4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

abs 2

Abs
မော်တာ ခိုင်းထားတဲ့ ပင်စတင်ကို လက်နဲ့ တွန်းကြည့်တော့မှ ခိုင်နေမှန်းသိတဲ့ အတွက် ဖြုတ်ပီးဆေးကြည့်ပါတယ် ပီးတော့ လက်နဲ့ တွန်းကြည့်ပါတယ် အဆင်ပြေသွားပါပီ မော်တာတပ် တိုက်ရိုက်မောင်းကြည့်ပါတယ်။အလုပ်တော့ လုပ်သွားပါပီ အကုန်ပြန်တပ် ဆီပြန်ဖြည့် ကားစက်နိုးပီး စမ်းတယ် မရပါဘူး တိုက်ရိုက်ကျော်ပီးမောင်းတယ်ရနေပါတယ်။
လုပ်ရင်လုပ်ရင် တစ်လုံးလုံး ကုန်တော့မယ် ဖြုတ်လိုက်ပြင်လိုက်နဲ့ စက်ပြားအပိုင်းကို လိုက်ရတော့မယ် အပြင်က ကာဗာကို အရင်ခွဲရပါတယ် အားလုံးပီးလို့ ပြန်တပ်အသုံးပြုရင် ရေမဝင်နိုင်တဲ့နေရာကနေ ခွဲရပါတယ်။အထဲဖွင့်ကြည့်တော့ သိပ်မလွယ်လှဘူး လုပ်ရမှာက အောင်နိုင်ခြေ ၅၀ ပါဘဲ ကားဆရာကို အခြေအနေ အရင်ပြောကြည့်ပါတယ် အားရစရာပါဘဲ ဆရာအဆင်ပြေအောင်ဘဲ လုပ်ပေးပါတဲ့ ကားဖိုးကုန်ကြစရိတ် အလှူရှင်မပေါ်သေးလို့ပါတဲ့ ပြင်မရလို့ရှိရင်လဲ လဲဖို့ ကုန်ကြငွေ ဆရာဘဲ အဆင်ပြေအောင်ခဏ စိုက်ထားပေးပါတဲ့ လုပ်ရတဲ့သူ အားအရမ်းတက်သွားပါတယ်။အိမ်ကဟာလေး အပေါင်ဆိုင်ရောက်ကိန်း ၁၀၀ ရာခိုင်နူန်းသေချာနေပါပီ။
ခွဲပီးတော့ အထဲမှာ relay နှစ်လုံးနဲ့ ic circuit တစ်ချပ်တွေပါတယ် ဖြုတ်ဖို့ အရမ်းခက်ခဲတဲ့ပုံစံပါ။အဆင်မပြေရင်လအသစ်လဲဖို့ ဈေးမေးကြည့်တော့ ဂျပန်ကျ ၁ သိန်း၆ သောင်းပါတဲ့ခင်ဗျာ။မရဲစွန့်ပီး စက်ပြားလမ်းကြောင်းကို သံဖြတ်လွှနဲ့ ဖြတ်ပီး relay ကို အရင်စစ်ဆေူကြည့်ပါတယ် အဖြေတွေ့ပါပီ relay တစ်လုံး ရှော့ ဖြစ်နေပါတယ်။ပုံစံတူ ဝယ်မရတော့ ဂျပန်ကျထဲက ဝယ်ပီး တပ်စမ်းလိုက်တာ လုံးဝကို အဆင်ပြေသွားပါတယ်။စက်ပြားဖြုတ်ထုတ်ထားတဲ့ ပတ်လမ်းတွေပြန်စက် အစားထိုး relay ကို အသေအချာ အထိုင်ချပီးတော့ drive test လုပ်ကြည့်တာ အားလုံး အဆင်ပြေသွားပါတယ်။ကားဆရာမျက်နှာကတော့ အချိုရည်ပုံးထဲ ကပြန်ထွက်လာသလိုပါဘဲ။

   MSU.032

credit photo google search image image image image image

32 upvotes $0.04

Replies (3)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: