4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

To A Happy Life

download (10).jpeg
Crd-source

ဘဝမှာ လူတိုင်း လူတိုင်း ပျော်ရွှင်စွာ နေထိုင်ချင်ကြပါတယ်။ လိုတိုင်းတ ရနိုင်ဖို့အတွက်ပေါ့။ ပျော်ရွှင်ခြင်း ဆိုတာမှာ ငွေရှိမှ ပျော်မှာလား ၊ အာဏာရှိမှ စိတ်ချမ်းသာမလား ၊ စသဖြင့် စသဖြင့်ပေါ့လေ မိမိလိုချင်တဲ့ goal ကသာ ပျော်ရွှင်စရာ ဖြစ်ပါလိမ့်မယ်။ လူတွေကို ကူညီပေးလို့ ရလာတဲ့ ပျော်ရွှင်မူ့ ကတော့ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ သင် မည်သည့်အရာကိုကူညီနိုင်သနည်း..။ စာအုပ်လိုအပ်နေသူတွက် စာအုပ်၊ ဆာလောင်နေသူတွက် မုန့်တစ်ဖဲ့၊ ပစ္စည်းမနိုင်မနင်း သယ်လာသော သက်ကြီးရွယ်အို တွေအတွက် လက်တစ်ဖက်၊ ကလေးငယ်တွေတွက် ချစ်ခြင်းမေတ္တာ ၊ ဘဝမှာ နေထိုင်ရင်း နေ့စဉ် ဖြတ်သန်း မူ့တွေထဲက ကြီးကျယ် စွာ အားမထုတ်ရပါပဲ မိမိတို့ လမ်းကြုံ ကူညီပေးနိုင်ကြသည်ပဲ မဟုတ်ပါလား..။

help.jpg
Crd-source

Bus Car ပေါ်မှာ သာသနာ့ဂုဏ်ဆောင် ပုဂ္ဂိုလ် (သို့) ကိုယ်ဝန်ဆောင် များ၊ သက်ကြီးရွယ်အိုများအား မမြင်ချင်ယောင်ဆောင် ပြီး ဘယ်သူနေရာမရရ ငါရရင်ပြီးရော ဆိုသူများလဲ ဒုနဲ့ဒေး..။ ထိုမြင်ကွင်းကို မြင်ရရင်ဖြင့် စိတ်ညစ်ညူးပြီး နေချင်ဖွယ်ရာမရှိ..။ ကူညီဖေးမသူများ မြင်ရရင်ဖြင့် အော် နေပျော်ဖွယ်ကောင်းပါသေးလားဟု အောက်မေ့မိသည်။ ချစ်ခြင်းမေတ္တာ ၊ ကိုယ်ချင်းစာတရား အလွန်နည်းလာသော ကမ္ဘာကြီးတွင် သင်ရော ကျွနုပ်ရော မည်သည့်ဖက်တွင် နေမည်နည်း..။

images (22).jpeg
Crd-source

စကား စကား ပြောပါများ စကားထဲကဇာတိပြ...။ ချိုချိုပြောလဲ ဒီစကား ရင့်ရင့်သီးသီးပြောလဲ ဒီစကား ပဲ မဟုတ်ပါလား..။ ထိုသိုဆိုမှဖြင့် စကားကို ချိုသာစွာ ပြောသင့်ပေသည်။ စကားပြောခြင်းနှင့် ပတ်သတ်၍ ဖတ်ဖူးသော စာတပုဒ် ရှိလေသည်။ ထိုစာအား အနှစ်ချုပ်ရသော် စိတ်အလွန်တိုတတ်သော သားအား ဖခင်ဖြစ်သူက သားစိတ်ဆိုးတိုင်း ရိုက်ရန် တူတစ်ချောင်းနှင့် သံတစ်ထုပ်အားပေးထားပြီး စိတ်အလိုမကျမူ့ရှိတိုင်း အိမ်ဝင်းနံရံသစ်သားအား ရိုက်စေသည်။ ဒီလိုနှင့် စိတ်ဆိုးလိုက် ပြေးရိုက်လိုက်နှင့် သံအတော်ကုန်လာလေသည်။ တဖြေးဖြေး နှင့် သူ စဉ်းစာမိလာသည်က စိတ်ဆိုးသည်အခါ နံရံဆီ မသွားချင်တော့ပဲဒေါသကို ဖြေလျော့တတ်လာသည်။ ယခင်က တရက် ၁၀ချောင်း ကျော် ရိုက်ရာမှ ယခုအခါ ၄၊၅၊၆ချောင်းသာ ရိုက်တော့သည်။ ထိုမှတဆင့် လုံးလုံး သွားမရိုက်တော့သည်ထိ ဒေါသကို ထိန်းလာနိုင်သည်။

how-to-be-happy-in-life.jpg
Crd-source

ထိုအခါ သားဖြစ်သူက ဖခင်ဖြစ်သူကို မိမိ ဒေါသ မထွက်တော့ကြောင်း စိတ်ထိန်းနိုင်ပြီဖြစ်ကြောင်း ပြောဆိုရာ ဖခင်မှ ဒီလိုဆိုရင်ဖြင့် စိတ်ထိန်းနိုင်တဲ့ရက်တိုင်း မိမိရိုက်ထားသား သံမှိုများအား ပြန်နှုတ်ရန် ခိုင်းလေတော့သည်။ ဒီလိုဖြင့် တစ်ရက် တစ်ရက် နှင့် သံမှိုအားလုံးလည်း နှုတ်ပြီးလေသည်။ ထို့အခါ ဖခင်ဖြစ်သူအား နှုတ်စရာ သံမှိုများကုန်ပြီဖြစ်ကြောင်း ပြောသဖြင့် သားနှင့်အတူ ဝင်းနံရံသို့ အတူထွက်ကြည့်ကြလေသည်။ ဖခင်ဖြစ်သူမှ သားအား ပြောသည်မှာ "သားရေ..ကြည့်ပါအုံကွာ သားရိုက်ထားတဲ့ နံရံမှာ အပေါက်ရာတွေနဲ့ မချောမွေ့တော့ဘူးမလား..အဲ့ဒီလိုပါပဲသားရယ် သားဒေါသဖြစ်လို့ တစ်ဖက်လူကို ပြောလိုက်တဲ့ ဒေါသစကားသံတွေဟာ တစ်ဖက်လူရဲ့ ဝင်းနံရံမှာ ခုလို အမာရွတ် တွေ ကျန်နေပါလိမ့်မယ်.. စကားနဲ့ပဲဆိုဆို၊ ဓားနဲ့ပဲ ထိုးထိုး ဒဏ်ရာ အမာရွတ် ကတော့ ကျန်နေစမြဲပဲ မဟုတ်လား.. ကိုယ့်ပတ်ဝန်းကျင်က မိတ်ဆွေဆိုတာကလည်း အဖိုးဖြတ်မရ ရတနာတွေ ပါပဲ။ မိမိ တွက် ပျော်ရွှင်စရာ ၊ စိတ်ညစ်စရာများကို လက်ခံပေးသူများမလား သားရေ ကိုယ့်ကြောင့် တစ်ဖက်သားမှာ အမာရွတ် ထင်ကျန်စေမဲ့ စကားများ မပြောဆိုမိကြဖို့ ထိန်းနိုင်ကြဖို့ ကြိုးစားကြရမယ် မဟုတ်ပါလား သားရေ..”ဟု ပြောလိုက်လေသည်။

images (23).jpeg
Crd-source

ထို ဝတ္တုတိုလေး ဖတ်ပြီးလူတိုင်း စိတ်ချမ်းသာပျော်ရွှင်ကြဖို့ အကောင်းမြင်စိတ်ဟာလဲ အရေးကြီးပါတယ်လို့ ခံစားမိပါတယ်..။ လူတိုင်း အပေါ် အကောင်းမြင်စိတ်လေးနဲ့ လူတိုင်း လူတိုင်း ပျော်ရွှင်နေကြစေလိုပါသည်။ အော်..ဒါနဲ့ စကားမစပ် မယ်ကြည်ကြောင့်သင်တို့ဝင်းနံရံမှာ သံနှုတ်ရာတွေ ကျန်ရစ်စေခဲ့တာများရှိရင် ဒီစာနဲ့အတူ အနူးအညွတ် တောင်းပန်ပါတယ်ဟု ပြောကြားရင်း နိဂုံး ချုပ်လိုက်ရပါတယ်ရှင့်..။
Author @kyi
MSC 050

103 upvotes $0.50

Replies (30)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: