4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

ကျောင်းသားဘဝ

သူများတွေမှာလဲ အမှတ်တရဆိုတာရှိသလို ကိုယ်တွေမှာလဲ ရှိခဲ့ဖူးတယ်။ ကျောင်းသားဘဝတို့ ကျောင်းသူဘဝတို့ ကျန်တဲ့အခြားသော ဘဝတို့ ရှိသလို ကိုယ်တွေလဲ ကျောင်းတက်ဖြစ်တော့ ကျောင်းသားဘဝဆိုတာ ရှိဘာရော။ကျွန်တော်တို့ ကျောင်းသားဘဝက သိပ်ထူးခြားဖြစ်စဉ်တော့ မဟုတ်ခဲ့ပါဘူး။
ဆယ်တန်းအောင်ပြီး တက္ကသိုလ် စတက်သည့် ပထမနှစ်ကျောင်းသားဘဝက နည်းနည်း စိတ်လှုပ်ရှားစရာ ကောင်းလှသည်။ကျောင်းက ခုမှလည်း စတက်ကာက တစ်ကြောင်း အသိမိတ်ဆွေဆိုတာကလည်း သိပ်မရှိတာက တစ်ကြောင်း ထိုသို့သောအကြောင်းများကြောင်း ပထမနှစ်တွင် အနည်းနဲ့အများ ကျောင်းတက်မှန်ခဲ့သည်။ဒုတ်ယနှစ်အရောက်တွင် ကိုယ့်ကျောင်းအထာကိုယ်ပိုသိလာခဲ့သဖြင့်
ကျောင်းပြေးပြီး ဂိမ်းနှိပ်ခြင်း ဘိလိယက်ထိုးခြင်း စသဖြင့်တချို့သောကိစ္စများကိုလုပ်ဆောင်လာခဲ့သည်။ဘယ်လောက်အထိဆိုးလဲဆိုးလျှင် နေ့လည်ပိုင်းအချိန်တွေဆို အမြဲတမ်း မြို့ပြန်ပြီး ကိုယ်လုပ်ချင်ရာ စိတ်ဝင်စားရာမှန်သမျှ အဖွဲ့လိုက်လုပ်ကြသည်။ဒီလိုနဲ့ဖိုင်နယ်စာမေးပွဲမရောက်ခင် Roll callများထွက်လာရာ ကျွန်တော်တို့ အဖွဲ့မှာ မပြည့်ကြ၍ တစ်ခြားသူများ စာလုပ်နေပြီး ကျောင်းမတက်တော့သည့်အချိန်တွင် ကိုယ်တွေမှာ ပျင်းပျင်းနဲ့ ကျောင်းလာတက်နေရပြီး Roll call ပြည့်ဖို့အတွက် လာယူနေရသည်က စိတ်ထဲတွင်မှတ်မှတ်ရရစွဲကျန်နေခဲ့သည်။တတိယနှစ်အရောက်တွင် B tech မပါတဲ့ကောင်က မပါ ကျတဲ့ကောင်က ကျနေ ခဲ့ကြသည့်အတွက် ကျွန်တော်တို့ အဖွဲ့အင်အား နည်းသွားခဲ့ရသည်။ထိုအတွက်ကြောင့် ကျောင်းစတက်သည့်အစောပိုင်းကာလတွင် စိတ်မကောင်းဖြစ်ကာ ကျောင်းမြဲနေခဲ့သည်။တဖြည်းဖြည်းနဲ့ ကျောင်းစတက်ပြီ၁လ ၂လ လောက်အကြာတွင်မူ ပိုနေမြဲကျားနေမြဲ အတိုင်းပြန်ဖြစ်သွားခဲ့သည်။
ကျောင်းတက်ရသည်မှာ ၅နှစ်တာကာလ ဖြစ်သော်လည်း နောက်ဆုံး၂နှစ်တာကာလအတွင်း အမှတ်ရစရာတွေတအားများလွန်းသဖြင့် ယခုလို ၃နှစ်တာကာလကို အကျဉ်းချု ပ်ရေးသားရခြင်း ဖြစ်ပါသည်။တက္ကသိုလ်ကျောင်းသားဆိုသည့်အတိုင်း
မည်သူကမျှ Stateကျောင်းကလို ဆုံးမလမ်းညွှန်ပေးကာ စည်းကမ်းများဖြင့်အညီနေရမည်ဟု ချုပ်ချယ်ကန့်ကွက်လိမ့်မည်မဟုတ်ပေ။ထို့ကြောင့် မိမိကိုယ် ကိုထိန်းချုပ်နိုင်ဖို့က ပိုအရေးကြီးလာခဲ့သည်။များသောအားဖြင့် ကိုယ့်ကိုကိုယ်မထိန်းချုပ်နိုင်သူအများစုမှာ ဂိမ်းနှိပ် လောင်းကစားလုပ် ဖွန်ကြောင်ကြ စသဖြင့်အမျိုးမျိုးသော အကြောင်းအရာများထဲမှ တစ်လိုင်းလိုင်းကို အလွန်အကျွံပါသွားခြင်း တစ်လိုင်းနှစ်လိုင်း သုံးလေး လိုင်းပူးပြီးပါသွားခြင်းများကြောင့်ဖြစ်သည်။ထို့ကြောင့်ကျောင်းသားဘဝကို ပျော်ရွှင်စွာဖြတ်သန်းပြီး ကိုယ့်ကိုကိုယ်ထိန်းချူပ်နိုင်သော ကျောင်းသား သူဖြစ်ကြပါစေလို့ ဆုမွန်ကောင်းတောင်းခိုက်ပါသည်။
image
Kyaw Win Htet
MSC -183

52 upvotes $1.30

Replies (34)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: