4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

လက်စားခြေခွင့်

image
ညောင်ပင်စုရွာပြင်မှာ တည်ရှိနေတဲ့ အုပ်ဂူဟောင်းလေး
ကို လူတယောက် လေးကန်တဲ့ ခြေလှမ်းများဖြင့် တရွေ့ရွေ့လာနေသည်ကို
တွေ့ရလေသည် ထိုသူရဲ့ ထူးခြားချက်မှာ တန်ဆောင်တိုင် လပြည့်နေ့ တရက်ထဲတာ
ထိုအုပ့်ဂူရှိရာသို့ လာလေသည် ဒီနေ့ကား
တန်ဆောင်တိုင် လပြည့်နေ့ည ထုံးစံ အတိုင်း
အုပ့်ဂူဟောင်းလေးပေါ်ကို ပန်းစည်းလေးချပြီး သန့်ရှင်းရေး
ကို ဖြေးညှင်းစွာ လုပ့်နေလေသည် ( ငတေ အသက် ၂၂ နှစ် )
တိုင်ဆောင်တိုင် လပြည့်နေ့တွင် ကွယ်လွန်သည် ''
ရေးထိုးထားသော အုပ့်ဂူပေါ်က စာလေးကို မှင်သက်စွာ ငေးမိသည်''
'' မောင်ရင် '' နောက်က ခေါ်သံကြောင့် ရုတ်တရက် လှည့်ကြည့်မိလိုက်သည်
အသက် ၅၅ နှစ်ခန့်ရှိတဲ့ လူကြီးတယောက်ကို တွေ့လိုက်ရသည် ''
''ဗျာ ဦးလေး '' မောင်ရင့်ကို ဦးလေး နောက်က ကြည့်နေတာကြာပြီ''
မောင်ရင်က သေသူ ''ငတေ''နဲ့ သိလို့လား '' ဟူး ''
သက်ပြင်း တချက်ချလိုက်ပြီး'' သေသူငတေကို ကျွန်တော် မသိပါဘူး
သူဘယ်ကမှန်းလဲ ကျွန်တော်မသိဘူး သူ့ကို တခါထဲသာ မြင်ဘူးတာပါ''
အဲ့ဒီ့တခါတည်း ကလဲ !!!!!!!! '' စကားသံက တိမ်တွင် ပျောက်ကွယ်သွားလေသည် ''
အင်း ဆက်ပြောပါအုန်း မောင်ရင် ''
'' ဒီလိုပါ ဦးလေး ကျွန်တော့နာမည်က ညီသုတပါ လွန်ခဲ့တဲ့
၅ နှစ်ခန့်က ဒီရွာက ဘုရားပွဲကို ကျွန်တော့သူငယ်ချင်းနဲ့ အတူရောက်လာခဲ့တယ်
အဲ့ ဘုရားပွဲမှာ '' ဗေဒင်ဆရာမ ဒေါ်ဆန်းရီ ဆိုတာ အရမ်းမှန် လို့ အတော် နာမည်ကြီး
ခဲ့တယ် '' ကျွန်တော်သူငယ်ချင်းက ဗေဒင်သွားမေးဒါကို ကျွန်တော်က အဖော်အဖြစ်
လိုက်သွားပေးခဲ့တယ် '' ကျွန်တော့ သူငယ်ချင်းက ဗေဒင်မေးပြီးတော့
ကျွန့်တော့ကို
'' အောင်ကျော် မင်းလဲ သွားမေးလေ သွား အထဲမှာ လူရှင်းနေတယ် ''
ဟာကွာ ငါကမှ ဗေဒင်မေးဒါ ဝါသနာ မပါတာ '' '' မင်းကလဲကွာ အပျင်းအပြေဖြစ်ဖြစ်
မေးလိုက်ပါ ဒီဆရာမက အရမ်းမှန်တာကွ ငါ့ကို ဟောလိုက်တာတွေက အားလုံးကွတ်တိတွေ
ချည်းဘဲ '' ကျွန်တော်လဲ ဘာရယ်မဟုတ် သူငယ်ချင်း တိုက်တွန်းလို့ အထဲကို ဝင်မေးဖြစ်တယ်
ဆရာမရှေ့ကို ထိုင်လိုက်တယ် ဆိုရင်ဘဲ '' မောင်ရင်နာမည်က ညီသုတ်ထင်တယ်
မောင်ရင့်မှာ ဇနီးရှိတယ် ပြီးတော့ ဖုန်းရောင်းဝယ် လုပ့်တယ် ဟုတ်စ ''
'ဗေဒင်ပညာကို အယုံအကြည်မရှိတဲ့ သူမို့
''အဟက်ဟက် ဒီမှာဆရာမ အမှန်အတိုင်း ပြောရရင် ကျွန်တော်က ဗေဒင်ပညာကို
လုံးဝအယုံအကြည်မရှိဘူး ''' ဗေဒင်ပညာဆိုဒါ စုံထောက်ပညာလိုဘဲ '' လူတယောက်ကို
သေခြာ လေ့လာပြီး အမူအရာကြည့်ပြီး ဟောကြတာ များတယ် ''
ဒီမှာဆရာမ ကျုပ့် အနာဂဏ် ဘာဖြစ်မယ်ဆိုဒါကိုဘဲ ဟောပေး ''
'' ကောင်းပြီလေ '' ဆရာမ မင်းရ့ အနာဂဏ်ကို တည့်တည့် ကြည့်ပြီး
ကောင်းကောင်းဟောဟော ဒဲ့ဟောမယ် '' ဗေဒင်ဆရာမက ၅ မိနစ်ခန့် အာရုံပြု
တွတ်ချက်ပြီး '' မောင်ရင် မောင်ရင့် မိန်းမ ခင်ဝင့်ဝါံ ဒီတလအတွင်း သေလိပ့်မယ် ''
မောင်ရင့်ဇာတာလဲ အရမ်းညံ့နေတယ် မောင်ရင် လဲ တန်ဆောင်တိုင် လပြည့်နေည မှာ
သေလိပ့်မယ် မောင်ရင်ကို သေစေမဲ့ အရာက သံပိုက်ချောင်းနဲ့ တူတဲ့ အဝတခုကို
ဆရာမ မြင်တယ် အာရုံခံကြည့်ရသေလာက်ကတော့
'' ကောင်းပြီလေ ဆရာမဟောလို့ ပြီးပြီလား ဒါဆိုရင် ကျုပ့်ပြန်မယ် ''
ဟုတ်မဟုတ် မှန်မမှန် စောင့်ကြည့်ဦးမယ်
ဆရာမ မမှန်ဘူး ဆိုရင် ဆရာမစီ တခေါက်ပြန်လာပြီး
သက်သေပြရမယ် ''
'' အင်း ကောင်းပါပြီကွယ် ''
'' ကိုင်း ကျူပ့်ပြန်ပြီ ''

ဆိုပြီး ကျွန်တော်လည်း အိမ်ကိုသူငယ်ချင်းနဲ့ ပြန်လာခဲ့တယ် ဦးလေးရယ်
ဆရာမ ဟောလိုက်တဲ့ ဟာကို လုံးဝကို အယုံအကြည် မရှိပါဘူး
အိမ်ရောက်တော့ တလတောင် မပြည့်ပါဘူး ကျွန်တော့မိန်းမ ခင်ဝင့်ဝါ ဆုံးတယ်
မြွေကိုက်ပြီးတော့ '' ကျွန်တော် အရမ်း တုန်လှုတ်သွားတယ် '' ဆရာမ ဟောထား
သလို တကယ့်မှန်နေပြီ'' ကျွန်တော် သေရမှာ မကြောက်ပါဘူး ဒါပေ့မဲ့ တန်ဆောင်တိုင်
လပြည့်နေ့ ရောက်တိုင်း ကျွန်တော့် သေမဲ့ရက်ကြီးလို ဆိုးထိပ့်ကြောက်လှန့်နေတယ် ''
ပြီးခဲ့တဲ့ ၃ နှစ်ခန့်က ဒီညောင်ပင်စု ရွာလေးကို အလုပ်ကိစ္စ နဲ့
ရောက်လာခဲ့တယ် ''မှတ်မှတ်ရရ အဲ့နေ့က မိုးတွေ အတော်ရွာနေတယ်လေ
ပြီးတော့ တ န်ဆောင်တိုင် လပြည့်နေ့ ပေ့်ါ ကျွန်တော်က ကားကို ဂျွုပ့်ခွက်တွေ မြောင်းတွေ
ရှောင်မောင်းနေရင်း ဟော ဟောတောစက်လေးအရောက်မှာ လူတယောက် ခြုံကွယ်ကနေ
နှစ်လုံးပြူး သေနပ့်တလက် ကိုင်ပြီး ရုတ်တရက် ထွက်လာရော '' ကျွန်တော်လဲ
တိုင်ဆောင်တိုင် လပြည့်နေ့ သံပိုက်းအဝနဲ့ သေမယ်ဆိုတဲ့ ဆရာမ စကားကို ရုတ်တရက်
ပြန်ကြားရောင်ပြီး ကားကိုအရှိန်မြင့်ပြီး အဲ့ဒီ့သေနပ့်ကိုင်ထားတဲ့ လူငယ်ကို
အသေတိုက်ချလိုက်မိတယ် ''
''ညီသုတ သက်ပြင်းအရှည်ကြီးတခု မှုတ်ထုပ့်ပြီး
''ဟူးးးးးးးးးး ''
အခုကျွန်တော်ပြောဒါတွေက အားလုံးအမှန်တွေပါဘဲ
ဦးလေး ရဲတိုင်ခြင်လဲ တိုင်လို့ရတယ် ကျွန်တော်အဖမ်းခံရမှာကိုလဲ မကြောက်တော့ပါဘူး ''
စကားစ ပြက်ပြီး အုပ့်ဂူလေးကို အကြောင်းမဲ့ ပြန်ငေးမိလေသည် ''
'' ဖြောင်း '' ဂေါင် '' အားးးးးးးးးးးးးးး ''
ညီသုတရဲ့် နောက်စိတည့်တည့်ကို သုံးပေခန့်ရှိတဲ့ သုံပိုက်ဖြင့်
နောက်က ဦးလေးကြီးက အားကုန်လွှဲရိုက်ခြလိုက်လေသည် ''
မြေပြင်ပေါ်သို့ တချက်ခန့်သာ အော်နိုင်ပြီး လဲကြသွားသော
ညီသုတကို ကြည့်ကာ ''
'' လွန်ခဲ့တဲ့ ၃ နှစ်လောက်က အမဲပြစ်ပြီး ပြန်လာတဲ့ ငါသား ''
ငတေကို ကားနဲ့တိုက်သတ်တဲ့ကောင်ကို အခုမှဘဲ လက်စားခြေခွင့် ရတော့တယ် '' ထွိ့  တောက်
အရာအားလုံး ပြီးဆုံးသွားလေတော့သည်။

2 upvotes $0.03

Replies (0)

Conversation

No replies yet

Replies will appear here as people join the conversation.

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: