4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

Game Over

1.jpg
Crd-source

ဆောင်းလေအေးတွေ တိုက်ခတ်လာတော့ နင့်ကို သတိရမိပြန်ပီ..။ ညနေဘက်ကြီး ခြေလျင်လျောက်ပီး အဖွဲ့လိုက် သီတင်းကျွတ်လပြည့် ဘုရားပွဲ သွားကြတာ သတိရမိသေးတယ်။ ဘယ်လိုလုပ် နင်က ငါ့နား ငါက နင့်နားရောက်လို့ စကားတွေ ဖောင်ဖွဲ့မိကြပါလိမ့်..။ တူရာ စုကြတဲ့သဘောမှာ ငါတို့ ချင်း အကြိုက်တွေ တူခဲ့ကြတယ်တူတယ်နော်။ နင်ကြိုက်တာ ငါကြိုက်ခဲ့သလို၊ ငါနှစ်သက်တာလဲ နင်ကြိုက်ခဲ့တာပဲလေ..။ သေချာတာက အဲ့ဒီအချိန်က တို့တွေ ခင်ခဲ့ကြတာပါ။ ဘေးက သူငယ်ချင်းတွေ စနေခဲ့တာတောင် အပြုံးမပျက်ခဲ့ဘူးနော်..။

images (21).jpeg
Crd-source

ငါ့ထက် တစ်နှစ်လောက် အသက်ပိုကြီးလို့ ကို လိုလို အကိုလိုလို အဖျားဆွတ် ခေါ်မိခဲ့တယ်။ အတန်းချင်းကြ တူတူမလို့ စကားပြောတိုင်း နင် နင် နဲ့ကတော့ ထည့်ပြောဆဲ။ ဆယ်ကျော်သက် ရင်ခုန်သံဟာ ဖြူစင်ခဲ့ပါတယ်။ စကားပြောတိုင်း သူ့မျက်နှာကို ကြည့်ပြီး တစ်ခါမှ မပြောရဲခဲ့ပါဘူး။

"မေဇွန် ကိုယ့်ကို ကြည့်ပြီး စကားပြောပါကွာ”

"ဘာလို့လဲ ကြည့်ရအောင် ကိုက မင်းသား လဲ မဟုတ်ပဲ အဟီး😁😁”

အာ့လို ရယ်သွေး ပြန်ပြောခဲ့တယ်။

စကားပြောတိုင်း အဝေးတစ်နေရာ (သို့) အောက်ကို ကြည့်ရင်း စကားပြောမိခဲ့တာက
တကယ်ကို နင့်မျက်ဝန်းတွေနဲ့ ပြိုင်မကြည့်ရဲခဲ့သူပေါ့..။

ငါတို့အဖွဲ့ထဲ နင်ရောက်မလာခင် အထိ နင် ဆိုတာ ခပ်ရှုပ်ရှုပ် လူတစ်ယောက်ပါ။
တို့တွေ သူငယ်ချင်းဖြစ်ကြထဲက ဘာသံညာသံမှ မကြားရတော့ပါဘူး။ ဒီလိုနဲ့ သူ ကျွန်မတို့အဖွဲ့ထဲ ခင်မင်ခဲ့ကြတာ နှစ်ဝက်ကုန်လို့ တတိယနှစ်ဖြေပီးခဲ့ချိန်ရောက်ပေါ့..။

58e3e6d29e795.image.jpg
Crd-source

ကျောင်းပိတ်ရက်လဲဖြစ်တော့ သူငယ်ချင်းတွေ နဲနဲ ကွဲကွာကုန်ကြတယ်။ အဖွဲ့ထဲက မိန်းကလေး၃ယောက်ကတော့ နေ့စဉ် တွေ့ဖြစ်ကြမြဲပင်။ ကျောင်းပိတ်ရက် Computer Advance တက်ရင်း လူစုမြဲပင်။ နင်လဲ မကြာ မကြာ ရောက်လာမြဲပင်။ တစ်ရက်ပေါ့ ကျွန်မတို့ သူငယ်ချင်း ၃ယောက် အအေးဆိုင်ထိုင်နေတုံး သိပ်လှ သိပ်ဖက်ရှင်ကျတဲ့ ကောင်မလေးတစ်ယောက် စားပွဲနားရောက်လာပြီး

"ခနထိုင်မယ်နော်..”

ကျွန်မတို့ တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး

"ဟုတ်ကဲ့ ထိုင်ပါ ...”

"အမက Main ကျောင်းကပါ .”

သူမ သိပ်လှလို့ ငေးကြည့်မိနေခဲ့သည်။

"ဘယ်လို ပြောရမလဲ ..” ဆိုပြီး
သူမ ပြောရခက်သလို ဘေးကျနေတဲ့ဆံပင်ကို နားရွက်ကြားလှမ်းထည့်ရင်း

"မေဇွန်ဆိုတာက...”

"ဟုတ်ကဲ့ ကျွန်မပါ မမ ပြောပါ..”

"ပြောရမယ်ဆိုရင် မောင်...အဲ ခန့်မင်းမောင် နဲ့ မိဘချင်း စေ့စပ်ထားသူပါ ညီမ”

"အော် အမ အမဘာသောက်မလဲ အပူလား အအေးလား ခုနေတော့ အအေးသောက်တာ ရင်ပူ သက်သာတာပေါ့နော့ အမ စတော်ဘယ်ရီမှာလိုက်မယ်နော်”

ကျွန်မ ဘေးက သူငယ်ချင်းက ပြုံးစစ ဝင်ပြောတော့ သူမ မျက်နှာ တစ်ချက် ပျက်သွားသည်။
ကျွန်မ အားနာ သွားရသည်။

"ဟုတ် မမ ဆက်ပြောပါ.. ကိုခန့်မင်း ပြောပြထားပါတယ် မမ သူ့မှာ မိဘ သဘောတူသူ ရှိတယ် ဆိုတာကိုပါ”

သူမ ပြုံးရင်း

"ဟုတ်တယ် ညီမလေး မမ တို့စေ့စပ်ထားတာ ၂နှစ်လောက်ရှိပြီ ကျောင်းပြီးရင် လက်ထပ်ပေးကြမှာ ညီမ
မောင်ကချောတယ်ဆိုတော့ သူက ပွေချင်တယ်မလား မမ တော်ရုံမပြောပါဘူး သူပျော်ပါစေဆိုပြီး ခွင့်ပြုထားတာ တခြားကောင်မလေးတွေနဲ့ သူတွဲရင် အလွန်ဆုံး သုံး လေးလ ပဲ ခု ညီမနဲ့ကျ တစ်နှစ်နီးပါး အတွဲ မပျက်တော့ မမ စိတ်ပူလို့ လာပြောရတာပါ ..”

"ညီမကိုလဲ တခြားသူတွေ အပြစ်မမြင်စေချင်ဘူးလေ
ပြီးတော့ ညီမကြောင့် မမတို့စေ့စပ်တာ ပျက်သွားရင်လဲ ပတ်ဝန်းကျင်က ညီမကို....”

"ဟို ရပါပီ မမ ..”ကျွန်မ ပြုံးရင်း တားလိုက်မိသည်။

"စိတ်ချပါနော် ညီမနား ကိုခန့်မင်း မရှိတော့ရင် မမ ကျေနပ်ပီမလား မမ စိတ်ချပြန်လိုက်ပါ”

"ကျေးဇူး ပါ မေဇွန် ညီမ..”

သူမ ပြန်သွားလေသည်။

broken_heart_geralt.jpg
Crd-source

သူငယ်ချင်းတွေက မေးကြလေသည်။
မိမိနှင့် ခန့်မင်းမောင် ချစ်သူတွေ ဖြစ်နေကြသလားတဲ့
ချစ်ပါတယ်လို့ ပါးစပ်က ဖွင့်ပြောမှဆိုရင် ကျွန်မတို့ ချစ်သူတွေ မဟုတ်ကြပါ..။

နှင်းတွေဝေတဲ့ တစ်ရက် က ...

"မေဇွန် ကိုယ့်မှာလေ လူကြီးချင်း စေ့စပ်ထားသူ ရှိတယ် ကိုယ် မေဇွန့်ကို ချစ်တယ်ဆိုတာ မေဇွန်သိနေတယ်မလား..ကိုယ့်ဘဝမှာ မေဇွန်သည်သာ အချစ်ဆုံးချစ်ရသူဆိုတာ ကိုယ်ကျိန်ပြောရဲပါတယ်..မေဇွန်”

နှင်းကျတာထက် ရင်ထဲမှာ ပိုအေးစက်ခဲ့ရသည်။

အော်... ဘဝမှာ ပေါင်းစည်းရမှ အချစ်မှ မဟုတ်ပဲကွယ်.. ကိုယ်ရှေ့ဆက်တိုးရင် သူက ပိုဆိုးမယ်ဆိုတာ သိနေလို့ ဒီလိုလေး ရပ်နေခဲ့သူရပါ..။ ခုလိုဆိုရင်ဖြင့် ကိုယ်တို့တွေ့ခွင့်တောင် မရနိုင်တော့ဘူး ကိုရယ်..။
ကိုယ့်ကို စိုးရွံ့ စွာ လာပြောသွားသူ မိန်းကလေးချင်း ကိုယ်ချင်းစာပါတယ်.. ပြီးတော့ ရွှေရွှေခြင်း ထပ်လို့ မြတ်ကြတဲ့ ပွဲမှာ ကိုယ် ဗီလိန်လို့ အမြင်မခံချင်ပါဘူး..။
ကိုယ့်ကို အရာအားလုံးထက် ပိုချစ်ပါတယ် လို့ ပြောခဲ့ တဲ့နောက် လိုအပ်တာ ဘာမ မရှိတော့ပါဘူးလေ..။ နောက်ရက်တွေကစပြီး သူနာကြည်းအောင် ပြောဖို့ သူ ကျွန်မနားက ထွက်သွားစေဖို့ စကားလုံးကြမ်းတွေ စီထားမိပြီ.. အတူဆုံချိန်တွေ နောက်ထက် မရှိနိုင်တော့ ကုန်ဆုံးသွားတော့မည်လို့ ကျွန်မ တွေးလိုက်မိပါ မျက်ရည်စတွေ ကျွန်မ လက်ဖမိုးပေါ် ပေါက်ကနဲ..။

tt.jpg
Crd-source

အော်..ချစ်ရသူရယ် အတွေ့နောက်ကျရလေခြင်း...
အချစ်ဆိုတာ..ပေါင်းစည်းခွင့်မရလဲ ချစ်နေလို့ တော့ရနေတာပဲလေ..
ဆောင်းလေအေးတွေ တိုက်ခတ်တိုင်းလဲသတိရနေဆဲ..
သီတင်းကျွတ် လပြည့်ညရောက်တိုင်းလဲ လွမ်းနေဆဲ....😟😟

main-qimg-e8df615d72be0e1e55d968eff0c789d4-c.jpeg
Crd-source

Aurhor @kyi
MSC 050

111 upvotes $0.49

Replies (35)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: