4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

Love break

နောက်ဆုံး
လူဆိုတာမျိုးဟာ ဘ၀အသီးသီးနဲ့ အတွေ့ကြုံအမျိုးမျိုးကို ထိရောက်စွာပုံဖော်နေကြတာ၊
ငါ…..အပေါ်ယံအလွှာ အလင်းရောင်တွေဝင်ရောက်လာတဲ့အချိန်
လေထုကိုထိုးခွဲလိုက်တယ်၊အဖြူရောင်အကန့်
အတွဲလိုက်တွေတော့စီစီဖြစ်လို့ပေါ့၊
အရာဝတ္တုတွေကိုခွဲခြားသိနိုင်တဲ့အရာထဲမှာလဲ မမှောင်ခင်ကလှပခဲ့တဲ့အရာ တွေက
ဒီတစ်ခါအလင်းရောင်ရတော့ညစ်ညမ်းမှုတွေအဖြစ်ထွက်ရှိလာလေရဲ့….အကြိမ်ကြိမ်လက်စုံမိုးပြီး
ဆုတောင်းထားတဲ့အရာက ငါ့အတွက်ညစ်ညမ်းမှုတွေဖယ်ထုတ်ရအောင်
စိတ်ညစ်စေပါသေးလားဆိုတာ ငါတွေး တော့တွေးမိပါရဲ့…ပထမဆုံးသတိရလိုက်မတယ်
အပုပ်နံ့တွေတထောင်းထောင်းထွက်နေပြီး ဒီအပုပ်တွေကိုပဲ တောင်းတနေတဲ့ အရာထဲက
အမှန်တရားတွေထွေးထုတ်ခွင့်မရခဲ့တာအတော်ကြာပြီ၊ ဒီဟန်ဆောင်ဖုန်းကာထား တဲ့
ကာဘာထဲက ၁မီနစ်ကို အချက်(၈၀)ကျော်တုန်ခါမှုရဲ့
နာကျင်မှုကိုဘေးကန်ထုတ်ထားပြီး ဒီရူးသွတ်မှုရဲ့ အသိတရားက
ငါဘက်ကိုလှည့်မနေတဲ့ငါရဲ့တန်ဖိုးထားမှုကိုတန်ဖိုးမရော့အောင်သွန်သင်နေလေရဲ့
……
တတိယမရောက်ခင်အချိန်မှာ
ငါမလုပ်နိုင်တဲ့မမှားသောအကြောင်းရာတွေကို ပြောပြအကြံပြုချင်လို့
အ၀ါရောင်ကြိုးလေးတွေကတဆင့်……….. ဒါပေမယ့်ကော်နံ့တထောင်းထောင်းတနေတဲ့
ဒီအရာထဲကနေတောင် ငါ့ရနံ့တွေက
ခါးသက်လှတယ်လို့သူထင်ခဲ့တယ်လေ…..ထက်ရေးရရင်တော့ဖက်မရဖြစ်ရချီရဲ့
တော်ပါပြီလေ စေတနာနဲ့ပါ အို တော်ပါပြီ…….
20180405_205641.png
ဒီလိုနဲ့မလိုချင်ပဲရော့ပါးသွားပြီး မဆောင့်ဘူးလို့
သတိမပေးတဲ့အရာက သွားနေတော့ အကြိမ်ကြိမ်ရှင်း လင်းတိုင်းပြောင်ရှင်းမလာတဲ့
ဒီအပေါ်ယံအလွှာကို ဘေးနားက နှခေါင်းတွေအာရုံမများလှအောင် တင်ကြံခဲ့မှုမရှိ
ဘူးဆိုတာသိရက်နဲ့ စက္ကူတွေ
အထပ်ထပ်နဲ့လည်းလှယ်ထားတဲ့အရာနဲ့အကြိမ်ကြိမ်ပွတ်တိုက်နေမိတယ်။ ဒီနောက်တော့
သည်ပုံကိုလူယုံအောင် အသိညာဏ်ရှိရက်နဲ့ ရူးသွပ်နေကြတဲ့သတ္တ၀ါတွေ
မြင်ကောင်းအောင်လို့တဲ့ ငါ့အရူးအသိညာဏ်က သတိပေးလို့ ငါ့လွှာရုံကို
ကောက်လွှာလိုက်တယ် …. အင်းတော်တော်လေးတော့အဆင် ပြေပါတယ်……
သတတ္တ၀ါတွေများလှတဲ့ဒီတောထဲကိုတိုးဖို့တော့ ငါ့ကိုယ်ငါ
ယုံကြည်မှုရှိစေပါတယ်။….အင်းထပ် ပြီးတော့ မြင့်မားမှုဆိုတဲ့
အပ်ါကနေစီးကြည့်ဖို့ ထုံကြင်နေတဲ့ ငါ့လက်ဖြားတွေကို
ဘော့ပင်နဲ့ထိတွေ့စေခဲ့တယ်…. သို့ပေမယ့် ငါ့ရဲ့ဒီတစ်ထွာကို
အလိုပြည့်စေဖို့ငှာ မစွမ်းဆောင်သေးခင် သွေးလည်ပတ်နေတဲ့ ဒီလက်ခြောင်း
ဖြားတွေက လူနားမလည်တဲ့ ဘာသာစကားတွေကိုဖန်တီးလို့…………. ပြီးတော့မှ
ငါ့ကိုယ်တိုင်ဘာမှမသိတဲ့ အကြောင်းရာတွေကို ငါ့ထက်သိတဲ့လူတွေကို
လှည့်ပတ်လိမ်ညာဖို့ ငါ့အရိုးကျတဲ့အထိ ဘယ်သူမှမမြင်အောင် ဖုန်းဖိထားမယ့်
ဒီအရာဝတ္တုအပါ် မြတ်မြတ်နိုးနိုး တန်ဖိုးထားစွာ နမ်းရှိုက်ခဲ့ပြီ……..
လူ့ဘ၀ဆိုတာ ခဏ္ဍတာ
ဘယ်အရာမျှမမြဲပါ……….
လူ့ဘ၀ဆိုတာ ပျော်ရွှင်ဖွယ်ရာ
ပီတိတွေအကြိမ်ကြိမ်ဖြာ………
လူ့ဘ၀ဆိုတာ ၀မ်းနည်းစရာ
သောကတွေနဲ့ ခြုံငုံကာ……
လူ့ဘ၀ဆိုတာ ခရီးသွားပါ
ထိမ်းလျှက် ပိုးလျှက်မမောနိင်ပါ……
လူ့ဘ၀ဆိုတာ မွေးဖွားပြီးမှသေဆုံးတာ
ငိုကာရယ်ကာ နေခဲ့ပါ……….
တွေ့ကြုံဆုံကွဲ လူ့ဘ၀ဟာ
သံသယာ ရေစက်လျှက်နွယ်ကာ
ငါ့ဘ၀လည်း ဒီအတိုင်းပါ
တစ်နေ့တော့လည်း သေရမှာ
သဘာဝတရားဟာ ဒီအတိုင်းပါ
ငါစဉ်းစားမိတာ ငါချရေးတာ
သည်ကဗျာက နောက်ဆုံးပါ…….

သူရိမ်

35 upvotes $0.00

Replies (0)

Conversation

No replies yet

Replies will appear here as people join the conversation.

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: