4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

စိတ်အလိုလိုက်တဲ့သူများ

war-2729808__340.png
လူဆိုတာက တယူသန်တဲ့ သူများ ဖြစ်ကြသည် ကိုယ်ယုံကြည်ရာနဲ့ ကိုယ်စိတ်ထင်တာကို
လုပ်တက်ကြလေသည်။ ကိုယ်လုပ်တာကို ကိုယ်ကျေနပ်ပြီး ကောင်းတယ်ထင်တက်ပါသေးသည်။
လူတွေက အတော်ကို ခက်သည် ကိုယ်လုပ်တဲ့ အလုပ်ကိုသာ မှန်တယလို့ ထင်တာတော့
အတော်လေးကို ကလေးဆန်ကြသည့်သဘောရှိလေသည်။
နေပူလိုက်တာ တစ်ခုတည်းကို ကြည့်ပါဦး ပူလိုက်တာကွာ ပူနိုင်လွန်းပါတယ်
မိုးလေးများ မရွာတော့ဘူးလား မိုးလေးရွာလာရင်လည်း မိုးကရွာရွာနိုင်လွန်းပါတယ်ကွာ
နေတောင် မမြင်ရတော့ဘူး ဒီလိုဖြစ်တက်ပါတယ် ရှိတာကို တန်ဖိုးမထားတက်တာလည်း
လူတွေရဲ့ သဘောပါဘဲ ပူခြင်းအေးခြင်းအပေါ်မှာတောင် သည်းခံစိတ် နည်းတက်ကြတယ်
ကိုယ့်အထင်အမြင်ကို အမှန်လို့ လက်ခံတက်ကြတယ် အခြားသော ဒီလို စိတ်တွေနဲ့
လူတွေကို ထိတွေ့ဆက်ဆံတဲ့အခါ မှာ ဘယ်လောက်တောင် လွဲမှားမှုတွေ ရှိနေနိုင်မလဲ
ထိပ်တိုက်ရင်ဆိုင်ခြင်းနည်းတွေသုံးပြီး အကျိုး နည်းသော လုပ်ဆောင်ခြင်းတွေ လုပ်နေမည်လဲ
မသိနိုင်ပါဘူး နေ့စဉ်နေ့တိုင်း တစ်ယောက်နဲ့ တစ်ယောက် ရန်ဆောင်ခြင်းအမှုတွေကို ပြုလုပ်ရင်း
တန်ဖိုးရှိတဲ့အချိန်တွေကုန်လွန်နေကြပါတယ် ကိုယ်ထင်တာ ကိုယ်လုပ်ချင်တာ တွေနဲ့
တစ်နေကုန်ကြပါတယ် ဒါကိုဘဲ လူတွေက လုပ်ပိုင်ခွင့်ဆိုပြီး ခေါင်း စဉ်တပ်လို့
သာယာနေကြပြန်ပါတယ်
@kosoethu
photo-google image

6 upvotes 2 downvotes $0.00

Replies (4)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: