4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

Misses

image
အ​မေ---
ရန်​ကုန်​မှာ မိုး​တွေသဲသဲမဲမဲရွာ​တဲ့အချိန်​​တွေဆို
ကျ​နော့်​စိတ်​​တွေ အ​ဝေး​ပြေးကားကြီးစီးစရာမလိုပဲ
အ​မေနဲ့ရွာဆီ ​ရောက်​​နေတတ်​တယ်​.....

မှတ်​မိ​သေးတယ်​အ​မေ---
မိုး​ရေ​တွေကြားထဲ အ​မေနဲ့ကျွန်​​တော်
ဈေး​ရောင်းသွားရင်း ​မြောင်း​ဘောင်​တန်းမှာ
သရက်​သီး​တွေ​ကောက်​....
အိမ်​အပြန်​ မိုးခြိမ်းသံ​တွေကြားမှာ
ကုက္ကိုလ်​ပင်​​အောက်​က ရပ်​​စောင့်​​နေတတ်​တဲ့အ​ဖေ

ညစာထမင်းလက်​ဆုံစားဖို့
ညီ​လေး ညီမ​လေး​တွေက
နွားစင်​ကြီး​အောက်​မှာ အမြဲ​မျှော်​​နေတတ်​တယ်

မိုးသဲတဲ့တချို့ည​တွေဆို ....
အိမ်​​ခေါင်​မိုးကမိုးမလုံလို့
ခေါင်းရင်းခန်းက အ​မေ့​စောင်​ခြုံထဲ​ပြေးဝင်
မောင်​နှမ​တွေ စုပြုံအိပ်​ရတာ
ဇိမ်​ခံဖဲ​မွေ့ယာ​တေနဲ့​တောင်​ မလဲနိုင်​ပါဘူးအ​မေ
ပျော်​ရွှင်​စရာအတိတ်​က လွမ်းစရာပုံရိပ်​က​လေး​တွေ

ခု​တော့လဲ မိသားစုနဲ့​အ​ဝေး
မွန်းကျပ်​တဲ့မြို့ပြလူ​နေမှုစနစ်​မှာ
ရုန်းရင်း ကန်​ရင်း လှုပ်​ရှားရင်း
အ​မေ့အိမ်​​လေးနဲ့ခွဲခဲ့ရတာ နှစ်​​တောင်​အ​တော်​ကြာခဲ့ပြီ

လွမ်းတယ်​အ​မေ.....
ရန်​ကုန်​မှာ မိုး​တွေညှို့လာရင်
အ​မေရှိတဲ့​ကျေးလက်​ကအိမ်
အ​မေ့ရင်​ခွင်​ထဲကို
မိုး​ရေ​ဖွေးတဲ့ လယ်ကွင်းပြင်​​တွေဖြတ်​လို့
အ​ပြေးလာချင်​မိတယ်​......

Photo-credit

4 upvotes $0.15

Replies (2)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: