Community post
So sorry my mistake
စိတ်မပါပဲ မာထန်ထားရတဲ့မျက်နှာထားအတွက်
ကိုယ့်ကိုကိုယ်တော့လိပ်ပြာမလုံ ..
ဖြစ်သင့်သည်ကိုသဘောမပေါက်နိုင်သော ..
လူအချို့ကိုလည်း မုန်းတယ် ...
ကိုယ်ဆိုတာကို လက်ခံလိုက်တာနဲ့ ..
ခွဲမရအောင်ကပ်ပါနေမယ့်အရာတွေလည်းရှိတယ် ..
ဆိတ်ဆိတ်နေခြင်းဆိုတာ ကိုယ့်ကိုအမေမွေးပေးကတည်းက
ချက်ကနေလက်ယာရစ်ရစ်လို့ထည့်ပေးလိုက်တဲ့အတိုင်း ...
စိန်ကောင်းကျောက်ကောင်းရောင်းနေပါစေ ...
တခုခုဆို မျက်နှာပေါ်ချက်ချင်းခုန်တက်လာတတ်တာ .. ...
ဟန်ဆောင်ရတာကိုက ကိုယ့်အတွက်လွယ်မယောင်နဲ့အတော် ကပ်သပ်သောကိစ္စပဲ ..
တမင်မဟုတ်ပဲ ကြမ်းတမ်းသွားရသော စကားလုံးများအတွက်တော့ .. ကြိုပြီးတောင်းပန်ထားပါတယ်..
ထိတွေ့ရတဲ့ဝန်းကျင်တိုင်းကိုပျော်ရွှင်စေချင်တာကတော့ ..
တိကျလွန်းသော စိတ်ဆန္ဒဖြစ်သည်။
ကိုယ့်ရဲ့သက်ရောက်စေမှုတွေသာ အကျိုးဖြစ်ထွန်းမယ်ဆို ..
ကိုယ့်ရဲ့ပုံစံတွေကို ခပ်နာနာခေါက်ရိုးကျိုးအောင် လက်ပူတိုက်ပါတယ် ..
အရာရာမှာ အံဝင်ခွင်ကျမဖြစ်မှုတွေဟာ ..
နေ့ရက်တွေသာပြောင်းသွားတယ် .. ..
ရေလဲသုံးနေရတုန်းမို့ ...
ဆိုင်ဆိုင် မဆိုင်ဆိုင် .. " So sorry my mistakes "
Lay Cho
MSU-061
Photo - Google Images

Replies (7)
အလန်း...
ကိုယ်တိုင်ရိုက် ပုံမဟုတ်ရင် photo credit Link ထည့်ပေးညီ
ဟုတ်ကို ..
ပြန်ထည့်လိုက်ပြီ ..
ကျေးဇူးပါ ..
ကျေးဇူးပါနော်
There are action and reaction in every field but wait
fighting bro
@aggamun
ကျေးဇူးပါ ဘဒို
ကောင်းလိုက်တဲ့ ခရက်ဒစ် :3