Community post
ကမ္ဘာ
ကမ္ဘာဂြိုဟ်သည် လူသားများ တိရိစ္ဆာန်များနှင့် အပင်များရှင်သန်နေထိုင်ရာ ဂြိုဟ်တစ်ခုဖြစ်ပါတယ်။ ကမ္ဘာတွင် လ-တစ်စင်းသာရှိပါတယ်။ ကမ္ဘာသည် နေကို ၃၆၅. ၂၅၆၄ ရက်တွင် တစ်ကြိမ် လှည်ပတ်နေပြီး တစ်နှစ်ဟု သတ်မှတ်ကြပါတယ်။
ကမ္ဘာသည် လုံးဝဝိုင်းစက်မနေသော စက်ဝိုင်းပုံရှိပါတယ်။ ကမ္ဘသည် သူ၏ဝင်ရိုးပေါ်တွင် ကိုယ်တိုင် အနောက်မှအရှေ့သို့ လှည့်ပတ်နေသဖြင့် ကမ္ဘာ၏နေရာတိုင်းသည် နေ့အချိန်တွင် အလင်းရောင်ရရှိ၍ ညအချိန်တွင် မှောင်မိုက်နေကြသည်။ ကမ္ဘာပေါ်ရှိရေများမှာ အေးခဲမသွားရန်နှင့် ရေနွေးငွေ့အဖြစ်သို့ပြောင်းလဲမသွားရန်နေမှ သင့်တော်သော အပူချိန်ကို ရရှိတယ်။
ကမ္ဘာ၏ မြောက်ဝင်ရိုးစွန်းနှင့် တောင်ဝင်ရိုးစွန်းတို့မှာ အခြားနေရာများနှင့် နှိုင်းယှဉ်လျှင် နေရောင်ခြည်ရရှိမှု လျော့နည်းသဖြင့် အလွန်အေးပြီး ရေခဲတို့ဖြင့် ဖုံးလွှမ်းနေပါတယ်။
နေရောင်ခြည်မှ အပူရှိန်သည် သမုဒ္ဒရာရေတို့ကို ရေငွေ့အဖြစ်ပြောင်းလဲစေပြီး တိမ်တိုက်များဖြစ်ပေါ်စေသည်။ တိမ်တိုက်များသည် အန္တရာယ်ဖြစ်စေနိုင်သော ခရမ်းလွန်ရောင်ခြည်များ၏ရန်မှ ကမ္ဘာမြေကို အကာအကွယ်ပေးသည်။ အကယ်၍ တစ်နေရာထဲတွင် တိမ်တိုက်များအပြားရှိပါက မိုးရွာကျစေသည် ရေငွေ့များသည် ရေအဖြစ်ပြည်လည်ပြောင်းလဲပြီး ကုန်းပေါ်သို့ပြန်၍ ရွာကျကာ မြစ်အမြောက်အများကို ဖြစ်ပေါ်စေပါတယ်။


Replies (0)
Conversation
No replies yet
Replies will appear here as people join the conversation.