4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

7step stock share

#စတော့အကြောင်းသိကောင်းစရာ
#အပိုင်း_၈

#ကြီးလတ်နှင့်သေး

          ကြီးလတ်နှင့်သေး ဆိုတော့ ဘာကြီးပါလိမ့်။ မောင်ယုကို မြင်ပြီး ကျီးတွေလန့်ပြီးသေတာပြောတာပါ အဲလေ မဟုတ်ပါဘူး။ 😂 
          ကြီးဆိုတာက လုပ်ငန်းကြီး Large Caps တွေကိုပြောတာပါ။ လတ်ဆိုတာ လုပ်ငန်းလတ်ပေါ့ Medium Caps တွေ။ သေးဆိုတာက လုပ်ငန်းငယ် Small Caps တွေပေါ့။ ဒါတွေ ဘာလို့လာပြောနေတာလဲ မှောင်ယုရယ်လို့ထင်ကောင်းပါရဲ့။ လိုပါတယ် ဒါတွေသိဖို့လိုပါတယ်။ ကိုယ်စီးမည့်ယာဉ်က ဆိုက်ကားလား လေယာဉ်ပျံလား ဒုံးကျည်လားဆိုတာတော့ သိထားမှသာလျှင် ကိုယ်သွားချင်တဲ့ အကွာအဝေး ကိုယ်ရင်းရမယ့် Risk ဆိုတဲ့ မသေချာမရေရာမှုတွေကို ကြိုတွက်ထားနိုင်မှာပါ။

#SmallCaps_သေး
ပုံမှန်အားဖြင့်တော့ မတည်ငွေ Market Capitalization ဒေါ်လာ သန်းတစ်ထောင် $1billion ထက်နည်းတဲ့ လုပ်ငန်းတွေကိုဆိုလိုတာပါ။
ဥပမာ Polycom တို့ SM Energy တို့လို လုပ်ငန်းတွေကိုပြောတာပါ။ နိုင်ငံတကာ လူသိများတဲ့ လုပ်ငန်းတွေနဲ့ ဥပမာပေးလိုက်တာပါ။

#MediumCaps_လတ်
သူလည်းထိုနည်းလည်းကောင်းပါ။ မတည်ငွေ Market Capitalization ဒေါ်လာသန်းတစ်ထောင်ကနေ သန်းတစ်သောင်းကြား (1billionto1billion to10billions) ကုမ္ပဏီကြီးတွေကိုဆိုလိုတာပါ။ ဥပမာ Hamona တို့လို Discover တို့လိုပေါ့

#LargeCaps_ကြီး
Blue Chips လို့လည်းခေါ်ကြတယ်။ဗန်းစကားလိုပေါ့။ ဒီလုပ်ငန်းကြီးတွေက အရမ်းကောင်းမွန်စွာလည်ပတ်နေပြီ။ မတည်ငွေကတော့ပြောစရာမလိုတော့ဘူးထင်ပါတယ်။ သန်းတစ်သောင်း ကျော်ပေါ့။ more than $10 billions အားလုံးသိကြတဲ့အတိုင်း cocacola တို့လို Apple တို့လို ကုမ္ပဏီကြီးတွေကိုဆိုလိုတာပါ။

  အဲ ဒါလေးနဲ့တော့ ကျီးလန့်မသေလောက်ပါဘူး မှောင်ယုရယ် နေဦးလေ ပြီးသေးဘူး ပြီးသေးဘူး မောင်ယု ဘယ်လောက်ရုပ်ဆိုးလဲဆိုတာ ဆက်ပြောပြမယ်  တစ်ခုချင်းပြန်ရှင်းပြပါ့မယ်။

#SmallCaps_သေး
လူသိနည်းတဲ့ ကုမ္ပဏီ ချာတိတ်ပေါက်စလေးတွေပေါ့လေ။ နှပ်တွဲလဲ ကုမ္ပဏီလို့ဆိုလေမလားလေ။ Bluechips လို့ခေါ်တဲ့ လုပ်ငန်းကြီးတွေထက်တော့ ဒေဝါလီခံနိုင်ခြေ မိမိရင်းနှီးမြှုပ်နှံထားတဲ့ ငွေတွေ ကို #သုည ဖြစ်သွားစေနိုင်ခြေပိုများပါတယ်။ဟား ဒါဆိုဘာလို့ရင်းနှီးမြှုပ်နှံတော့မှာလ မောင်ယုရဲ့။ နေဦးလေ ဆုံးဖြတ်ချက်ချတာမစောပါစေနဲ့ဦး (ငယ်ငယ်က ရုပ်ဆိုးပေမယ့် ကြီးလာမှ ကြည့်လည်းကောင်းလာ တကယ့် တော်တဲ့ လူတစ်ယောက်ဖြစ်နေဘယ်လို လုပ်မတုန်း။ အဖြေမပေးခင် ပြန်ပြန်တော့စဉ်းစားပါဦးလို့။ 😂) သို့သော် တစ်ဖက်မှာလည်း အသေးစားလုပ်ငန်းတွေဟာ တည်ထွင်မှုအသစ်တွေ ဆန်းသစ်မှုတွေ လုပ်နိုင်တော့ ခုဏကကျွန်တော်ပြောခဲ့သလိုပါပဲ။ လူအများက ပစ်ပယ်ခံထားရတဲ့ ကိုယ့်ရဲ့ ချစ်သူဟာ တကယ့်ကို တန်ဖိုးကြီးမားတဲ့ လူတစ်ယောက်ဖြစ်လာတဲ့ ပုံစံနဲ့ တူတဲ့သဘောမျိုးပေါ့။ သို့သော် ကိုယ့်ဘက်ကလည်း စွန့်စားရဲရမှာပေါ့နော်။ယုံကြည်ရဲရမှာပေါ့။ လုပ်ငန်းငယ်တိုင်း အောင်မြင်မယ်လို့မဆိုဘူးနော်။ ခွဲခြားသိတတ်ဖို့က ကိုယ့်ရဲ့ ပညာပေါ့။ ဥပမာ Microsoft ကိုသာ ၁၉၈၆ တုန်းကဝယ်ခဲ့ပြီး ၂၀၁၀ မှာ ပြန်ရောင်ရင်း အဆပေါင်း ၂သောင်းသုံးထောင်ခြောက်ရာ ကျော်မြတ်မှာပါ။ (Buy and Hold သမားတွေရဲ့ အိပ်မက်ပေါ့လေ)

#LargeCaps_ကြီး
သူကတော့ Apple Inc. လို ကုမ္ပဏီကြီးတွေပေါ့။ အင်း နားလည်လွယ်အောင်ပြောရရင် သူကတော့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ပါ။ ဈေးကလည်းကြီးသလို အသစ်ဆန်းတွေခဏခဏဖန်တီးနိုင်ရင်တော့ ဈေးလည်းခဏလေးနဲ့တက်ပါတယ်။ သို့သော် နဂိုဈေးကြီးတာနဲ့တင် မကာမိပါဘူး။ ဆိုလိုတာက လုပ်ငန်းသေးတွေလောက်တော့ အမြတ်မကြမ်းဘူးပေါ့။ ဒါပေမဲ့ သူကတော့ လုံခြုံပါတယ်။ ဒေဝါလီခံရခြေ သိပ်ကိုနည်းပါတယ်။ ကျွန်တော် အရှေ့တစ်ပုဒ်မှာရေးခဲ့သလို မကြာခင် အနားယူကြတော့မယ် ဆိုရင်တော့ Bluechips တွေဟာ အကောင်းဆုံးသော ရွေးခြယ်မှုပါ။

#MediumCaps_လတ်
အလတ်ဆိုတဲ့ အတိုင်း ကြီးနဲ့ငယ်ကြားက အလယ်အလတ်လမ်းစဉ်ပေါ့။ လုပ်ငန်းကြီးလိုရော လုပ်ငန်းငယ်လိုပါ စွမ်းဆောင်နိုင်ပါတယ်။ အခုမှ စတော့စပြီး ရင်းနှီးမယ့် Beginner တွေ အတွက်ကတော့ MediumCaps တွေကို ကျွန်တော် Suggest လုပ်ချင်ပါတယ်။ personal ဖြစ်တဲ့အတွက်တော့ အများကြီးတော့ အာမမခံရဲပါ။

ဒါဆိုရင် ကျီးဘာလို့လန့် သေလည်းဆိုတာ သဘောပေါက်သွားမယ်ထင်ပါတယ်။ အဓိကကတော့ မောင်ယုရုပ်ဆိုးလို့ပေါ့နော် 😂😂😂

ကျွန်တော့်ရဲ့ စာဖတ်ပရိသတ်များလည်း စတော့မှာ ရင်းနှီးမြှုပ်နှံခြင်းမပြုခင် မှန်ကန်သင့်လျောတဲ့ ဆုံးဖြတ်ချက်တွေပြုနိုင်ပါစေဗျာ

ကျန်အပိုင်းများကို မဖတ်ရသေးသော စာဖတ်ပရိတ်သတ်များ #သူ့စိတ်ကူး Page လေးမှာ ဖတ်ရှုနိုင်ပါတယ်။
အခု အောက်မှာပေးထားတဲ့ link လေးကိုနှိပ်ပြီး သူ့စိတ်ကူး page လေးကို like ပြီးရင် See First လုပ်ထားပါ ... တော်ကြာကျွန်တော်တင်တဲ့အခါ သင်ခန်းစာလေးတွေ လွတ်သွားမှာစိုးလို့ပါ.,.
FB_IMG_1512378601358.jpg

7 upvotes $0.00

Replies (2)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: