4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

ဆန္ဒနဲ့ လောကဒဏ်

image
စကားပုံတစ်ခုရှိတယ်။
အနာခံမှ အသာစံရတဲ့။ လူတိုင်းကြားဖူးမှာပါ။အင်္ဂလိပ်တော့ no pain , no gainလို့ အလွယ်ခေါ်ကြတာပေါ့။ ဟုတ်တာပေါ့ လောကဒဏ်ရဲ့ ခတ်ခဲကြမ်းတမ်းမှုတွေကို ခံစားပြီးမှ အောင်မြင်ပြီး ပြီးပြည့်စုံတဲ့ ဘဝလေးတွေကို ပိုင်ဆိုင်ကြရမှာလေ။ ဒီနေ့အောင်မြင်သူတွေဟာ လွယ်လွယ်နဲ့ လူတိုင်း အားကျရလောက်တဲ့ အခြေအနေကို ရောက်လာခဲ့တာ မဟုတ်ဘူး။ သူတို့မှာ တစ်ချိန်က နာကျင်ခတ်ခဲခဲ့တယ် ရက်စွဲတွေ ရှိခဲ့တယ်။

လူတိုင်းတော့ အောင်မြင်မှု၊ သာယာမှုကို လိုချင်တာ မဆန်းပါဘူး။ ဆန်းနေတာက အဲ့လိုချင်နေတဲ့သူတိုင်း သူတို့လိုချင်တဲ့ နေရာကို မရောက်ကြဘူး။ တချို့ဆို ဆင်းရဲ့ချို့တဲ့ပြီး လူမသိသူမသိနဲ့ လောကကြီးထဲကနေ တိတ်စိတ်စွာ ထွက်ခွာသွားပြီး လောကဒဏ်တရားကြီးကို အရှုံးပေးသွားကြတယ်။ သူတို့ကလည်း ဘဝပေးကြောင့်ဆိုတာလည်း ရှိပါတယ်။ ထိုအကြောင်းပြချက်တစ်ခု လက်ကိုင်ပြီး ဆင်းရဲမွဲတေမှုတွေနဲ့ ဆက်လက်နေထိုင်နေခဲ့ကြတာပေါ့။ သူတို့ရုန်းမထွက်ကြည့်တာ။ ဒီဘဝဒီအခြေအနေကနေ ဒီထက်ကောင်းတဲ့ နေရာကို သွားဖို့ မရဲကြတာ။ အဓိကကတော့ အောင်မြင်ချမ်းသာမှုဆီကို သွားတဲ့လမ်းက လောကဒဏ်တရားကြီးကို ရင်မဆိုင်ရဲတာ။ ရင်မဆိုင်ကြည့်ကြတာ။ ဘဝပေးကုသိုလ်ကံကို မအောင်မမြင်နဲ့ ဆင်းရဲဖို့ပါလာတာလို့ ပြောပြီး နေသူတွေရဲ့ စိတ်ထဲမှာ ဘာတွေရှိနေမလဲ။ သေချာစဉ်းစားကြည့်မယ်ဆိုရင် သူတို့စိတ်ထဲမှာ ဒီဘဝတော့ တစ်သက်လုံး ဒီလိုပဲ နေရတော့မှာပဲ ကြိုးစားလည်း အပိုပဲလို့ တွေးနေကြလိမ့်မယ် ထင်တယ်။ ဘယ်လို ရုန်းထွက်မလဲဆိုတာတော့ တွေးနေကြလိမ့်မယ် မထင်မိဘူး။(ဒါက ကျွန်တော်ရဲ့ အတွေးကို ပြောတာပါ။ တခြားလူတွေတော့ ဘယ်လိုမြင်မယ် မသိဘူး)

ကျောင်းသားတစ်ယောက် စာမေးပွဲမှာ ထူးချွန်ဖို့ဆိုရင် အပင်ပန်းခံ ကြိုးစားဖို့လိုတယ်။ ဒီလိုပဲ ဘဝမှာ တစ်ခုခုကို လိုချင်ရင်တော့ အပင်ပန်းခံရမယ် အနာခံရမယ်။ ဒီနေ့ကြိုးစားနေတာဟာ မနက်ဖြန် အေးချမ်းသာယာစွာ နေနိုင်ဖို့အတွက်ပဲလေ။

ပုံပြင်လေး တစ်ခုပြောပြမယ်။
ဦးဘမှာ သားနှစ်ယောက်ရှိတယ်။ တစ်ယောက်က စက်ဘီးစီးတတ်ချင်တယ်။ နောက်တစ်ယောက်က ရေကူးတတ်ချင်တယ်။ သူတို့နှစ်ယောက်အတွက် ဦးဘ ရေကူးကန်တိန်တိန်လေး တစ်ကန်နဲ့ စက်ဘီးတစ်စီး စီစဉ်ပေးခဲ့တယ်။ မသင်ပေးဘူး။ လွတ်ထားတယ်။ နှစ်ယောက်စလုံးမှာ တတ်ချင်တယ်ဆို့တဲ့ ဆန္ဒတွေ ပြင်းပြစွာ ရှိနေတယ်။ ရေးကူးတတ်ချင်တဲ့ တစ်ယောက်က ရေကူးကန်ထဲကို ဆင်းဝံ့တယ်။ စက်ဘီးစီးတတ်ချင်တဲ့ တစ်ယောက်က စက်ဘီးကို အဖော်မပါ တတ်ခွပြီး လျှောက်နင်းတယ်။ ရေးနစ်တာလည်း ရှိသလို စက်ဘီးမှောက်တာလည်း ရှိတယ်။ ဒါကိုလည်း ဦးဘ ကြည့်သာနေတယ်။ သွားမကူဘူး။ မသင်ပေးဘူး။ ရေနစ်တဲ့သူလည်း သူ့အသက်တော့ ဘယ်အသေခံမလဲ အရပြန်တက်ရတာပေါ့တယ်။ နောက်ထပ် ထပ်ပြီး ဆင်းတယ်။ ဒီလိုပဲ စက်ဘီးမှောက်တဲ့ သူကလည်း သူဟာသူဘဲ စက်ဘီးကို ပြန်ထူတယ်။ ပြန်ပြီး စီးတယ်။ ရက်အနည်းငယ် ကြာလာတော့ ရေးကူတဲ့သူဟာ ရေမနစ်အောင် ဘယ်လို ကိုယ်ဖော့ရမလဲ၊ ရေငုပ်ရင် ဘယ်လိုနေရမလဲ၊ ဘယ်လို ကူးခတ်ရမလဲ သိလာတယ်။ စက်ဘီးစီးတဲ့ တစ်ယောက်လည်း စက်ဘီးကို ဟန်ချက် ညီအောင် ထိန်းတတ်လာတယ်။ ဦးဘ ဟာ သူ့ရဲ့ သားနှစ်ယောက်ကို မချစ်လို့ ပြစ်ထားတာ မဟုတ်ဘူး။ လောကဒဏ်ဆိုတာကို နားလည်လာအောင် သင်ပေးလိုက်တာပါပဲ။

ဒီမှာ တွေးကြည့်မယ်။ ရေနစ်တဲ့ကလေး ရေဆက်မကူးရဲတော့ဘူးဆိုပြီး နေရင် ရေကူးတတ်လာမှာ မဟုတ်သလို စက်ဘီးမှောက်တဲ့ကလေး စက်ဘီးဆက်မစီးရဲတော့ရင် စက်ဘီးစီးတတ်လာမှာ မဟုတ်ဘူး။ သူတို့မှာ ဆန္ဒရှိတယ်။ ဒါဖြစ်ချင်တယ်ဆိုတဲ့ ဆန္ဒရှိတယ်။
သူတို့ရပ်ချင်ရင် ရပ်ပလိုက်လို့ ရတာပဲလေ။ ဒါပေမဲ့ သူတို့ဝါသနာပါရာ အားသန်ရာ ဖြစ်လာရာကို ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်က နာနေတောင် ရှေ့ဆက်ဖို့ တွန်းအားတွေ ပေးနေတာလေ။

အနာခံတိုင်း အသာစံဖို့မဟုတ်သလို အသာစံချင်တိုင်းလည်း အနာခံဖို့ မဟုတ်ပါဘူး။ အနာခံသင်တဲ့ လောကဒဏ်တရားကြီးကို ကြောက်ပြီး ရှောင်ကွင်းသွားရင်တော့ အသာစံရဖို့ ဝေးပြီး။ ဖြစ်လိုတဲ့ ဆန္ဒရှိရင် အနာခံကြိုးစားကြည့်ပါ။ ။

အမှားပါရင် ခွင့်လွတ်နားလည် စေချင်ပါတယ်

37 upvotes $0.12

Replies (7)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: