4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

သိစေချင်ကြောင်း

သိစေချင်ကြောင်း

https://img.esteem.ws/vaysv7hufc.jpg

အားလုံးပဲ မင်္ဂလာပါ။ steemit မှာ စာမရေးဖြစ်တာလည်း ကြာခဲ့သလောက် မအားသည်က တစ်ကြောင်း ကျောင်းတစ်ဖက်ကရှိသေးသည်က တစ်ကြောင်း ယခုဆို MSO ကိုမအူမလည်ရောက်လည်ခဲ့သည်ဆိုပါတော့။ ဆိုတော့ steemit အကြောင်းပေါက်ပေါက်ဖောက်ရရင် တစ်ထောင့်တစ်ည ပုံပြင်လို ရှည်ကောင်းရှည်ပါလိမ့်မယ်။ MSO သို့ရောက်ရှိလာသော member များအနေဖြင့် ယခုလောလောဆယ်ထိတော့ အရမ်းကိုတက်ကြွစွာ steemit ကိုမျော်လင့်နေကြမည်။ တက်ကြွစွာ post တွေရေးရင်း voting ပေးဖို့စိတ်အားထက်သန်နေမည်မှာ အသေအချာပင်။ New Member ပဲဖြစ်စေ Old member ပဲဖြစ်စေ steemit အကြောင်း မသိသေးသူများနေလိမ့်မည်။

ထိုသို့မသိသေးသူများအနေဖြင့် steemit acc ကို create လုပ်ပီး post မည်သို့တင်ရမည်ကိုလည်း သို့သော်လေ့လာ သိရှိပီးဖြစ်ပါမည်။ သို့သော် မည်သို့သော post ကို create လုပ်ရမည်ကို သတိမထားတတ်ကြချေ။ steemit platform တွင် မိမိအကောင့် create လုပ်ပြီးသည်နှင့်တပြိုင်နက် steem blockchain မှာ ဤအကောင့်မှာ ရာသာပန် တည်ရှိနေပါမည်။ ထို့ကြောင့် မိမိအကောင့်သည် မိမိတင်သမျှ ရာသက်ပန်တည်ရှိနေတော့မည်။ steemit platform တွင်ရောက်ရှိနေသောသူများငည် မိမိအကြောင်း အမျိုးမျိုး ရေးတင်ကြလေ့ရှိသည်။ ထို့ကြောင့် မိမိအကောင့်သည် မိမိသမိုင်းကို ဖော်ပြသည့်အနေအထား ရောက်ရှိနေတော့သည်။ မိမိသမိုင်း မိမိရေးသည်ဖြစ်၍ မည်သို့သော အကြောင်းအရာများကို ရေးမည်နည်း။ လွန်စွာအရေးကြီးပါသည်။ မိမိသမိုင်းမိမိမရေးခင် မိမိ၏ Biography သည်အရေးပါလှသည်။ ဆိုလိုသည်မှာ steemit platform တွင်ပထမဆုံးသော တင်သောပို့စ်သည် မိမိအကြောင်းကို ဖော်ပြထားသောအကြောင်းအရာ သာဖြစ်သင့်ပါသည်။

ဤအကြောင်းအရာကို steemit တွင် introduction ဟုဖော်ပြကြပါသည်။ ထိုကြောင့် steemit သို့စတင်ဝင်ရောက်သူတိုင်း တခြားမည်သည့်အကြောင်းအရာများကိုမတင်မှီ #Introduceyourself post ကိုအရင်တင်စေချင်သည် ထို post သည် မိမိ steemit တွင်အမှန်တကယ် လုပ်ကိုင်နေကြောင်း ပုံတစ်ပုံကိုလည်း ထည့်သွင်းစေချင်သည်။ ဖြစ်နိုင်ရင် Eng လိုရော မြန်မာလိုပါရေးစေချင်သည်။ မိမိ၏ Intro post သည် လွန်စွာအရေးကြီးသည့်အလျှောက် sbd လည်း intro တွင်များစွာရရှိတတ်ပါသည်။ intro အကြောင်း နာမူနားများကို အောက်ပါlink တွင်ကြည့်ရှုနိုင်ပါသည်။
https://steemit.com/trending/introduceyourself
Intro post တွင် introduceyourself tag ကိုပါအောင်ထည့်ပါ။

@konay1997

18 upvotes $2.11

Replies (2)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: