4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

အချစ်တဲ့လား

မင်းကို ဦးဆုံးတွေ့ရှိတဲ့အခါ
အချစ်ဆိုတာ လှပခြင်းအဖြစ် ယုံကြည်ခဲ့..
သို့သော်..
အချစ်ဟာ ပါးလျလျလေး
တလွင့်တလူ ကကြိုးဆန်ဆန် ပျံသန်းတတ်လို့...
ဖမ်းဆုပ်ကိုင်လိုက်ဖို့ကလဲ နူးညံ့ကျိုးပဲ့လွယ်လွန်း...။

ရှင်သန်ပါဦးမလား..
တိတ်တဆိတ် ရင်မောမိပြန်...
နာကျင်ပါဦးမလား...
စွန့်လွှတ်လိုက်ရင် ဆက်ပြီးတွယ်ကပ်နေပါ ဦးမလား ချစ်သူ..
ဆုပ်ကိုင်ထားလိုက်ရင် အလိုက်တူ မင်းပြန်ဆုပ်ကိုင်ပါ့မလား...
ဝေခွဲမရ ပြန်....။

နာကျင်မှန်းသိလျက် ဇွတ်မိုက်ရဦးမလား...
ဝမ်းနည်းခြင်းတွေ မင်း ကြုံရဦးမလား....
မင်းရဲ့ လက်စုံတွေကြား
ငါပျော်မွေ့ကြောင်း သိရှိခဲ့ရ...
နှုတ်ကခဏခဏထွက်တဲ့ ချစ်တယ် စကားလုံးကို
မင်းရိုးအီသွားမှာ စိုးရ...
ထို စကားလုံးတိုင်းမှာ
ငါပြောချင်တဲ့ ခံစားချက်တွေနဲ့
ပြီးပြည့်စုံတယ်...
ငါကိုယ်တိုင်ဟာ ကျိုးပဲ့လွယ်လွန်း သိခွင့်ရခဲ့...။

ငါဟာ ပြည့်လျှံလွန်းတဲ့ ရင်ဘတ်နဲ့
သက်ပြင်းမောမောတို့ကို ချ...
မင်း ဘ၀မှာ
ကိုယ်ပိုင် ရွေးချယ်ခွင့်ထက်
မဆိုင်သူတွေရဲ့ ရွေးချယ်ခွင့်ဟာ ပိုလို့ အရေးပါခဲ့...
သိပ်ပြီး သူစိမ်းမဆန်ပါနဲ့လားကွယ်...
အချစ်ဆိုတာ တခါလာပြီးသွားရင် နောက်ထပ်ရောက်လာဖို့ခက်ခဲသမို့...
သိပ်ပြီး နွေမဆန်ပါနဲ့ လား ချစ်သူ..။

မိုးရေတို့ကို ငါတွေ့ရှိချိန်
သက်တန့်တန်းကို မင်းဆောင်ယူခဲ့....
အထီးကျန်တဲ့ ကမ္ဘာပတ်လမ်းမှာ
လမင်းအဖြစ် မင်းဝင်ရောက်လာခဲတော့
ငါ့ညတွေဟာ ပြီးပြည့်စုံခဲ့ရလေခြင်း...
အို... ချစ်သူ
မင်းရဲ့ ရှင်သန်ခြင်းအတွက်သက်သက်ကို
ကျေးဇူးတင်ပါရဲ့။ ။

မင်း.. ငါ့အတွက်
ကျိုးပဲ့လွယ် မရဲရင့်သေးတဲ့
ရင်ခုန်ခြင်းတွေကို ခေါက်သိမ်းလိုက်တော့...

ကြယ်တွေက ညဦးယံကို မေ့သွားကြသလိုမျိုး...
မင်းငါ့ကို မေ့သွားလိမ့်မယ်...
လမင်းဟာ သူ့ပတ်လမ်းကြောင်းကို မေ့သွားသလိုမျိုး
မင်းထွက်လို ထွက်သွား နိုင်..
ကမ္ဘာသေဆုံးသွားလဲ မင်းရွေးချယ်ခွင့်ကို
ငါဦးစားပေးခဲ့ကြောင်း
ချစ်သူ မင်းသိပါစေကွယ်။ ။

@kokyawzinphyo

13 upvotes $0.49

Replies (2)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: