Community post
ယနေ့ခေတ် မြန်မာပြည်၏အချက်ပြစနစ
်ပထမဦးဆုံးမြန်မာပြည်၏ ဦးစာပေး ယာဉ်လမ်းကြော ဥပဒေက ညာကပ်မောင်း ဆိုတာလူတိုင်းသိကြပါတယ်။အရင်ကတည်းက ထုတ်ထားတဲ့ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဥပဒေကလည်း အမှန်ပါပဲ။ဒါပေမယ့်တစ်ခုရှိတာက အခုထိ အဲ့ဒီဥပဒေကို ယောင်မောင်းသူတိုင်း မလိုက်နာနိုင်သေးတာပါပဲ။ဘာကြောင့် မလိုက်နာနိုင်ရသလဲ ဆိုတော့ကာ အရင်က အဝေးပြေးလမ်းများမောင်းနှင်ရာတွင် ယာဉ်မောင်းသူများအချင်းချင်း အဆင်ပြေစေရန် ကိုယ့်ဘာသာကျင့်သုံးထားသော အချက်ပြ စနစ် အမှားကြီးကို ဖက်တွယ်ထားပြီး အကျင့်ပါနေတာက တစ်ကြောင်း လက်ရှိမြန်မာပြည်ရှိ မော်တော်ယာဉ်များ၏ လေးပုံသုံးပုံခန့်မှာ ညာမောင်းယာဉ်များဖြစ်နေခြင်းက တစ်ကြောင်း စုစုပေါင်း အချက်၂ချက်ကြောင့် ဖြစ်သည်ဟု ကျွန်တော်ကတော့ ယူဆထားပါသည်။
ယနေ့ မြန်မာပြည်ရှိမော်တော်ယာဉ်များ အားလုံး ယာဉ်စည်းကမ်း နဲ့အညီ မောင်းနှင်ကြရန် အမိန့်စာ ထုတ်ထားသည်ဟု ကြားသိရပါသည်။ မလိုက်နာပါက တည်ဆဲဥပဒေ သို့ ပုဒ်မများဖြင့် ပြစ်ဒဏ်ချမှတ်နေသည်ကိုလည်း သိရှိပါသည်။ပထမဦးဆုံးပြောပြချင်တာက မြန်မာပြည်သို့ အရင်က တင်သွင်းခဲ့သော ကားအများစုမှာ ညာမောင်းများသာ ဖြစ်သောကြောင့် ယခုလက်ရှိမှားယွင်းနေသော အချက်ပြစနစ်မှနဲ့အံဝင်ခွင်ကျ ဖြစ်လျက်ရှိသည်ကို တွေ့ရှိရပါသည်။အဘယ်ကြောင့်ဆိုသော် လက်ရှိအသုံးပြုနေသော အချက်ပြစနစ်မှာ အဝေးပြေးလမ်းများပေါ်တွင် နောက်ကယာဉ် ကျော်တက်ရန် အချက်ပြပါက လက်ဝဲဘက်အချက်ပြမီးကိုပြပြီး ကျော်မတက်ရန်အချက်ပြပါက လက်ယာဘက်အချက်ပြမီးကိုပြနေသည်မှာ ယာဉ်စည်းကမ်းဥပဒေအရ မှားယွင်းနေပါသည်။သို့ပေမယ့် ထိုသို့ကျင့်သုံးနေသည်ကလည်း ညာမောင်ယာဉ်တွေအတွက်ပို၍အဆင်ပြေစေသည် အဘယ်ကြောင့်ဆိုသော် လက်ယာကပ်မောင်းယာဉ်ကြောဆိုသည့်အတွက် ယခုလို အလွယ်ကျင့်သုံးနေခြင်းဖြစ်သည့်အတွက် နိုင်ငံတော်မှ နောက်ထပ်ယာဉ်တင်သွင်းရာတွင် ဘယ်မောင်းယာဉ်တစ်မျိုးတည်းသာ တင်သွင်းရမည်ဟု ကြေညာစာ ထုတ်ထားခြင်းဖြစ်ပါသည်။ထို့အပြင် နောက်ထပ်တင်သွင်းသော ဘယ်မောင်း ယာဉ်များ ဈေးကွက်အတွင်း သို့ customers များလက်ဝယ်သို့ ရောက်ရှိချိန်တွင် မြန်မာပြည်၏အဝေးပြေး ယာဉ်ကြောများတွင် ယာဉ်စည်းကမ်း အမှန်တိုင်းအချက်ပြသူ ယာဉ်စည်းကမ်းအမှားတိုင်း အချက်ပြသူ(လက်ရှိ အများစု) များကတစ်မျိုး ဘယ်မောင်း ညာမောင်း ယာဉ်များကတစ်မျိုး တွေးကြည့် ရင် ရင်မောလှပါသည်။
ထို့ကြောင့် ယခုအချိန်တွင် ကားမောင်းတော့မည်ဆိုပါက အထူးသဖြင့် အဝေးပြေးလမ်းများပေါ်တွင် ယာဉ်ကျော်မည်ဆိုပါက ရှေ့ယာဉ်မှ မည်သို့ပင်အချက်ပြစေကာမူ မိမိကိုယ်တိုင် ယာဉ်ကြောရှင်းသည်ကို မြင်ရမှကျော်တက်ကြရန်နှင့် နောက်ယာဉ်ကို အချက်ပြရာတွင်လည်း တတ်နိုင်သမျှ အချက်မပြဘဲနေကြရန် တိုက်တွန်းချင်ပါသည်။နောက်ပိုင်းယာဉ်မောင်းသူ အများစု ကျင့်သုံးလာကြသည့်အချိန်တွင်မှ အချက်ပြစနစ်ကို စနစ်မှန်အတိုင်း ကျင့်သုံးစေလိုပါသည်။ထို့အပြင် နောက်ထပ် ဝင်လာသော ကားအများစုမှာလည်း auto gear ကားများဖြစ်ပြီး လူတိုင်းလိုစတီယာတိုင် ထိန်းတတ်ယုံဖြင့် တက်မောင်းလို့ရနေသောကြောင့် နောက်ဆုံးအနေနဲ့ ယာဉ်စတင်မောင်းတော့မည်ဆိုပါက သတိတရားလက်ကိုင်ထားပြီး မျက်စိရှင်ရှင်နဲ့ ရှေ့နောက် ဘေးနှစ်ဖက်နဲ့ ပတ်ဝန်းကျင်ကိုဂရုစိုက်ပြီးမောင်းနှင်ကြပါလို့ အကြံပြုချင်ပါသည်။
Kyaw Win Htet
MSC - 183
Replies (40)
Ok
Good bro
ok
thanks
Ok
Ok
မကြည့်မာ ကားရှိဝူး😁😁ကားဝယ်မေ စိတ်ကူးလို့ ခုထဲက ဂျန်းတုံး အရင်စုထားတေ😁😁
😀😁ဟီး
Good post
စည်းကမ်းလိုက်နာဘေးရန်ကွာ
😁😁
thanks
မှန်၏
ok
ok
ဘယ်လိုဘဲဖြစ်ဖြစ် ယဉ်စည်းကမ်းအတိုင်း သေချာဂရုစိုက်ကြမယ်ဆိုရင် အင်မတန်ကောင်းမာဘဲ
ကိုယ့်ဘာကိုကြည့်ရှမောင်းတာအကောင်းဆုံးပါဘဲဗျာ
ဟီးအကိုရေ
ဒီမှာကကို့ဟာကိုသာကြည့်ရှောင်တာအကောင်းဆုံးပဲ
အမှန်ပဲ ကိုယ်ရှောင်တာတောင် ဝင်တိုးချင်တဲ့သူတွေက ရှိသေး
အမှန်ပဲ
ဖြစ်လာမှာပါ
shareပြီးနော်
Nice Post!
good
OK BRO
ok byr
thanks
thanks
ok bro
ဟုတ်ပဗျာ
Ok
ကားဆရာများပိုသတိထားကြပါခင်ဗျ။
voting 100% - 0.094$ vote & comment @thi/poe done .
Good
Good
thanks
ok
right
ok
thanks