4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

abs 3

Abs ၃ image image image
အားလုံး အလုပ်လုပ်ပီဆိုတော့ စက်နဲ့ထိုးပီး ကားမောင်းစမ်းကြည့်ပါတယ် ဘရိတ်စမ်းပီး ဖမ်းကြည့်ပါတယ် abs စနစ် အားလုံး ပုံမှန် အလုပ်လုပ်သွားပါပီ။
မရပါက ဂျပန်ကျ ဝယ်ရမှာပါ သူကလဲ ကံစမ်းမဲပါဘဲ မှာယူပး ရောက်လာလို့ အဆင်မပြေရင် ပြန်ပို့လို့ရပေမဲ့ ကားခ လမ်းစရိတ် အသွားအပြန် မချောင်ပါဘူး မြိတ်နဲ့ ရန်ကုန် တစ်ချမ်း ၁၅၀၀၀ လောက်လိုပါတယ်။တစ်နာရီ အတွင်းမှာ ၁၅ ကြိမ်ဖမ်းပီး abs အုံကို ပြန်စစ်ဆေးကြည့်ပါတယ် အပူချိန် မရှိပါဘူး။ကားဆရာကိုတော့ ပြောထားရပါတယ် အသစ်မလဲခင်ချိန်အထိ ထိန်းပီးမောင်းပါလို့ ကျွန်တော် ပြန်ထည့်ထားတဲ့ relay က သူအော် မဟုတ်တော့ သိပ်စိတ်မချရပါဘူး။အမြန်ဆုံးနည်းနဲ့ အဆင်ပြေနိုင်ဆုံးလမ်းကြောင်းကိုရွေးထားတာပါ ကားမပီးရင်လဲ လူနာတွေ အတွက် အရမ်း အခက်အခဲဖြစ်လို့ပါ။သူရဲ့ အပြစ်ကတော့ ဘရိတ်ဆီ မှားထည့်မိတာပါ ကျွန်တော်တို့ ဟိုအရင်ခေတ်ကကားတွေမှာ သုံးတဲ့ ဘရိတ်ဆီက ထူပါတယ် အခုခေတ်မော်ဒယ်မြင့် ကားငယ်လေးတွေမှာ သုံးတာက ပါးပါတယ်။ဆီအထူ အပါးကစတဲ့ ပြဿနာ ဆီထူထည့်မိတော့ ပင်စတင် မတွန်းနိုင်တဲ့ အတွက် အကုန် လျောက်ဖြစ်ကုန်တာပါ။ဒီစာလေးကို ဖက်မိတဲ့ အတွက် အသိပညာ ဗဟုသုတ တိုးပွားမယ် Abs အတွက် ပါဝင်လှူဒါန်ချင်ပါတယ်ဆိုရင်တော့ ကျွန်တော် ရေးရကျိုး နပ်ပါပီ ခင်ဗျာ။အလှူငွေကတော့ မိမိတို့နိုင်သလောက်လေးပါဘဲ ခင်ဗျာ ကျွန်တော့်ဆီကနေ တစ်ဆင့် လှူနိုင်ပါတယ် လို့ တိုက်တွန်း လိုက်ရပါတယ် ခင်ဗျာ။

   MSU.032
32 upvotes $0.04

Replies (4)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: