4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

ဂေါ်ရန်ဂျီကျွန်းကိုဘယ်လိုသွားမလည်း(၂)

မိတ်ဆွေများအာလုံးမင်္ဂလာပါ
ယခုမျှဝေပေးမှာကတာ့ ဂေါ်ရန်ဂျီကျွန်းကို
ဘယ်လိုသွားမလည်ဆိုတာကိုကျွန်တော့်ရဲ့ကိုယ်တွေလေးနဲ့ယှဉ်ပြီးဆက်လက်မျှဝေပေးမှာဖြစ်ပါတယ်။ကျွန်းမှာလည်ပတ်စရာတွေ
လည်းများစွာရှိပါတယ်။ အများစုကတော့
အရင်ဆုံးမြဝတီဆုတောင်းပြည့်စေတီကိုသွားလည်ကြပါတယ် ။ သဘာဝပင်လယ်ကြီးနှင့်
ထိတွေ့ခံစားနိုင်ပြီးအခြား ငွေဆောင်
ချောင်းသာများကဲ့သို့လူသိမများသေးတဲ့အတွက် ကျွန်းက သန့်ရှင်းနေပါသေးတယ်။
ကျွန်းဟာ သဘာဝအတိုင်းကျွန်းအရိုင်းဆန်နေပါသေးတယ်။ဒေသခံကျွန်းသူကျွန်းသာတွေကလည်းအရမ်းဖော်ရွေကြပါတယ်

IMG_20190210_094830.jpg
ယခုပုံလေးကတော့မြဝတီစေတီပေါ်ကနေရိုက်ထားတဲ့ရှုခင်းလေးပါ

ဂေါ်ရန်ဂျီကျွန်းဟာခရီးဝေးပြီးသွားလာရ
အနည်းငယ်ခက်ခဲ့ပါတယ် ။ရန်ကုန်မှပုသိမ်၄နာရီခရီးကြာမြင့်ပြီး ပုသိမ်မှ ငရုတ်ကောင်း
မြို့ကိုအချိန် ၅နာရီခန့်ကြာမြင့်ပါတယ်
ငရုတ်ကောင်းမြို့မှတစ်ဆင့် စက်လှေစီးပြီးသွားရတဲ့လမ်းကြောင်းလည်းရှိပြီးအလွယ်ကူဆုံး
ကတော့ ပုသိမ်ကနေဂေါ်ရန်ဂျီကျွန်း မိမိတည်းမယ့်နေရာထိရောက်မည့်ကားများစီးတာအထူးသင့်တော်ပါတယ်။

ရန်ကုန်ကနေဘယ်လိုသွားမလည်းဆိုတာ
အသေးစိတ်ပြောပြပေးမယ်နော်
ရန်ကုန်ကနေ ကံထူးအောင်/ယူနီဗာဆယ်
ကားတွေကငရုတ်ကောင်းမြို့ထိတိုက်ရိုက်ကားတွေရှိပါတယ် ထိုခရီးအတိုင်းသွားလို့ရပါတယ် ။စာရေးသူအကြံပြုလိုတာကတော့ ရန်ကုန်မှာထွက်သည့်ကားများသည်ည၈နာရီ ထွက်သည့်ကားများဖြစ်သည်ပုသိမ်ဂေါ်ရန်ဂျီ လမ်းသည်တောင်ပေါ်လမ်းဖြစ်ပြီးညဘက်သွားလျှင်အန္တရာယ်ရှိနိုင်ပါသည်။ ထိုကြောင့်စာရေးသူသွားခဲ့တဲ့အန္တရာယ်အကင်းဆုံးသွားသင့်သည့်လမ်းကြောင်ကိုမျှဝေပေးပါမယ်။ ကနဦးရန်ကုန်ကနေ မနက်သုံးနာရီပုသိမ်သို့သွားသည် ကံထူးအောင်ကားကိုစီးပါ။ မနက်အစောကြီး၃နာရီကားစီးရန်ရန်ကုန်မြို့တွင်းမှာ ၂၄နာရီပြေးဆွဲသော YBS 20/ YBS99 ကားများစီးပါ။

YBS 20သည် ပန်းဆိုးတန်းမှ ပုဇွန်တောင် /တာမွေ /မြေနီကုန်း/ကြည်မြင်တိုင်(ကမ်းနားလမ်း)/ဘုရင်နောင် /လှိုင်သာယာအဝေးပြေးသို့ ၂၄ ပြေးဆွဲသည့် ယာဉ်လိုင်းဖြစ်ပါသည်။

YBS 99 သည် မြောက်ဒဂုံ / ဘေလီ/ပါရမီ /ကမ္ဘာအေး/၈မိုင်/စောဘွားကြီးကုန်း/အင်းစိန်ပန်းခြံ/
ပေါက်တောဝ/လှိုင်သာယာအဝေးပြေးထိ
၂၄နာရီပြေးဆွဲသောယာဉ်လိုင်းဖြစ်သည်။
38406421_1575986179173222_1401085037092274176_n.jpg
ထိုယှဉ်လိုင်းနှစ်ခုဖြင့်မိမိအဆင်ပြေသလို လှိုင်သာယာအဝေးပြေးသို့သွားပါ ။လှိုင်သာယာအဝေးပြေးမှမနက်၃နာရီကားစီး၍ မနက်၆နာရီတွင် ပုသိမ် အဝေးပြေးသို့ရောက်ပါလိမ့်မယ် ။ အဝေးပြေးမှပုသိမ်မြို့ထဲသို့ကြိုပိုကားဖြင့်လိုက်၍ မြို့ထဲ ဘဏ်ရှေ့(သို့) ဘုရားရှေ့ရောက်ပါလိမ့်မည်။

ထိုနေရာမှ ငရုတ်ကောင်းမြို့နှင့်ဂေါ်ရန်ဂျီကျွန်းသို့ သွားသော အမှတ်၁ ဘောတံတားကားဝင်းသို့မိမိအဆင်ပြေရာဖြင့်သွားပါဆိုက္ကားဖြင့်သွားပါကငွေတစ်ထောင်ခန့်သာကြာသင့်ပါသည် ။ ထိုအမှတ်၁ဘောတံတားမှ မနက်၈နာရီထွက်သောဂေါ်ရန်ဂျီ ထိတိုက်ရိုက်ရောက်သည့် ရတနာငွေတိုးအောင်ကားစီးပါ ညနေ ၂နာရီခန့်တွင် ဂေါ်ရန်ဂျီ ရောက်ပါမည်။

စာရေးသူအတွေ့အကြုံအရ ကြွေချိုင်ကမ်းခြေဟုခေါ်သော
နေရာ တွင် ဘန်ဂလို များ တည်ခိုးဆောင်များ အဆင်ပြေပါသည် ။
တစ်ည ၂၀၀၀၀/ ၃၀၀၀၀/၄၀၀၀၀
အမျိုးမျိုးရှိပါသည် ။

ဆက်လက်ဖော်ပြပါမည်
ကျေးဇူးတင်စွာဖြင့်
@kyawthuhein

MSC 260

source photo
ကို်ယ်တိုင်ရိုက်နှင့် google / facebook

Posted using Partiko Android

111 upvotes $0.18

Replies (14)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: