်ကျောင်း တဲ့ ကောလိပ်ကျောင်းတဲ့။ အားကာ ကျောင်းတဲ့..ကျောင်းတွေ ကျောင်းတွေ များတာလေ..
ဒါပေမဲ့ အခု ကျွန်နော်ပြောချင်တာ အဲ့ဒါတွေ တစ်ခုမှ မပါတဲ့ နွားကျောင်း ဆိတ်ကျောင်း သိုးကျောင်း ဘဲကျောင်း ..ဟီး..ဟီး..
ကျောင်းဆိုရင်ကတော့ ဘယ်လိုနည်းနဲ့ပဲကျောင်းကျောင်း အုပ်စုလိုက်ကြီးကို ထိန်းကျောင်းရတာပဲလို့ထင်ပါရဲ့..။ဆရာကြီးတစ်ယောက်ကို ဆရာခေါ် ဖိုးသိုးဖတ်သတ်ဖား မဟားဒရားဖား အဲ့လိုဖားကြတဲ့သူတွေက အထိန်းကျောင်းခံရတဲ့ ကောင်တွေ..။ သင်တော့ပေးတယ်..ပြီးတော့ ဆရာကြီးခေါ်ရ မျက်နှာချိုသွေးရ ကပ်ဖားတွေ ရပ်ဖားတွေ စားဖားတွေထဲက ဆရာကြီး ဆရာကြီး အခေါ်ခံရတော့လည်း ဆရာကြီးပေါ့လေ..။
ဆရာကြီး အခေါ်ခံဆိုမှ ကြားဖူးတာ တစ်ခုရှိတယ်။
ကြက်တူရွေးတစ်ကောင်က ဗမာစကားတတ်တယ် ။အဲ့တော့ သူ့ဈေးနှုန်းက တစ်သောင်း..ဒုတိယတစ်ကောင်က နှစ်သောင်းတဲ့ အဲ့ဒီတော့ သူက နှစ်သောင်းနဲ့တန်အောင် ဗမာစကားအပြင် အင်္ဂလိပ်ပါ တတ်သေးသတဲ့..။ ဟော နောက်ဆုံးအကောင်က သုံးသောင်းတဲ့ဗျာ။ သုံးသောင်းဆိုတော့ သုံးမျိုးတတ်မှာပဲနော်ဆိုတော့.. သူက စကားဘယ်နှမျိုးတတ်လဲတော့မသိဘူး အခုထိ သူပြောတာလည်း မကြားမိသေးဘူး..ဒါပေမဲ့ ဟို စကားတတ်တဲ့ နှစ်ကောင်ကတော့ သူ့ကို ဆရာကြီး ဆရာကြီး ခေါ်နေကြတာပဲ တဲ့..။
တချို့က သူများဆရာကြီးခေါ်လို့သာ မိန့်မိန့်ကြီး ထူးနေတာ စကားကပြောတတ်မပြောတတ်မသိဘူး..။ဆရာကြီးခေါ်လို့ ထူးနေတာနဲ့ အားလုံးရဲ့ဆရာကြီး ဖြစ်သွားတာပေါ့လေ..။
ဟိုဘာနဲ့တူလဲဆိုတော့ ဂျက်လီနဲ့ဂျက်ကီချန်းပေါင်းပြီးရိုက်ထားတဲ့ ဝူခုံးကားထဲက သိကြားမင်းကြီးက ခဏအာဏာလွှဲပေးလိုက်တာကို မကျေနပ်ချက် ဗရပွနဲ့ ဝူခုံးနဲ့ပြဿနာဖြစ်ရတဲ့ နတ်မင်းကြီးလိုမျိုးတွေ..။ အဟီး..ပြောရင်း လည်သွားကုန်ပြီ..
ကျွန်တော်ပြောချင်တဲ့ နွားကျောင်းဆိုတာ ဒီလိုဗျ.. တကယ်တော့ နွားဆိုတာမျိုးတွေက အင်အားကြီးတယ် ။ဒါပေမဲ့ လူဆိုတဲ့ လူသေးသေးလေးပေမဲ့ ငါ့သခင်ပဲဆိုပြီး ကြောက်နေရပြီး ခိုင်းသမျှခံနေရတယ်။ တချို့ဆိုးတဲ့အကောင်တွေကိုဆို သားသတ်ရုံပို့ပြီး ဒဏ်ပေးတော့ လည်း ခွန်အားသာကြီးတာ နွားကျောင်းသားကို မလွန်ဆန်နိုင်ဘူးလေ..နွားကျောင်းသားဆိုတာကလည်း ကြိမ်လေး တသသနဲ့ ဆိုတော့ လက်ထဲက ကြိမ်လေးကိုပဲ ကြောက်နေလို့လား..သားသတ်ရုံပဲကြောက်လို့လား ..ဒါမှမဟုတ် သူကျွေးတဲ့ ကောက်ရိုးခြောက်လေးကိုပဲ မက်မောနေလို့လားတော့ မသိဘူး နွားဆိုတာ နွားကျောင်းသားတွေကို မလွန်ဆန်နိုင်ကြလေဘူး..။
နွားကျောင်းသားဆိုတာ နွားအကြောင်းသိမှ နွားတွေကိုထိန်းကျောင်းနိုင်တာ။ ဆိတ်ကျောင်းသူလည်း ဆိတ်အကြောင်းကိုသိမှ ၊ ဘဲကျောင်းသူလည်း ဘဲအကြောင်းကိုသိမှ ထိန်းကျောင်းနိုင်တာလေ..
အင်း...ကျောင်းတဲ့အကြောင်းတွေပြောရင်း နွ၊းကျောင်းတာတွေ ဘဲကျောင်းတာတွေ ဆိတ်ကျောင်းတာတွေဖက်ကို ရောက်သွားမိတာပါ..။ ဆောရီး....
အခု ကျွန်တော် အပြန်အလှန်ထိန်းကျောင်းမှုဖက်လေး လှည့်လိုက်ပါအုံးမယ်..။ ဦးဆောင်သူကိုပဲ အလုံးစုံ မှီခိုလိုက်ခြင်းက ခုနက ပြောတဲ့ နွားကျောင်းတာတွေ ဆိတ်ကျောင်းတာတွေ နဲ့ သိပ်မကွာတော့ဘူးပေါ့..။ အစစအရာရာ ဦးဆောင်သူကပဲ စီမံခန့်ခွဲပြီး နောက်ကလိုက်သူတွေက လိုက်လုပ်ရုံဆို ခဏက ကျောင်းတွေနဲ့ သိပ်မထူးတော့ဘူးပေါ့..
ခေါင်းဆောင်ကလည်း နောက်လူတွေနဲ့ အပြန်အလှန်ဆွေးနွေးမယ်..ညှိနှိုင်းကြမယ်.။အဖြေရှာကြမယ် ဆိုရင် အပြန်အလှန်ထိန်းကျောင်းမှုစနစ်ဟာ..ခေါင်းဆောင်အပေါ်မှာချည်း မှီခိုမနေတော့တော့သိလို ခေါင်းဆောင်သူအတွက်လည်း တာဝန်သိပ်မကြီးပဲ ပေါ့ပေါ့ပါးပါး ဦးဆောင်နိုင်လာမှာပေါ့။
အဲ့ဒီအခါ ခေါင်းဆောင်သူဟာ စီမံခန့်ခွဲရုံနဲ့ လမ်းကြောင်းချပေးရုံလောက်နဲ့ နောက်လူတွေကို လက်တွဲခေါ်နိုင်ပြီး ခဏကပြောသလို နွားကျောင်းသလို ဘဲကျောင်းသလိုတွေ ဖြစ်မနေတော့ပဲ လူသားပိုဆန်လာမှာပေါ့..။
အဲ့ဒီအပြန်အလှန် ထိန်းကျောင်းမှုက တစ်ဦးနဲ့တစ်ဦး ပိုပြီးရင်းနှီးပွင့်လင်းစေပြီး လူတိုင်းရဲ့အတွေးအမြင်တွေကို ဖွင့်ချနိုင်တယ်..။ လူတိုင်းဆီက အတွေးတစ်ခုစီကို ပေါင်းစုပြီး အကောင်းဆုံးအဖြေကို ရှာနိုင်ကြမယ်..။ တစ်ဦးတစ်ယောက်ချင်းရဲ့ အရည်အသွေးတွေ တိုးတက်လာကြမယ်..ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ဖား တမ်း ကစားဖို့မလိုတော့ဘူးပေါ့..။
ဦးဆောင်သူကိုပဲ အလုံးစုံမှီခိုလိုက်တဲ့ နွားကျောင်း ဘဲကျောင်း ဆိတ်ကျောင်း စနစ်အစား ကျွန်တော့် kokomaung:
အြမင်မှာတော့ အားလုံးစုပေါင်းပါဝင်ကြတဲ့ အပြန်အလှန် ထိန်းကျောင်းတဲ့စနစ်က ပိုကောင်းတယ်လို့ ယူဆမိပါတယ် ခင်ဗျား..
အားလုံးကို ကျေးဇူးတင်ပါတယ်
photo credit -Google
Replies (16)
SMT 33
Smt37
Smt29 done
Smt40
Smt26
SMT 32
SMT23
Smt 21 done
SMT 25 Done bro
SMT-28
Done
SMT 30
SMT-34
SMT 35
SMT-24 done
smt 39
SMT 36 done bro.sorry for late.