4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

နောက်ဆုံး

ကြိုးလို့ကြား လိုက်ရင်
ကိုဂျင်မီ ကိုသတိရတယ် ...
လမ်းမ ဘေး ဂျင်းပန်အပြာဖျော့မြင်ရင်
ကိုကေဇဝင်း များလား ငေးငူမိ ...
ကိုခက်သီကြီး နှလုံးသားလှသလောက်
စစ်ကြောရေးရဲ့ ချုပ်ကြောင်းတွေကြောင့်
အသေမလှနိုင်ခဲ့ ...
လေပိုက်ပျော့မြင်ရင်
ကျောပိုနာတယ် ...
လက်မမြှောက်ခဲ့ပေမယ့် ထောက်ခဲ့ရတဲ့ဒူးတွေက
ဆိုဖာပေါ်မှ မဟုတ်ပဲလေ ...
မြစ်ကမ်းစပ်က ကျောက်စရစ်ခဲ
ဒူးထဲဝင်မှာကြောက်တယ် ...
ရင်ထဲက အစိုင်အခဲ နှစ်အနည်းငယ်နဲ့
အနည်ကျနိုင်ပါ့မလား ...
နောက်ဆုံးပွဲမို့ နောက်ဆုံးရုန်းကြမယ်
​နောက်ဆုံးမိနစ်ထိတိုင်ပေါ့ ..

               စိုင်းအယ်ပြည့်

(ဒီကဗျာကို စိုင်းလောဝ်ကလောင်နာမည်နဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ facebook acc ကနေတင်ခဲ့ဖူးပါတယ်)

3 upvotes $0.02

Replies (1)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: