4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

ထုံးသုပ်ခြင်း

ဒီနေ့  မနက်ပိုင်းက တရုတ် ( ရွှေလီ ) မှာ ကမ်းပိန်းတစ်ခုလုပ်ပါတယ်။ကျောင်းသားနဲ့ပရဟိတအဖွဲ့ပေါင်းပြီးလုပ်တယ်။ခင်တဲ့သူတစ်ယောက်ကလည်း ဖိတ်တော့ သွားဖြစ်ခဲ့တယ်။ကမ်းပိန်းက
"သဘာဝပါတ်ဝန်းကျင်ထိမ်းသိမ်းစောင့်ရှောက်ခြင်းတဲ့"

အဲ့ချိန် ကျောင်းသားလေးတွေက သစ်ပင်တွေကို အောက်ခြေကနေ ၁မီတာ အမြင့်လောက်ထိ ထုံးသုတ်ကြတယ်။" သစ်ပင်ကို ထုံး ဘာလို့ သုတ်သလဲ ဆိုတာ "ကျနော်တရုတ်ကျောင်းသားလေးကိုမေးကြည့်ရင်း
ကျနော် လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုက အမှတ်တရ တစ်ခု ပေါ်လာတယ်

ကျနော် လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် ကာလများဆီက နွေရာသီကျောင်းပိတ်ရက်ရှည်တွေမှာဆိုရင် မန္တလေးမှာရပ်ကွက်ထဲကဆရာတွေနဲ့အလုပ်လိုက်လုပ်ဖူးတယ်။

ကျနော် ၅ တန်းအရွယ်ပေါ့။
အိမ်မှာနေရင်လည်း အဆော့သန်တဲ့အတွက် အိမ်က အလုပ်ထည့်လိုက်တဲ့သဘောပါပဲ။

မန္တလေး နန်းတွင်းထဲက သစ်ပင်တွေ လမ်းဘေးသစ်သားတန်းတွေ ထုံးသုတ်ပေးရတာ။ကျုံးပါတ်လည်မှာ မြင်နိုင်တဲ့ ဂိတ်ပေါက်ကြီးဘေးနှဖက်ရဲ့မြင့်မြင့်ဖွေးဖွေးတွေကထုံးသုတ်ထားတာချည်းပါပဲ။

ထုံးသုတ်တော့ ကျနော် ဆေးဆရာကို မေးကြည့်မိတာ
"ဆရာ ထုံးကဘာလို့ သုတ်တာလဲ"
ဆရာက ရယ်ပြီး
" ငါတို့  ပိုက်ဆံရလို့ သုတ်တာပေါ့ "
ဒီအဖြေအတွက် ကျနော် သိပ်သဘောမကျဘူး။

ဒါနဲ့ တာဝန်ယူခိုင်းတဲ့ ဆောက်လုပ်ရေးကဗိုလ်ကြီးကို မေးကြည့်တယ်။
" ဗိုလ်ကြီး ထုံးဘာလို့ သုတ်တာလဲ "
"အေး S1 လမ်းကြောင်းရှိလို့ ကွ "
ဘာလဲ S1 က ကိုယ်လည်းနားမလည်
သူကဆက်ရှင်းပြတယ်။
" နိုင်ငံတော်အကြီးကဲ ကိုပြောတာ သူလာရင် ငါတို့ အလုပ်လုပ်ထားတယ်ဆိုတာသူတို့ မြင်အောင်ကွာ ဒါကြောင့် မင်းတို့ ကို မှာတာ ဟက်စကီးသံကြားတာနဲ့ ဆေးသုပ်တာတွေရပ်ပြီး နီးစပ်ရာမှာ သွားပုန်းနေကြ"

အဖြေကရှင်းပါတယ် လူကြီးမြင်အောင် ထုံးသုတ်တယ်။လူကြီးလမ်းကြောင်းရှိတိုင်းရံဖန်ရံခါခေါ်သုတ်ခိုင်းလေ့ရှိတယ်။

ဒါနဲ့ ဒီနေ့ ပဲ ဆေးသုတ်နေတဲ့ကျောင်းသားကို
အရင်တုန်းက မေးခွန်းမျိုး ပြန်မေးမိတာပေါ့။
" သစ်ပင်ကို ထုံးဘာလို့ သုတ်တာလဲ"

" သစ်ပင်ပန်းမန် တွေကို နွေးထွေး လုံခြုံစေလိုတဲ့ စိတ်နဲ့သုတ်ပါတယ် "

" မီးပျက်သွားတဲ့ ညမျိုးတွေ ယဉ်တွေကားတွေ လူတွေကဒါဟာသစ်ပင်ဆိုတာမျိုးမြင်နိုင်တဲ့အတွက် အန္တရာယ်ကင်း နိုင်ဖို့ သုတ်ပါတယ်"

"နိုင်ငံတော်ကို ချစ်ရင် နိုင်ငံတွင်းက သဘာဝပါတ်ဝန်းကျင်ကိုထိန်းသိမ်းစောင့်ရှောက်ထားပါတယ်ဆိုတဲ့ပြယုဂ်အနေနဲ့ သစ်ပင်ကိုထုံးသုတ်တာ သစ်ပင်လေးတွေစိုက်တာကနေသစ်ပင်မခုတ်တာထိလုပ်ကြပါတယ်

နှစ်ကာလ ပေါင်းများစွာက အဖြေ ဒီနေ့ မှ ရပါတယ်။
တစ်ချို့ က နိုင်ငံတော်ကို ချစ်ပြီးလုပ်ကြတာ ။ တစ်ချို့က နိုင်ငံတော် အစိုးရကိုပဲ ချစ်ပြီးလုပ်ကြတာ။ ဒါပါပဲ

2 upvotes $0.11

Replies (3)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: