4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

Feeling..sad...💔💔


crd-org-source

ချစ်သူရေ...
မိုးလင်းတိုင်း အလွမ်းတွေနဲ့ မျက်နှာသစ်ရလွန်းလို့ ဝေးရာပြေးခဲ့မိတယ်..။စိတ်မပြေ လက်မပျောက်ယုံတင်မက ရောက်ရာအရပ်က နင်ရှိရာ အပြေးလာချင်မိတာ ငါအမှတ်သည်းခြေ နည်းသလားဟင်..။ လွမ်းပီဆိုမှဖြင့် သီချင်းသံကြားလဲ လွမ်းတယ်..။ လေတိုက်တာကြည့်ရင်း သစ်ရွက်ကြွေကျတာကြည့်ရင်းလဲ လွမ်းတယ်။ မိုးဖွဲဖွဲကနေ သည်းသည်းရွာတာကြည့်ရင်းလဲ လွမ်းတယ်..။ ဒုက္ခ ပါပဲ ချစ်သူရယ်..။ ရင်ထဲ မှာ ဘာမှ မျှော်လင့်ချက်မရှိတော့အောင် မျှော်လင့်ချက်တွေဆိတ်သုဉ်းခဲ့ရပီးပီပဲ..။ငါ ဖရိုဖရဲဖစ်နေတာကို နင်မြင်ရင် ပြုံးနေမလား ဟားတိုက်ရယ်နေမလား..။ ချစ်သူရယ် အချစ်ဆိုတာ အလွမ်းနဲ့ ရင်နာခြင်းက အဆုံးသတ်ပဲလား..။ အချစ်ဆိုတာတစ်ခုတည်းနဲ့ ဘဝနှစ်ခုလုံး မလုံခြုံနိုင် တော့မှန်း ဇတ်သိမ်းခမ်းရောက်မှ သိခဲ့ရပီမလား..။ ခုတော့ နင်နဲ့ဝေးရာ ပြေးထွက်ခဲ့ပေမဲ့ ရင်းထဲမှာ စူးတရှရှ နေမထိထိုင်မသာ..။

8b11943980ff516a6d038803d54b8e75.gif
crd-org-source

ချစ်သူရေ....
အချစ်ကို ချစ်နေစေပြီး ဘဝတွေ ပါ ပါမလာရင် သိပ်ကောင်းမှာပဲ တွေးမိတယ်..။မင်းကတော့ မျှဝေခံစားဖို့ ငြင်းဆန်တယ်။ မင်းခံယူတဲ့အချစ် ငါတန်ဖိုးထားတဲ့အချစ် ထပ်တူမကျတဲ့အခါ ဇတ်သိမ်းက.. ??အချစ် ဇတ်သိမ်းတွေ လှဖို့ဆိုတာ ပေးဆပ်မူ့တွေ အနစ်နာခံမူတွေ အပြန်အလှန် နားလည်မူ့တွေ စသဖြင့် ခြယ်မှုန်းမှ လှပမယ်လေ..။ အပြစ်မမြင်ရက်ပါဘူး ချစ်သူရယ်...။ ပေးဆပ်ဖို့ဆိုတာလဲ ရှိမှ ပေးစရာရှိမှပေါ့..။အနာခံဖို့လဲ ကိုယ်ကောင်းမှ ဖြစ်လာမှာပဲမလား..။ အရေးကြီးတာက ဟန်ဆောင်မူ့မပါတဲ့ ချစ်ခြင်းတွေပေါ့..။
အချစ်ကြောင်း ပြောမိရင် ဟားတိုက်ပီး ရယ်ချင်တယ်..။ နငိ့အချစ် မစစ်လို့လား..။ ငါ့အချစ်တွေ ပိုခဲ့လို့လား... ။ သိပ်ရယ်ရတာပဲ ချစ်သူရယ်..။ အချစ်မှာ အကြောက်တရားတွေရှိသလား..။ မျှော်လင့်ချက်တွေရော အားငယ်မူ့တွေရော..။ တကယ်ဆိုရင် သံသယကင်းပြီး ယုံကြည်မူ့ပဲ လိုပါတယ်..။ ငါက နင့်ကို ယုံချင်တယ်..။ အခါခါ ယုံကြည်မူ့တွေ ချိုးဖောက်ခံရတဲ့အခါ ငါ့ရင်ထဲ မာနမီးတွေ တဟုန်းဟုန်းတောက်လောင်ခဲ့ပေါ့..။ သို့ပေသိ လမ်းခွဲမှာကျတော့ နင်ရော ငါရော ကျောခိုင်းရင်း မျက်ရည်ကိုယ်စီကျနေရပီ မဟုတ်ပါလား..။

c1fea2ef36212e989ba94741d6503e8d.gif
crd-org-source

ချစ်သူရေ..
လူတိုင်းမှာ အားနည်းချက် ကိုယ်စီရှိကြတယ်..။ နင့်အားနည်းချက် ငါ့အားနည်းချက် မမြင်အောင် ဖုန်းကွယ်ဖို့ မျက်နှာဖုံး ဘယ်လောက် ကြာကြာ ဖုံးနိုင်အုံးမလဲ..။ချစ်သူ့သက်တမ်းကရော ဘယ်နေ့ သက်တမ်းစေ့ပြီး ပျက်စိးမလဲ ဘယ်သူကြိုသိမလဲ..။ အားနည်းချက်တွေဆိုတာ ချစ်သူ့သက်တမ်း ရှည်ကြာလာတာနဲ့ ရေရှည် ဖုံးကွယ်ထားလို့မရဘူးလေ..။ အဲ့ဒီအခါ ခွင့်လွတ်မူ့နဲ့ အားနည်းချက်ကို ချိန်ထိုးတဲ့အခါ သာတဲ့ဖက်ကို အချစ်က လိုက်မယ်မလား...။ အချစ်ဖက် အားသာရင် ဆက်တွဲလို့ အားနည်းချက်က အားသာတဲ့အခါ လမ်းခွဲကြလေသတည်းပေါ့..။ နင်က နင့်အတ္တတွေပဲ ချစ်တဲ့အခါ ငါ့ကလဲ ငါ့မာနကို ခြယ်သဖြစ်တယ်..။ငါ့နင့်ကို ခွင့်မလွတ်နိုင်ပေသိ နင့်ကို ချစ်နေတုံးပဲ..။
ချစ်သူရေ....
ချစ်သူရေ....
ချစ်သူရေ...

author @kyi
msc 050

Posted using Partiko Android

82 upvotes $0.44

Replies (14)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: