4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

Effective Micro Organisms

Effective Micro Organsism
အကျိုးပြုအနုဇီဝ အီးအမ် အပိုင်း ၁
IMG_201802218452-picsay.jpg
ဒီနေ့မှာတော့ကျွန်တော့်သူငယ်ချင်းမိတ်ဆွေတွေကို အီးအမ်ဆိုတဲ့ ထူးဆန်းတဲ့
အနုဇီဝအရည်အကြောင်းလေးပြောပြချင်ပါတယ်
အီးအမ်းပေါ်ပေါက်လာတာကတော့ကမ္ဘာကြီးမှာဓာတုသီးနှံတွေကိုလူတွေစားသုံးပြီးဆိုးကျိုးတွေဖြစ်နေတာကို ဂျပန်ပညာရှင်တစ်ကြီးက လွတ်မြောက်အောင်တီထွင်ရင်းအီးအမ်နည်းပညာကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်
https://cdn.steemitimages.com/DQmdSavpPCbNRCqybUn2k2rbBd3m9NoCuCFnQRQtmvZgzHj/pesticide2703.jpg

ဓာတုဆေးတွေကိုရေရှည်သုံးစွဲလာတာကြောင့် စိုက်ပျိုးရေးထုတ်ကုန်များတွင် ဓာတုဓာတ်ကြွင်းများပါရှိခြင်း/သဘာဝဂေဟစနစ်များပျက်စီးခြင်း / ရေထုညစ်ညမ်းမှု / လေထုညစ်ညမ်းမှု/မြေဆီလွှာ ဖွဲ့စည်းပုံပျက်စီးခြင်း /
မြေ၏ဂုဏ်သတ္တိများညံ့ဖျင်းလာခြင်း / အပင်ရောဂါ နှင့် ဖျက်ပိုးများပိုမိုကျရောက်လညဖြင်း /ပိုးသတ်ဆေးကိုခံနိုင်ရည်ရှိသော ဖျက်ပိုးများ ပေါ်ထွန်းလာသည့်အတွက်ပိုမိုအစွမ်းထက်အဆိပ်ပြင်းသောပိုးသတ်ဆေးများကို
ထုတ်လုပ်လာရခြင်းစသည့် ပြဿ နာများကိုရင်ဆိုင်ရပါသည်။

pest.jpg

ထိုဓာတုသီးနှံများကိုစားသုံးသော ကျွန်ုပ်တို့
လူသားများ၏ အသက်အန္တရာယ် ကိုလည်း
ခြိမ်းခြောက်လာပါသည်။

33379049_2197029893647055_3365149310692884480_n.jpg

ထိုသိုဓာတုဆေး၏ဆိုးကျိုးများမှ ရှောင်ရှားရန် ဂျပန်ပြည်တွင် ၁၉၃၅ ခုနှစ်မှစ၍ ဓာတုဆေးမသုံးသော သဘာဝစိုက်ပျိုးရေးစနစ်
အမျိုးမျိုးကို စမ်းသပ်အောင်မြင်ခဲ့ကြသည်

15016369_1519783261371725_6875144724560809855_o.jpg16143745_1223429927741269_2103773831684318929_o.jpg

ထိုနောက် ၁၉၈၀ တွင် ပါမောက္ခ ဒေါက်တာ
ဟီဂါမှ စိုက်ပျိုးရေးတွင် အကျိုးပြုအဏုဇီဝ
များကို အသုံးပြုသော အီးအမ် နည်းပညာကို
ထီထွင်ခဲ့သည် ။အီးအမ်နည်းပညာသည်
အောင်မြင်မှုရရှိခဲ့ပြီး ဓာတုဆေးမသုံးဘဲသီးနှံများကို အောင်မြင်ဖြစ်ထွန်း စွာစိုက်ပျိုးနိုင်ခဲ့သည်။

teruo-higa.png

images.png1-4f8rxxl.jpg
အီးအမ်နည်းပညာသည် သာမန်အနုဇီဝနည်းပညာမဟုတ်ပါ ။ အဆင့်မြင့်ဇီဝနည်းပညာဖြစ်ပါသည် ။ အီးအမ်နည်းပညာကိုမြန်မာပြည်တွင် ၁၉၉၀ မှစတင်အသုံးပြုခဲ့ပြီး ယခုအခါ တောင်သူအများအပြား လက်ခံသုံးစွဲ နေကြပြီး မြန်မာနိုင်ငံတွင် အသုံးအများဆုံး
အဏုဇီဝ တစ်ခုအဖြစ်ရပ်တည်နေပါသည်။
ယနေ့ခေတ်တွေ ဂျပန်ပြည်မှမူရင်းအီးအမ်
ကိုကမ္ဘာ့ နိုင်ငံပေါင်း ၁၀၀ကျော်တွင် စီးပွားဖြစ် အသုံးပြုနေကြပါသည် ။afc01940d44e8b6fcd8d87f75c96410a.jpg16640535_1638440389506011_4041274738330985774_n.jpg

16266309_1226384827445779_3512331767017814939_n.jpg14468329_558264750965429_1058562799984997984_o.jpg

အီးအမ်ကိုစိုက်ပျိုးရေတွင်သာမက
မွေးမြူရေး /ပတ်ဝန်းကျင် ထိန်းသိမ်းရေး/အနံ့ဆိုးကင်းစင်ရေးနှင့်
မိလ္လာ ကန်များတွင်
ထုထည်ကျစေရန် အသုံးပြုနိုင်ပါသည် ။

525078_367174986664035_1196357398_n.jpg

မွေးမြူရေးတွင်တိရစ္ဆာန် မျိုးစုံအတွက် အသုံးပြုနိုင်ပါသည် ။ ကျွန်တော့်အိမ်တွင်ကြောင်ကလေးများကို သူတို့စားသောထမင်းနှင့်အီးအမ်ကို ရောနယ်ကျွေးပါသည်။

IMG_20180522_183452.jpg
အခြားအီးအမ်၏အကျိုးကျေးဇူးများကို
နောက်ပိုင်းတွင်ဆက်လက်ဖော်ပြပါမည်။

15037357_1864331047133498_1963643435675414222_n.jpg

source photo

www.emro.co.jp

EMRO JAPAN & ALL COUNTRY EMRO FAMILY PHOTO AND GOOGLE.COM

@kyawthuhein
MSC -260

79 upvotes $0.74

Replies (27)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: