4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

Infinity

1528470961-picsay.jpg
သံသရာ လည်သည် ဆိုရာ၌ မယုံနိုင်စရာ နဲနဲ မှပင် မရှိပါချေ
ကုသိုလ် အကုသိုလ် ကို နောက်ထားဦး သာမန် လူ့ဘဝ ဖြစ်ရိုး
ဖြစ်စဉ်များပင် ရံဖန် ရံခါ တချို့ အချိန်ကြာလွန်မှ စသဖြင့် အနဲ
နှင့်အများ တိုက်ဆိုင် ကြုံကြိုက်ကြရလေသည်။ ထိုအရာမှာ
လောက ပထဝီ မြေကြီး တွင် ရှင်သန် ပေါက်ဖွား သေဆုံး ကြရ
သော နာမ် မဲ့ ဒြပ်ရှိ သစ်ပင် ဝါးပင် ပန်းပင် အစရှိသော အပင်
မျိုး နွယ်စု ကိုကြည့်ယုံ ဖြင့်သိနိုင်သည်။ (မှတ်ချက်။ ။ကြည့်ယုံ
ဆိုရာ ၌ သဘာဝ ရင်းမြစ်ကို မြင်အောင်ကြည့် ရှုရန်ဖြစ်သည်။)
အဆုံးမရှိ ဆိုသောစကား လုံး ၏ ရင်းမြစ် မှာ အစ ကနေ စခဲ့
လေသည်။

ရိုးရိုး သာမန် အမြင် ဖြင့်ကြည့် ဦးတော့ နေထွက် ခြင်း ပီးလျှင်
နေဝင်ခြင်း သို့ရောက်ရှိလာမည်။ ဒါက တနေ့တာ အကြည့် ဖြင့် အပင် တွေကို ကြည့်ပြန်တော့ လဲ ရှင်သန် ပေါက်ဖွားခြင်းပီး
နောက်သေဆုံးခြင်းဆို့ ဆိုက်ရောလေသည်။ အစရှိ ၍ အဆုံး ရှိသည့် သဘောဟုထင် မှတ်ကြလေသည်။ အမှန်ပင် ကျွန်ုပ် ကိုယ်တိုင်ယုံကြည်ဖူးသည်။ မြင်တာကိုသာ ယုံတတ်သည့် လူ့သဘော ကြောင့် ပင် သာမန်ထက် ပိုတွေး ကြည့်မည် ဆိုလျင်ကား သင် နှင့် ကျွုပ်တို့ နှစ်ဦးစလုံး သည် အစ ရှိခဲ့
သည် မှန်သော်လည်း အဆုံး မရှိကြသေးပါချေ။သင့်ဝင်ငွေ တစ်ရက် 1000 ရစဉ်က သင်မည် သို့တွေးဖူး သနည်း။ စား
ဝတ်နေရေး အဆင်ပြေယုံ မျှ အရေးပေါ်သုံး စွဲ ရန် မလောက်
မငှဖြစ်ချိန်တွေ ရှိလိမ့်မည်။ သင့်အတွက် မလောက်ချေ 1500
လောက်သင် လိုချင်ခဲ့ ဖူးပေလိမ့်မည်။၃ နှစ်လောက်ကြာသော
အခါ သင် 5000 ရနေပါလိမ့်မည် သင်လောက်ငှပီလော့။ မလောက် ငှသေးပါ သင် အဲ့ထက်ပိုတဲ့ပမာဏကို လို အပ်
နေပါဦးမည်။ အဆုံး မရှိသည့် သဘောပင် လောက်ငှသည် ပို
လျှံသည် တစ်ခုမဟုတ်တစ်ခုလုပ်လိမ့်မည်။အကြောင်း မဲ့သော်
ဖြစ်စေ အကျိုး ရှိရာဖြစ်စေ တစ်ခု လုပ်ပီးတိုင်း နောက် တစ်ခု အတွက် တွေးတော နေပေ လိမ့်မည်သာဘယ်တော့မှ ရပ်တန့်
သွားမည် မဟုတ်ချေ။

ဆိုတော့ သေရင်တော့ ရပ်တန့်သွားပါလိမ့်မည် မှန်ပါသည်။သို့သော်လည်း သင့်သေဆုံး သွားသည့် အချိန် တွင်ပင် နောက်
ထပ် သင့်လို လူသား တစ်ဦး ဆက်လက် ၍မွေးဖွား လာလိမ့်
မည် သင် လုပ်ခဲ့သည့် အတိုင်း တသဝေ မတိမ်း လိုက်လုပ်
လိမ့်မည်မဟုတ်သော် လည်း အကြိမ်ရေ တော်တော် များများ
တော့သင့်နည်း တူ လိုက်လုပ်ပေလိမ့်မည် သံသရာ လည်ခြင်း
ရဲ့ သဘောပင် လူတစ်ယောက် သေဆုံးသွားသည်ဆိုသည့်
အရာများသည် ဝမ်းနည်းစရာ သိပ့်မကောင်းတော့ချေ။
ဒါဆိုလျှင် ဘယ်အချိန်တွေ ဝမ်းနည်းရမည် နည်း။တကယ်က
ဝမ်းနည်းစရာ အချိန် ဆိုတာ ရှိကိုမရှိ သင့်တဲ့ အရာ တစ်ခုပင် သို့သော်လဲ ဆက်လက် ရှိနေပေဦးမည်သာ နည်းလမ်းတော့ရှိ
သည်။ လူတိုင်းတော့မသိ သိတဲ့လူတိုင်းကလဲ လုပ်နေမည်
မဟုတ်ပါ။ တခြားသော အကြောင်းရာများ ခဏတာ သာယာ
မှု များ ကြားတွင်သာ အချိန် တွေ ကုန်ဆုံးရင်း ကုန်ဆုံး ရင်း
တန်ဘိုး ရှိလှသော ဘဝ အချိန် တွေ ကို ဖြုန်းတီး ပြစ်ကြ လေသည်။စိတ်၏ အစဉ် ကိုသာ သတိထား ကြည့်ပါ ကျင့်သား
ရလာလျှင် သင်တို့ ကျွန်တော် တို့ဘဝ တွင် ထူးခြား မှု လေး
တစ်ခုတော့ တွေ့လိမ့်မည် ထိုထို ကဲ့သို့ အဆုံး မရှိသော အရာ များ ထဲ တွင် စိတ်သည် လည်း အဆုံး မရှိပါချေ သင့်၏ ရွေး
ချယ်မှု သာအဓိက ကျပေလိမ့် မည်။ဘယ်သောအရာမှလည်း အဆုံး မရှိပါ ။ အဆုံးလည်း ရှိပါသည် နေထွက်သည် နေဝင်
သည် ထို သဘောမျှသာ အဆုံးမရှိသောအရာများစွာ ထဲ၌
အဆုံးမရှိသော စိတ်ကို ထိန်းချုပ် နိုင်စွမ်းသူများ ဖြစ်ကြပါစေဟု ဆန္တပြုလျှက်. . . . . . . . . .

@kyawkohtet
အတွေး အက်စ်ဘီဒီ

41 upvotes $0.71

Replies (4)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: