4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

SARS

SARS ကူးစက်ရောဂါ

2003 မတ်လ။ ဂွမ်ဒေါင်းက ဆရာဝန်။ ဟောင်ကောင်ကို အမျိုး မင်္ဂလာဆောင်အတွက် လာတယ်။ မက်ထရိုပိုး ဟိုတယ် ၉ ထပ်မှာ တည်းတယ်။ တရုတ်ပြည်မှာ လေယာဉ်ပေါ်တက်ကတည်းက သူဖျားနေတာ။ ဟောင်ကောင်မှာ ဈေးဝယ်ထွက်နိုင်သေးတယ်။ ရက်ပိုင်းမှာတော့ ဆေးရုံတက်ရတယ်။ နောက်ရက်တွေမှာ မောလွန်းလို့ ICU ရောက်တယ်။ စဖျားတာကနေ ၃ ပါတ်လောက်မှာ သေတယ်။ ဟောင်ကောင်ဆေးရုံဝန်ထမ်းတွေ ကူးတယ်။ သေကြတယ်။

လူနာလာမေးတဲ့ ဟောင်ကောင်က သူ့ယောက်ဖ ဖျားတယ်။ နောက်သေတယ်။ ဟော်တယ်ဓာတ်လှေခါးထဲ အတူစီးဖူးတဲ့သူ သေတယ်။ ဟော်တယ်မှာ မျက်နှာခြင်းဆိုင်အခန်း တည်းတဲ့သူ ဗီယက်နမ်သွားတယ်။ ဗီယက်နမ်ဆေးရုံမှာသေတယ်။ ဗီယက်နမ်ဆေးရုံက ဝန်ထမ်းတွေ ထိတယ်။ သေကြတယ်။ ဗီယက်နမ်ဆေးရုံက WHO ဆရာဝန် Carlo Urbani က ထူးခြားတဲ့ ဒီရောဂါကို သတိစထားမိတယ်။ သူနေ့နေ့ညည လေ့လာတယ်။ သူ့ကို ကူးနိုင်တယ်ဆိုတာ ကြိုသိတယ်။ သူဆရာဝန် ပီသချင်တယ်လို့ သူ့မိန်းမကို ပြောတယ်။ ဘန်ကောက်ကို အစည်းအဝေး သွားတက်တယ်။ လေယာဉ်ပေါ်မှာ ဖျားတယ်။ သူ့သူငယ် ချင်း လေဆိပ်ကို လာကြိုတော့ အကပ်မခံဘူး။ ဘန်ကောက်မှာ သေတယ်။ ဆားသူရဲကောင်း ဖြစ်သွားတယ်။

တကယ်တော့ တရုတ်ပြည်မှာ စဖြစ်နေခဲ့တာ 2002 Nov ကတည်းက။ စီးပွားရေးတွေ Tourism တွေ ထိခိုက်မှာ စိုးလို့ အာဏာပိုင်တွေ ဖုံးကွယ်ထားခဲ့တာ။ နောက်ဆုံးမှ ဝန်ခံတောင်းပန်ရတော့တယ်။ ကမ္ဘာအနောက်ဖက်ခြမ်း တိုရန်တိုကို တရုတ်တစ်ယောက် သယ်သွားတယ်။

၈၀၀၀ လောက် ဖြစ်တဲ့ စာရင်းပေါက်တယ်။ ၈၀၀ လောက်သေတယ်။ ကူးလွယ်လွန်းလို့ ကြောက်ရတယ်။ SARS က အခုကြောက်နေတဲ့ တုတ်ကွေးပိုး မဟုတ်ဘူး။

တုတ်ကွေး Influenza

တုတ်တွေးတွေမှာ H & N စာလုံးတွေနဲ့ အမျိုးအစားခွဲခြားတယ်။ လူမှာ H1N1 ဖြစ်တတ်တယ်။ မပြင်းထန်တတ်ဘူး။ ဝက်မှာလည်း ဖြစ်တယ်။ လူမှာ ဖြစ်တဲ့ H1N1 နဲ့ ၀က်မှာ ဖြစ်တဲ့ H1N1 မတူဘူး။ ဝက်နားနေတဲ့ လူတွေကို ဝက် H1N1 ကူးတတ်တယ်။ လူ H1N1 နဲ့ဝက် H1N1 လူ့ကိုယ်တဲမှာ ပေါင်းစပ်ပြီး ကပြားဖြစ်လာရင် ရောဂါပြင်းတတ်တယ်။ H5N1 က ငှက်နဲ့ လူမှာ ဖြစ်တယ်။ လူH5N1 နဲ့ ငှက်H5N1 မတူဘူး။ သူတို့လည်း လူပိုးနဲ့ ငှက်ပိုး မျိုးစပ်နိုင်တယ်။

ဗိုင်းရပ်စ်တွေက ပွားတာ မြန်တယ်။ ထူးခြားတာက ဘိုးဘွားဘီဘင်နဲ့ သားမြေးတွေက ပုံစံမတူတော့တာ။ အဖေတုန်းက ပုံတစ်မျိုး။ ခဏနေတော့ သားမှာ ပုံတစ်မျိုး။ ကိုယ်ခံအားက အဖေကို တိုက်မယ့် လက်နက်ကို ပြင်ဆင်နေတုန်း သားက မွေးလာတယ်။ လက်နက်က သားကို မနိုင်တော့ဘူး။ ဒီတော့ ကိုယ်ခံအားဟာ ဗိုင်းရပ်စ်တွေကို မနိုင်တော့ဘူး။ အဲလို သားစဉ်မြေးဆက် ရုပ်တွေ အကြီးအကျယ် ပြောင်းလာတာကို Antigenic Shift လို့ ခေါ်တယ်။ အဲလိုပြောင်းလဲမှုအပေါ်တည်ပြီး ရောဂါ အပြင်းအပျော့ကွာခြားတယ်။ ကပ်ရောဂါ အသွင်ဖြစ်တာတွေက ရုပ်အကြီးအကျယ်ပြောင်းလို့ဖြစ်တာ။

ရာဇဝင်မှာ အကြီးကျယ်ဆုံး တုတ်ကွေးက စပိန်တုတ်ကွေး။ ၁၉၁၈-၁၉ မှာ ဖြစ်တယ်။ လူ သန်း ၅၀-၁၀၀ လောက်သေခဲ့တယ်လို့ ခန့်မှန်းတယ်။ စပိန်တုတ်ကွေး ဖြစ်စေတဲ့ ပိုးက အခု ကြောက်နေတဲ့ H1N1 ပိုးပဲ။ မျိုးကွဲတော့ မတူဘူး။

တကယ်တော့ ဒီ H1N1 တွေကြောင့် ကိုယ်ခံအားကောင်းတဲ့ လူငယ်တွေ ပိုသေတယ်။ ခလေးတွေနဲ့ လူအိုတွေ မသေတတ်ဘူး။ ထုံးစံက ခုလိုပဲ ၁-၂ ရာခိုင်နှုန်းလောက်ပဲ သေတတ်တယ်။ များသောအားဖြင့် နှာလေးစီး ချောင်းလေးဆိုးပြီး ပျောက်သွားတတ်တာ။ သေတာရှားတယ်။ ပျောက်ကြားပျောက်ကြားဖြစ်တာက 2015 India မှာလည်း ဖြစ်ဖူးတယ်။

အခုကျနော်တို့ ဆေးပညာရှင်တွေ ကြောက်နေတာ ခုဖြစ်သလို ဖြစ်တာကို မဟုတ်ဘူး။ ၉၉% အထိသေတတ်တဲ့ စပိန်တုတ်ကွေးလို ပုံပြောင်းသွားမှာကို ကြောက်တာ။

#H1N1
Credit Original Writer

ရာသီတုပ်ကွေးရောဂါ H1N1 နဲ့ သေဆုံးတဲ့ လူနာ ၆ဦးအထိရှိသွားပြီဖြစ်ပြီး တနိုင်ငံလုံးမှာ ဒီ ရောဂါ ဖြစ် ပွားသူ အယောက် ၃၀ရှိသွားပြီလို့
ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ပြောလိုက်ပါတယ်။
H1N1 ကို ကာ ကွယ်ဖို့အတွက် လက်ရှိ ဈေးကွက်ထဲက
ကာကွယ်ဆေးတွေက ထိရောက်မှုနည်းတာမို့
လက်ရှိ မြန်မာ ပြည်မှာ ဖြစ်ပွားနေတဲ့ H1N1 နဲ့ ကိုက်ညီမယ့်
ကာကွယ်ဆေးရဖို့ ဗိုင်းရပ်စ်ပိုးရဲ့ ဗီဇကို ဂျပန်ကို ပေးပို့ ထားပြီး
ကာကွယ်ဆေးထိုးနိုင်ဖို့ စီစဉ်နေတယ်လို့
ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန တာဝန်ရှိသူက ပြော ပါတယ်။

အခု ဇူလိုင်လထဲမှာ ရာသီတုပ်ကွေးရောဂါ H1N1 ဖြစ်ပွားသူ
အယောက် ၃၀အထိ ရှိပြီး ဒီကနေ့ ဇူလိုင် လ ၂၇ရက်နေ့အထိ
H1N1 ကြောင့် သေဆုံးသူ ၆ဦး ရှိသွားပြီဖြစ်တယ်လို့
ပြည်သူ့ကျန်းမာရေးဦးစီးဌာန က ဒုညွှန်ကြားရေးမှူးချုပ်
ဒေါက်တာ သန်းထွန်းအောင်က ဗွီအိုအေကို ပြောပါတယ်။

ရာသီတုပ်ကွေး ရောဂါ H1N1 ဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး
ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ကမ္ဘာ့ကျန်းမာ ရေး အဖွဲ့
WHO ထံက ဆေးပစ္စည်း အကူညီတွေ တောင်းခံထားတယ်လည်း
ရှိပါတယ်

Influenza A(H1N1) pdm09 ဗိုင်းရပ်စ်ပိုးဟာ
၀၀၉ ခုနှစ်မှာ ကမ္ဘာ့ကပ်ရောဂါအသွင် ဖြစ်ပွားခဲ့ပြီး လက်ရှိမှာတော့
ရာသီတုပ်ကွေးရောဂါ Seasonal Flu H1N1 အနေနဲ့
ဆက်လက်ပြန့်ပွားနေတာပါ။

မြန် မာပြည်မှာ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၆ အတွင်း
ရာသီတုပ်ကွေးရောဂါ H1N1 ဖြစ်ပွားသူ ၄၅၀ကျော် ရှိခဲ့ ပြီး
အခု ၂၀၁၇ နှစ်မှာမှ H1N1 နဲ့ လူသေဆုံးမှုရှိကြောင်း
တွေ့ရှိရတာလည်း ဖြစ်ပါတယ်။

လက်ရှိ မြန်မာပြည်မှာ ရာသီတုပ်ကွေးရောဂါ H1N1 အတွက်
ကာကွယ်ဆေးထိုးနိုင်ဖို့ စီစဉ်နေတယ်လို့
ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ဒု ညွှန်ကြားရေးမှူးချုပ်
ဒါက်တာ သန်းထွန်းအောင်က ပြောပါတယ်။

မြန်မာပြည်မှာဖြစ်တဲ့ H1N1 ဗိုင်းရပ်စ်ပိုးရဲ့ ဗီဇကို
ဂျပန်နိုင်ငံကို ပေးပို့ထားပြီး လက်ရှိဖြစ်ပွားနေတဲ့H1N1 နဲ့
ကိုက်ညီတဲ့ ကာကွယ်ဆေးရဖို့
လုပ်ဆောင်နေတယ်လို့ လည်း ဆိုပါတယ်။

“ကာကွယ်ဆေးထုတ်ဖို့အတွက် ကျနော်တို့ စီစဉ်နေပါတယ်။
စီစဉ်တဲ့အခါမှာ ကျနော်တို့ လူထုကို သိအောင်ပြောပြပါ။
ကျနော်တို့က ဘယ်လိုလဲဆိုတော့
ကာကွယ်ဆေးအမျိုးအစားတွေက H1N1 တူပေမယ့်ပေါ့နော်
southern နဲ့ Northern ဆိုပြီးရှိတယ်။

ရတဲ့ကာကွယ်ဆေးတွေသည်
အမေရိကန်မှာဖြစ်တဲ့ H1N1 ၂၀၀၉ ကိုပဲ
သူ့အမျိုးအစားနဲ့ ကျနော်တို့မှာရှိတဲ့ H1N1 ပိုးချင်းတူပေမယ့်
တနေရာနဲ့ တနေရာမတူတတ်ဘူးပေါ့နော်။
Genotype လို့ခေါ်တယ်၊
Genotype မတူဘူးပေါ့နော် ။

ဆိုတော့ ကျနော်တို့က ကိုယ့်နိုင်ငံက ဓါတ်ခွဲနမူနာတွေကို
ဂျပန်ကို ပို့ထားပြီး စစ်ဆေးလျက်ရှိပါတယ်။
ဈေးကွက်ထဲမှာ ၀ယ်လို့ရတဲ့ဆေး ကာကွယ်ဆေးတွေကတော့
ထိရောက်မှုနည်းတာပေါ့နော်။
ရတဲ့ ကာကွယ်ဆေးပဲ ထိုးမယ်ဆိုရင်
၅၀ ရာခိုင်နှုန်းပဲ ကာကွယ်တာပေါ့နော်။

ကိုယ့်နိုင်ငံတွေ့တဲ့ပိုးနဲ့ ကာကွယ်ဆေးဆိုရင်တော့ မထိရောက်ဘူး၊
လူထုအနေနဲ့လည်း ဒါလေးတွေကို သိထားဖို့လိုပါတယ် ၊

ကာကွယ်ဆေးဆိုတာက ရရာထိုးပေးလို့မရဘူးခင်ဗျ
သူက side effects တွေလည်းရှိတယ်ခင်ဗျ။”

လက်ရှိ မြန်မာပြည်မှာ ရာသီတုပ်ကွေးရောဂါ H1N1 ဖြစ်ပွားနေတဲ့
လူနာအများစု သေဆုံးရခြင်း ဟာ H1N1 ကြောင့်အပြင်
ဘတ်တီးရီးယားကြောင့် ဖြစ်တဲ့ နမိုးနီးယားကြောင့်လဲ
ပါဝင်တယ်လို့ ဆေးပညာ ရှင်တွေက သုံး သပ်နေကြတာပါ။

ရာသီတုပ်ကွေးရောဂါဟာ တကမ္ဘာလုံးမှာ နှစ်စဉ် လူဦးရေ ၃သန်းကနေ ၅သန်းအထိ ဖြစ်ပွားလေ့ရှိပြီး
လူဦးရေ ၂သိန်းခွဲကနေ ၅သိန်းအထိ သေဆုံးနေတာလဲဖြစ်တယ်လို့
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကြေညာ ထားတာပါ။

မြန်မာပြည်မှာ လက်ရှိဖြစ်နေတဲ့ H1N1 ကို ထိန်းချုပ်နိုင်ဖို့
၁လနီးပါး အချိန်ယူရမယ်လို့ ကျန်းမာရေး ဦးစီးဌာနက
ပြောဆိုထားတာလဲ ရှိပါတယ်။

Credit VOA

Post by မောင်သူရ

0 upvotes $0.00

Replies (0)

Conversation

No replies yet

Replies will appear here as people join the conversation.

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: