4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

ခုမှသိတယ်

DSC_2808.JPG
စက္ကန့်ကို မိနစ်က စား မိနစ်ကို နာရီက စား နာရီကို ရက်က စား ရက်ကို လက စား လို့လာလိုက်တာ ပူပင်းလွန်းသဖြင့် ရွက်ဟောင်းတွေ ကိုယ်စီ မြေခရတဲ့ နွေရာသီ လက်နက်ချအရရှုံးပေးရတဲ့ မိုးဦးခါစ ဝသန္တဝယ် ကောင်းကင်တခွင်လုံးမှာ လျပ်တပျက်ပျက် တိမ်တွေထူထပ်လျက် မိုးပုလဲတွေ တဖွေးဖွေးကြွေသက်ဆင်းလျက်ရှိနေလေ၏။ ထိုအချိန်က ည၁၂း၀၀နာရီဝန်းကျင် ဖြစ်လေသည်။
IMG_23889101899824.jpeg
ညအချိန်မို့လို့ ဓါတ်မီးတလက် လှေတစင်းနဲ့ မြစ်ထဲမှာ ဘဝသမားလေး တစ်ယောက် ငါးဖမ်းနေလေ၏ ရွာမှာဆို အလုပ်ကနည်းပါးလှသဖြင့် မိသားစု ဝမ်းရေးအတွက် သူ့အသက်မပါ ကိုယ့်အသက်မချမ်းသာဆိုသလို နေစဉ်နဲ့အမျှ မိုးနဲ့လေကို အဖော် သဟာပြုလျက်ရှာင် လှေကလေးတစ်စင်းနဲ့ ငါဖမ်းထွက်ရလေ၏။
ငါးတွေရလာတော့ ရွာကိုပြန်လှည့်ပြီး မနက်မိုးလင်းတာနဲ့ ရလာတဲ့ငါးတွေထဲက ကိုယ်စားမဲ့ မကောင်းတဲ့ငါးတွေ ချန်ပြီး အကောင်းစားငါးတွေကို ဝယ်မယ့်သူဆီလိုက်ရောင်းရပါတယ်။ ဘာဖြစ်လို့ဆိုတော့ ငါးကောင်းမှဈေးများများရမှာကို တံငါသည်ငါးကောင်းမစားရတာ ဒါကြောင်းထင်ပါရဲ့ ။သူ့မှာ၅နှစ်အရွယ် သားလေးတစ်ယောက်ရှိလေ၏။ ငါးရောင်းပြီး အိမ်ကိုပြန်ရောက်တဲ့အချိန်မှာ သူ့သားလေးငိုနေတာကိုတွေ့မိလေ၏။ သူက သူ့မိန်းမကို "မိန်းမရယ် ကလေးဘာလို့ငိုနေတာတုန်း"လို့ မေးလိုက်တဲ့အခါ သူ့မိန်းမက ပြန်ပြောလိုက်တယ်"ရှင့်သား အကြောင်းမသိတာကျနေတာပဲ"လို့ စိတ်မရှည်စွာနဲ့ ပြန်ပြောလိုက်တယ်။ ကလေးဆိုတော့ မိဘမှာ ရှိမှန်းမသိ မရှိမှန်းမသိ အလိုမကျရင် သူလိုချင်တာမရရင် ငိုကြတာပဲလေ။ ဒါနဲ့ သူက ကလေးခေါင်းကို လက်ကလေးတင်ပြီး"သားသား ဘာလိုချင်တာတုန်း"လို့မေးလိုက်တယ်။ သားကပြန်ပြောတယ် "သားသား ဘော်လုံး လိုချင်တယ် သားသားကိုဘော်လုံးဝယ်ပေး"လိုပြောလိုက်တဲ့အခါ သူက သားတစ်ယောက်တည်းဆိုတော့ အလိုလိုက်တယ်ပေါ့လေ "အေးပါ သားရယ် ဖေဖေဝယ်ပေးပါ့မယ် နောက်ဆို သားမငိုရဘူးနော် သားသားလိုချင်ရင် အဖေ့ကိုပြော"လို့ဆိုပြီး ချော့သိပ်လိုက်တယ်။ သူ့မိန်းမ ကတော့ ထမင်းတွေ ဟင်းတွေချက် ပြီးတာနဲ့ မိသားစုသုံးယောက် ပျော်ပျော်ရွှင်ရွှင်ထမင်းတွေ စားကြတယ်ပါတယ်။ ထမင်းစားတဲ့အခါ သူက သူ့မိန်းမကို ပြောလိုက်တယ်"မိန်းမရယ် ငါ့ကို ငါးခေါင်းတွေထည့်ပေး"လို့ပြောလိုက်တယ် သူမိန်းမလည်း သူပြောသလို ငါးခေါင်းတွေထည့်ပေးလိုက်တယ် သားဖြစ်သူက မျက်နှာပျက်ပြီးတော့ အဖေ ကတော့ သူပဲအကောင်းတွေစားပြီး ငါတို့ကိုကျ မကောင်းတာတွေပဲပေးတယ် လို့စိတ်မကောင်းစွာနဲ့ တွေးနေမိတယ်။ ထမင်းစားပြီးတာနဲ့ နည်းနည်းနားလိုက်တယ် ပြီးတော့ ညငါးဖမ်းဖို့ အတွက် အဆင့်ဖြစ်အောင် လိုအပ်တာလေးတွေ ပြင်ဆင်လိုက်တယ်။ ဒီလိုပဲ နေ့စဉ်ပုံမှန်တိုင်းပေါ့  ညငါးဖမ်းထွက်လိုက် ရောက်လာရင်ငါးပြန်ရောင်းလိုက်နဲ့ တချိန်တွေ တဖြေးဖြေးနဲ့ ကုန်းဆုံးသွားလိုက်တာ သူ့သား အရွယ်ရောက်လာလေ၏။ အရွယ်ရောက်လာတော့လဲ အားနေရင် သူ့အဖေကိုကူညီပေးမယ်လို့စိတ်ကူးလေးမတွေးမိခဲ့ဘူး။
10.jpg
ပညာရေးကိုလည်း စိတ်မဝင်စားတဲ့အပြင် သူငယ်ချင်းအပေါင်းသင်းတွေနဲ့ ထန်းတောထဲမှာပဲပျော်မြူးနေခဲ့တယ်။ သိပ်မကြာပါဘူး ဟိုလိုလိုဒီလိုလို တနေ့မှာ နဖူးစာရွာလှည့်ဆိုသလိုမျိုး ရွာကကောင်းမလေးတစ်ယောက်နဲ့လက်ထပ်ခဲ့တယ်။ အလုပ်ကိုသာ လက်ကြောမတင်း ဖူးစာပါလာတော့လည်း သူကိုကြိုက်မဲ့ သူတွေကရှိသေး။ :) ဒီလိုနဲ့ သူတို့မှာ သားယောင်္ကျားလေးတစ်ယောက် ပိုင်ဆိုင်လာခဲ့တယ်။ သားလေးကို အရမ်းလည်းချစ်ကြတယ် အလိုလည်းလိုက်ကြတယ်။သူ့သားလည်းသူ့အတိုင်းပါပဲ နွဲ့ဆိုးဆိုးတယ်။ သားကိုချစ်တဲ့ အချစ်တွေကြောင်းပဲ သူ့စိတ်တွေ တဖြေးဖြေးနဲ့ ပြောင်းလဲလာခဲ့တယ်။ အိမ်ထောင်းဦးစီးပီပီ အလုပ်ကြိုးစားချင်စိတ်တွေ တစ်နေ့ထက်တစ်နေ့ ကြီးထွားလာခဲ့တယ်။ ပညာကလည်း ၁၀တန်းတောင်မရောက်ခဲ့ဘူးဆိုတော့ ငါးဖမ်းဖို့ပဲ ဆုံးဖြတ်ခဲ့တယ်။သူလည်းသူ့အဖေ အတိုင်းပဲပေါ့ နေ့တိုင်း ညဆို လှေကလေးနဲ့ ငါးဖမ်းထွက်တယ် မနက်မိုးလင်းတော့ ရလာတဲ့ ငါးတွေရောင်းပြီး အလုပ်ကိုမငြိုငင်မှုကင်းမဲ့စွာနဲ့ ကြိုးစားလာခဲ့တယ်။ တနေ့မှာ ငါးတွေရောင်းလိုက်တာ သူတို့စားဖို့ ငါးတစ်ကောင်ပဲကျန်တော့ အဲ့ဒီတစ်ကောင်ကို သူ့မိန်းမက သုံးပိုင်း ဖြတ်ပြီးချက်လိုက်တယ်။
maxresdefault.jpg
ထမင်းစားချိန် ရောက်တဲ့အခါ သူက "ငါးအခေါင်းပိုင်းကို ငါ့ကိုထည့်ပေးလို့" သူမိန်းမကိုပြောလိုက်တယ် သူမိန်းမလည်း သူပြောတဲ့အတိုင်းထည့်ပေးလိုက်တာပေါ့ အဲ့ဒီအချိန်မှာ သူစဉ်းစားတယ် ငါငယ်ငယ်တုန်းက ငါ့အဖေ အမေ့ကို ခဏခဏ ငါးခေါင်းထည့်ခိုင်းတာ ဘယ်လောက်တောင်ကောင်းလို့လဲ လို့စဉ်းစားပြီး ငါးအခေါင်းကို ကိုင်ကြည့်လိုက်တာ ငါးခေါင်းမှာ ဘာအသားမှမပါတဲ့အပြင် အရိုးတွေချည်းပဲ အဲ့ဒီအခါကျမှဖေဖေ ငါးခေါင်းတွေ ဘာကြောင့်ကြိုက်လဲဆိုတာ ခုမှသားသိပါပြီဖေဖေ။ သားသမီးကောင်းစားဖို့အတွက် ဖေဖေ အနစ်နာခံခဲ့တာပါ သားတို့အပေါ်ဖေဖေဟာ ဘယ်လိုမေတ္တာမျိုးတွေ ထားခဲ့လဲဆိုတာ ခုမှ သားသိပါပြီးဖေဖေဆိုပြီး ငိုယိုနေခဲ့တယ်။
images (7).jpg
မိဘတွေချစ်တဲ့ အချစ်ကြီး မျိုးတွေ ဘယ်မှာရှိနိုင်ပါအံ့နည်း။ မိဘမေတ္တာတွေဟာ အစုန်သာရှိပြီး အဆန်မရှိပါဘူး။ လောကမှာ မိမိကို မိဘ လောက်ချစ်မဲ့သူမရှိနိုင်ပါဘူး။လို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါသည်။ မိဘမေတ္တာကို နားလည်ပြီး သားလိမ္မာ သမီးလိမ္မာများဖြစ်နိုင်ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။
1504712547117.gif
Photos from google
Written by @konaing

87 upvotes $1.86

Replies (8)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: