4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

စိတ်ထဲမထားတာကောင်းပါတယ်

image
လူတစ်​ချို့က
သင်​အထီးကျန်​အားငယ်​​နေတဲ့အချိန်
သူတို့ ဂရုစိုက်​ချင်​မှ စိုက်​လိမ့်​မယ်
ဒါ​ပေမယ့်​ သူတို့ အထီးကျန်​ဝမ်းနည်း​နေရင်​​တော့
သင်​ ​ထွေး​ပွေ့​ပေးမှ သူတို့​ကျေနပ်​ကြလိမ့်​မယ်​။

လူတစ်​ချို့က
သင်​ အကူအညီလိုတဲ့အချိန်​မှာ
သူတို့ ကူညီချင်​မှ ကူညီလိမ့်​မယ်
ဒါ​ပေမယ့်​ သူတို့လိုအပ်​လာပြီဆိုရင်​​တော့
သင်​ အိပ်​​ပျော်​​နေရင်​​တောင်​ လာနိုးပြီး အကူအညီ​တောင်းကြလိမ့်​မယ်​။

လူတစ်​ချို့်​က
သင်​ ငတ်​ပြတ်​​နေတဲ့အချိန်​မှာ ​ရေတစ်​ခွက်​​တောင်
ကြည်​ဖြူ ချင်​မှ ကြည်​ဖြူ လိမ့်​မယ်
ဒါ​ပေမယ့်​ သူတို့ ငတ်​သလိုလိုဖြစ်​လာရင်​​တော့
သင်​ အလိုက်​တသိ ကူညီ​ပေးမှ ​သူတို့​ကျေနပ်​ကြပါလိမ့်​မယ်​။

လူတစ်​ချို့က
သင်​ အသားကုန်​​ကောင်းမှ သူတို့ သင့်​အ​ပေါ်
မဆိုးကြလိမ့်​မယ်
ဒါ​ပေမယ့်​ သင်​ သာ အဆိုးတစ်​ကြိမ်
ကျူးလွန်​ခဲ့မိရင်​​တော့ သင့်​ကို ​သေဒဏ်​ချမှတ်​ဖို့​တောင်
သူတို့စိတ်​ကူး​နေတတ်​ကြတယ်​။

လူတစ်​ချို့်​က
သင့်​ ဘဝ အဝီစိ​ရောက်​​အောင်​ ဆင်းရဲ​နေမှ
သူတို့ ​ပျော်​​နေကြလိမ့်​မယ်
ဒါ​ပေမယ့်​ သင်​က ​လောကဓံနွံထဲမှ ​ခေါင်းပြူ ထွက်​လာ
နိုင်​ပြီဆိုရင်​​တော့ သင့်​ကို နွံထဲကိုဘယ်​လို ပြန်​နစ်​ရမလဲ
ဆိုတာကို သူတို့ ကြံစည်​လာတတ်​တယ်​။

ဘာပဲဖြစ်​ဖြစ်​ပါ
လူရယ်​လို့ ဖြစ်​လာရင်​ ​ကောင်းသူ ၊ မ​ကောင်းသူ​တွေနဲ့
ကြုံ​တွေ့ရမှာ အမှန်​တရားပါ
ကောင်းသူနဲ့ကြုံကြုံ ၊ ယုတ်​မာသူ​တွေနဲ့ပဲကြုံကြုံ
ကိုယ့်​စိတ်​အာရုံထဲ အမှိုက်​မသွန်​တာ အ​ကောင်းဆုံးပါ

အတုယူသင့်​တာကိုယူ ၊ သင်​ခန်းစာယူသင့်​တာကို
ယူပြီး ​မေတ္တာအပြည့်​ဖြင့်​ ဘဝကိုဖြတ်​သန်းခဲ့ရင်
အဆိုး​တွေ ကြုံလည်း ခဏတာပါ
ကံ​ကောင်းခြင်း​တွေ သယ်​​ဆောင်​လာတဲ့
နေ့ရက်​တိုင်းကို ပိုင်​ဆိုင်​ရမှာပါ
စိတ်​ထဲ ထားမ​နေပါနဲ့ ​မေတ္တာဖြင့်​သာ
ဆက်​​လျှောက်​ပါလို့ အကြံပြုပါရစေ

6 upvotes $0.10

Replies (1)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: