4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

“ ဒါက ကျွန်တော့်ကစားသမားဘဝ

ဗင်တပ်စ်အသင်းရဲ့ တစ်စိတ်တစ်ပိုင်းအား ဖြင့် ပါဝင်ကစားခွင့်ရခြင်းကို ဂုဏ်ယူကြောင်းဆိုပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ စီရော်နယ်ဒိုအတွက် ယူရို (၁၀၅)သန်း ကုန်ကျခဲ့ရပြီး ဒါဟာ ဂျူဗင်တပ်စ်အသင်းအနေနဲ့ ကစားသမားတစ်ဦးအတွက် အများဆုံးပေးချေခဲ့ရတဲ့ ပမာဏလည်းဖြစ်ပါတယ်။

စီရော်နယ်ဒိုဟာ ရီးယဲလ်မက်ဒရစ်အသင်းမှာတုန်းကတော့ (၄၃၈)ပွဲမှာ ဂိုးပေါင်း (၄၅၀) နဲ့ ဂိုးသွင်းစံချိန်တစ်ခု တင်ရှိထားနိုင်ခဲ့သူလည်းဖြစ်ပါတယ် ။

စီရော်နယ်ဒိုကမိတ်ဆက်ပွဲမှာပြောကြားခဲ့ရာမှာ - “ ကျွန်တော် ရီးယဲလ်မက်ဒရစ်အသင်းမှာ ဖြတ်သန်းခဲ့တဲ့ (၉)နှစ်တာက ထူးခြားမှုတွေနဲ့ ပြည့်နှက်ခဲ့ပါတယ်။ ဒါပေမယ့် ဒါကလည်း ဘဝရဲ့ အမှတ်သင်္ကေတတစ်ခုပဲလေ။ ပရိသတ်တွေအားလုံးကို နှလုံးသားနဲ့လေးစားအသိအမှတ်ပြုပါတယ်။ ဒါပေမယ့် ကျွန်တော် နောက်တစ်ဆင့်မှာလည်း အာရုံစိုက်ထားပါတယ်။ ကစားခွင့်ရဖို့ မျှော်လင့်ထားတယ်။ အရမ်းစိတ်အားတက်ကြွနေပြီးတော့ ဒါကိုအာရုံစိုက်ထားပါတယ်။ ထုံးစံအတိုင်း ကျွန်တော်ဟာ ထိပ်တန်းကစားသမားတစ်ဦးဆိုတာကို ပြနိုင်ဖို့ကြိုးစားပါမယ်။ ထရိန်နင်မှာလည်း အပြင်းအထန်ကြိုးစားပါမယ်။ ကျွန်တော့်မှာ ရည်မှန်းချက်တွေရှိပြီး စိန်ခေါ်မှုတွေကို ကြိုက်ပါတယ်။ အေးအေးဆေးဆေး မနေချင်ဘူး။ မန်ယူ ၊ ရီးယဲလ်မက်ဒရစ်အသင်းတွေမှာ ရယူခဲ့တဲ့ အတွေ့အကြုံ တွေကို အသုံးပြုပြီး ဂျူဗင်တပ်စ်မှာလည်း သမိုင်းသစ်တစ်ခုရေးထိုးမှာပါ။ ” လို့ ဆိုပါတယ်။

“ ဒါက ကျွန်တော့်ကစားသမားဘဝအတွက် စိန်ခေါ်မှုအသစ်တစ်ခုပါပဲ။ အများအားဖြင့် ကစားသမား တွေက ကျွန်တော့်လိုအသက်အရွယ်မှာ ကာတာ ဒါမှမဟုတ် တရုတ်ကလပ်အသင်းတွေကို ပြောင်းရွှေ့ ကစားကြတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ဒီလိုအ

39 upvotes $0.43

Replies (7)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: