Community post
YBS ၊ သူမနှင့် ရင်ခုန်သံသွေးတိုးနှုန်း
အဲ့ဒီ့ညနေက.. မှတ်မှတ်ရရ မိုးတွေရွာလွန်းလှတယ်..
နေရာက လှည်းတန်းကားဂိတ်..
သဲမဲနေလွန်းတဲ့မိုးကြောင့်..
အနောက်ဘက်ကကျောပိုးအိတ်ကို အရှေ့ဘက်ပြောင်းလွယ်ရင်း..
ထီးကိုပိတ် YBS အပေါ် ပြေးတက်လိုက်တယ်..
14 ပါ..
YBS 14..
ကားပေါ်အတက်စပ်ကူးမတ်ကူးမှာ ကားအမိုးကနေစီးကျနေတဲ့ ရေက ကိုယ့်ကို နဲနဲတော့ စိုဖြစ်စေလိုက်သေးတယ်..
ကိစ္စမရှိ..
ချာလီထီးကိုလိပ်ရင်း.. Hyper Market ကနေပေးလိုက်တဲ့ ပလတ်စတစ် ထီးစွပ်ကို ထီးမှာစွပ်လိုက်တော့..
ဂွပ် ခနဲအသံနဲ့..
ကိုယ့်အနောက်ကတက်လာတဲ့ ကောင်မလေး မျက်မှန်ပါရွဲ့သွားတယ်..
မဂွပ် ခံနိုင်ရိုးလား..
ကိုယ်ဆိုတာ ဆင်ပြောင်ငါးစီးအားမာန်ကြီးတဲ့ ဗလနဲ့...
ကိုယ့်တံတောင်နဲ့ သူ့မျက်နှာ ခိုက်မိတာ..
သူကလည်း ပုတုပုတုလေး..
ကိုယ်ကလည်း ထောင်ထောင် ထောင်ထောင်ရယ် .
(အရပ်ပြောပါတယ်) .. 😁
အဲ့တော့ ထီးကိုလိပ်ပြီးအိပ်မှာစွပ်ဖို့ လက်အမြှောက် သူ့မျက်နှာနဲ့ ကျနော့်တံတောင်.. ဆုံစည်းမိတော့တာပဲ..
အမိက မှုန်ကုပ်ကုပ်ဗျ.. မကျေနပ်သလိုကြည့်တယ်..
အဲ့လိုဘုရှိုးရှိုးတာ ရွဲ့နေတဲ့ မျက်မှန်ကို ပြန်မတည့်သေးပဲရှိုးတာဗျ...
စဉ်းစားသာကြည့်...
နဂိုကတည်းက ကျုပ်အခွက်က စတီးရယ်..
ခွီ ခနဲ ရီမိလိုက်တာက.. ကျုပ်အဘိုး စိတ်တိုတိုင်း ပစ်ပေါက်နေကျ အကြမ်းပန်းကန်လုံးထက်မြန်တယ်...
45 ဒီဂရီရွဲ့နေတဲ့ ကျွဲကော်ကိုင်းမျက်မှန်ရယ်...
အားညှစ်ပြီး မျက်မှောင်ကုပ်နေတာတောင်.. တွန့်တက်မလာတဲ့ နဖူးကြောရယ်..
နှုတ်ခမ်းကိုထော်သလားမသိပေမယ့်..
ကိုယ်မြင်တာက ဝက်နှုတ်ခမ်းလိုစူထွက်နေတော့..
ကိုယ်လည်း မရီမိနေနိုင်ရိုးလား..
အဲ့လိုနဲ့ နောက်လူတွေကလည်းတက်တော့..
သူလည်း သူ့မျက်မှန်ကို Position ပြန်ချရင်း..
ကျနော့်နည်းတူ မပ်တပ်ရပ်ရတာပ..
ကျနော့်ဘေးမှာပါပဲ..
ထိုင်ခုံတွေက လူပြည့်နေပြီလေ..
အဲ့ဒီကနေ ဆက်စီးလာရင်း..
မသိမသာ သူမကိုခိုးကြည့်မိတော့...
" အာလားလား.."
လှတယ်ဗျ...
နာထင်ကနေဖြတ်စီးနေတဲ့ အကြောလေးတွေက ခပ်စိမ်းစိမ်းရယ်..
မျက်ဝန်းတွေက.. မျက်မှန်တပ်ရပေမယ့်..
ပုတ်ခတ်ပုတ်ခတ် ဖြစ်မနေဘူး..
ကြည်တောက်တောက်..
လည်ကုပ်နားမှာ တိရရိ အဆုံးသတ်သွားတဲ့ ဆံပင်တွေက အတွင်းဘက်ကို ကုပ်ဝင်နေတာ..
လည်ပင်းနားတဝိုက်အကြောတွေကစိမ်းမြ..
သူ့မေးစေ့မှာ ခိုသီနေတဲ့ မိုးရေစက်လေးကလည်း ကဗျာဆန်လွန်းတယ်...
အဲ့ရေစက်လေး ဖြုတ်ခနဲ့ကြွေသွားတော့ လိုက်ကြည့်မိလိုက်သေးတယ်..
ဒါပေမယ့် ခပ်မြန်မြန်ပဲ အမြင်အာရုံတွေကို ဘရိတ်အုပ်လိုက်ရတယ်ဗျ..
အဲ့ရေစက်က.. ရင်ညွှန့်တည့်တည့်ကနေ..
ဖုံးကွယ်အပ်တဲ့နေရာကို စီးသွားတာ.. .
ဒါကတော့ လိုက်ကြည့်လို့မဖြစ်ဘူး..
သူကလည်း မြန်မာရင်ဖုံးဝတ်ထားပေမယ့်..
ကိုယ်က ထောင်ထောင် ထောင်ထောင် ဆိုတော့..(အရပ်ပြောပါတယ်) .. အပေါ်ကနေစီးမိုးကြည့်နေရတာကိုးဗျ..
လည်တိုင်က ဆွဲကြိုးလေးမှာ T သင်္ကေတလေးကို ရွှေနဲ့လော့သီးလေးလုပ်ပြီး ဆွဲထားတယ်..
ခြုံပြီးပြောရရင်..
သိပ်လှတယ်ဗျာ..
အဲ့ ကောင်မလေးကို ရေလည်ကြွေမိဝါးတယ်...
သူလေးသာ ကိုယ့်အပေါ်ပြန်တိမ်းညွှတ်မယ်ဆိုရင် ..
ဘော်ဒါတွေပေးတဲ့ FA ဂုဏ်ပုဒ်ကို ရဲရဲကြီးစွန့်လွှတ်မယ်ဗျာ..

အဲ့နေ့ကလည်း စိတ်ကူးတွေယဉ်လာလိုက်တာ..
လမ်းထိပ်က ကွမ်းယာဆိုင်က စီးကရက်ဖိုးအကြွေးလှမ်းတောင်းမှပဲ သတိပြန်ဝင်တော့တယ်...
ကွကိုယ် ကားပေါ်ကဆင်းခဲ့တာ နဝေတိမ်တောင်ကို ဖြစ်လို့...
#LayCho
#MSU-061
Replies (0)
Conversation
No replies yet
Replies will appear here as people join the conversation.