4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

(အ.ထ.က ​ကျောင်း​တော်​ရာ)

♡ ♡ အ.ထ.က ကျောင်းတော်ရာ ♡ ♡
__________________@

(၂၀၀၃ခုနှစ်မှ၂၀၀၈ခုနှစ်ကာလများကိုခံစားရေးဖွဲ့သည်)

*တောလမ်းကလေးကိုဖြတ်လျောက် တစ်မိုင်လောက်ခရီးပေါက်တဲ့အခါ
ငါတို့ရဲ့ကျောင်းတော်ရာ မြို့ပြငယ်ရဲ့ကျောင်းကလေး အနာဂါတ်ရဲ့
အသီးအပွင့်တွေဖြူဖြူဖွေးလို့!!

*ဖွံ့ဖြိုးတိုးတက်မှုဟာလေးလံနှေးကွေး
နည်းပညာဆိုတာ ငါတို့ကျောင်းကလေးနဲ့အလှမ်းဝေးဆဲ
ကွန်ပျူတာဆိုတာ မကြာခနခိုးကြည့်ခဲ့တဲ့
ကျောင်းအုပ်ကြီးရုံးခန်းက ရုပ်ဆိုးဆိုးတီဗွီကြီး
သင်ထောက်ကူပစ္စည်းတွေမစုံပေမဲ့
ဆရာတွေရဲ့ စေတနာ မေတ္တာတွေကြောင့်
ငါတို့ပညာတွေစုံခဲ့ပေါ့!!

*ငါတို့ကျောင်းကလေးမှာ
ကျောင်းအားကစားကွင်းဆိုတာ
ဖိနပ်ကိုဂိုးတိုင်လုပ် ကိုယ့်ဘာသာဒိုင်လုပ်ကစားခဲ့ရ
မြို့နယ်အားကစားတွေပါဝင်ဆင်နွှဲ
စုံညီပွဲတွေလဲကျင်းပ ပညာရေးလဲလှပခဲ့တဲ့
ကျောင်းကလေး!!

*ကျောင်းတော်ရာ- - - -
ကျေးလက်စိတ်တဝက် မြို့ပြစိတ်တဝက်နဲ့
(၂၁)ရာစုကြီးကို အမှီလိုက်
ခေတ်ဆန်ဆန်စရိုက်တွေလဲရှိခဲ့

*ဆန်ရေစပါးတွေပေါများ
ပထဝီအနေအထားလဲလှပ ရှေးကျခဲ့တဲ့
မြို့ကလေး
ဘုရားရှင်ကိုယ်တိုင် (၇)ရက်သီတင်းသုံး
တရားထူးတွေဆုံးမခဲ့တဲ့ဒီနေရာ

*အို- - -ကျောင်းတော်ရာ
ရေကြည်ရာမြက်နုရှာ ဝေးကွာခဲ့တဲ့နှစ်တွေလဲကြာ
လွမ်းလိုက်ပါဘိ စန္ဒကူးနံ့သာကျောင်းတော်ရာ!!!
FB_IMG_1532226103157-01.jpeg

Photo-credit
Author-laminchit

9 upvotes $0.02

Replies (5)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: