4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

ဘဝသံသရာ

ဘဝ

Steemitမှာစာရေးရတာကလည်း ပျင်းစရာ ဘာရေးလို့ရေးရမှန်းမသိ တစ်ပတ်ကို post တစ်ခုတင်နိုင်ဖို့ နေသာသာ။ ခုဆို post မတင်ဖြစ်တာနှစ်လတောင်ကျော်ရော့ပေါ့။ ကျွန်တော်က နယ်သားဗျ ရန်ကုန်မှာ ကျောင်းတက်နေရတယ်ဆိုပါတော့။ နယ်ဆို ရွာသားပေါ့ဗျာ။ စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ရေကန်သာရွာ လေးဖြစ်ပါသည်။ အခု ရွာက အဖြစ်အပျက်လေးနဲနဲလောက်ရေးစမ်းချင်ပါရဲ့....

မိုးစင်စင်လင်းပြီ။ ရွာဆိုတာထက် လောကတစ်ခုလို့ပဲဆိုရမလား အမှောင်မရှိ မနက်အလင်းက ဝါဖန့်ဖန့် နီကြန့်ကြန့် ကျွန်တော်တို့ ရွာကလေး သက်ဝင်လှုပ်ရှား လာလေသည်။ ရွာဆိုသည့်အတိုင်း ရွာဓလေ့တောဓလေ့ မိမိစားဝတ်နေရေး လှုပ်ရှားလာသည့်အတွက် ဆူညံ့ဆူညံ့ဖြစ်လာသည်။
"ဒီပိုင်းက မုန့်ကြီးပေါင်း မုန့်ကြီးပေါင်း"
ဒေါ်လှအေးသည် မနက်လင်းသည်နှင့် မုန့်ကြီးပေါင်းရောင်းသည်မှာ ပုံမှန်ပင်ဖြစ်သည်။ ဒေါ်လှအေး၏ မုန့်ကြီးပေါင်းမှာ ရွာတွင် အလွန်နာမည်ကြီး၏။ ရွာသူရွာသားတိုင်း ဝယ်စားလေ့ရှိသည်။ ဒေါ်လှအေးတို့သည် မိသားစု သုံးဦးသာရှိသည်။ ယောက်ျားမှာ အလုပ်မလုပ်အရက်သောက်၍ အမြဲတမ်းမူးနေတတ်သည်။ မောင်သာချိုဆိုတော့ ကလေးမှာ ၈ နှစ်သားအရွယ်သာရှိ၍ မလတန်းတက်ရမည်ဖြစ်ပါသည်။

"ဒေါ်လှအေးနေပါအုံးဗျို့ မုန့်ကြီးပေါင်းတစ်ထုပ်"
"ကျုပ်ကိုလည်း တစ်ထုပ်"
"သမီးကိုလည်း တစ်ထုပ် " "ငါ့ကိုလည်းတစ်ထုပ်ဟေ့ "
ဒေါ်လှအေး၏ မုန့်ကြီးပေါင်း ရောင်းကောင်းနေသည်။ လူရှင်းသွားတော့မှ ကျွန်ဒေါ်လှအေးနားကပ်ပီးစကားပေါမိသည်။
"ဒေါ်လှအေး အဒေါ့်မုန့်ကြီးပေါင်း ဒီလောက်ရောင်းကောင်းတာ ဟိုဖက်ရွာထိ လိုက်ရောင်းပါလား။ နောက်ပြီး နှစ်လုံး မထိုးပဲမနေနိုင်ဘူးလား အဒေါ်ရယ်။
"အေးပါ ရန်ကုန်သားရယ် ဟိုဖက်ရွာအထိ တစ်ခါတစ်လေ ရောင်းပါတယ် နင်ပြောတဲ့ နှစ်လုံးကိစ္စလည်း အမြဲမထိုးပါဘူး တစ်ခါတလေပါ။ " ဒေါ်လှအေးမှာ နှစ်လုံးထိုးဝါသနာကြီးသည်။ မရှိ၍မထိုးသော်လည်း ရှိသည့်အခါ အကုန်ပုံအောတတ်သည်။
"ဒီမှာ ရန်ကုန်သားနင့်မို့ ငါပြောပြသာ ညကအိမ်မက်ပေးတယ် ငါပေးတဲ့ဂဏန်း ထိုးလိုက်ဦးနော်"
"ဒီပိုင်းက မုန့်ကြီးပေါင်း "
"ဒီပိုင်းကမုန့်ကြီးပေါင်း"
ဒေါ်လှအေး၏ မုန့်ကြီးပေါင်းရောင်းသံတဖြည်းဖြည်း တိုးတိတ်စွာ ဖြင့်...

"ကတောာက် ဒီမိန်းမ ဒီနှစ်လုံးမထိုးပါနဲ့ပြောထားတာကို"@^#&@#^#@ ဒေါ်လှအေး၏ ယောက်ျားမူးမူးနှင့် ဆဲသံများဆူဆူညံ့ညံ့။
ထိပ်စီးမတူ နောက်စီးလွဲသွားသောကြောင့် ဒေါ်လှအေးသည် နှစ်လုံးမပေါက်သည့်ကြားက အရက်သမားယောက်ျား၏ ဆဲရေးတိုင်းထွားမှုများကို ပြန်လည်တုန့်ပြန်လိုက်သည်။
"ဒီမှာ ကိုသားအေး ရှင်းသာ တစ်နေကုန်မူးရူး အိမ်အတွက်တပြားမှ မရှာပေးပဲ....%#&#**#(#"
ပညာမတတ်ဆင်းရဲသော မိသားစုသည် ဤသို့ဆူညံ့စွာ ရန်ဖြစ်ကြသည်မှာ မဆန်းတော့ပေး....'
ဒေါ်လှအေး၏ သားလေး မောင်သာချိုမှာ မိဘနှစ်ပါးနှစ်ပါးရန်ဖြစ်တိုင်း စိတ်ဆင်းရဲရ မျက်ရည် စက်စက် ဝဲလည်ဝဲလည်ဖြင့်.............
images.jpeg
Image from google

9 upvotes $1.46

Replies (1)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: