Community post
စိတ္တဇအတွေးများ
သူတို့လိုမျိုးလေးရေးချင်မိလို့ ဒီနေရာကိုရောက်ခဲ့တယ်။
ငါဘယ်မှာလဲ မသိတော့လောက်အောင် ပျောက်ဆုံးခြင်းတွေပဲ တစ်ခေါက်ပြီး တစ်ခေါက် ငါ့အနားရောက် ရောက်လာတယ်။ စွန့်ပစ်ခြင်းကိုခံရတာတစ်ကြိမ်မကတော့လို့ နှလုံးသားမှာ ဘာမှမကျန်တော့လောက်အောင် ဟင်းလင်းပြင်ဖြစ်နေလေရဲ့။ မကြာမကြာတမ်းတမိတယ် သေမင်းရယ် နင်ငါ့ကိုမေ့နေလေသလား။ ငါနင့်ကိုလွမ်းနေမိလို့။ နင်ကမလာပေမဲ့ နင်တို့ဆီက ဒုက္ခနတ်သားကတော့ ငါ့ဆီကို သုံးလေးလတစ်ကြိမ် အမြဲလာတယ်လေ။ နင်မလာနိုင်လဲငါ့ကို အလွမ်းတွေကနေလွတ်မြောက်ခွင့်တော့ပေး။ နင် ငါ့ဆီကိုလာပြီး ရေရှင်ပျားရည်စမ်းချောင်းကို ခေါ်မသွားတော့ဘူးလား။ ဒါဟာငါ့အိပ်မက်ဆိုတာနင်သိတာပဲ။ ငါ သီးခံပြီးစောင့်ပါ့မယ်လေ။ ရင်ထဲမှာ မျက်ရည်တွေလွှမ်းနေလဲ ငါ့အနားမှာ အထီးကျန်ခြင်းအတူရှိနေပေးလဲ ငါသီးခံမြိုသိပ်လို့စောင့်နေပါ့မယ်။ ငါ့နာမည်စာရင်းက ဘယ်အချိန်ကျမှနင့်မှတ်စုကြမ်းထဲရောက်မှာလဲ။ ငါရေရှင်ပျားရည်စမ်းချောင်းကိုသွားဖို့ ရိက္ခာတွေယူခဲ့မလို့။ နင့်အတွက်ပါ ငါယူခဲ့မယ်နော်။
Photo Credit:
Ei
Replies (0)
Conversation
No replies yet
Replies will appear here as people join the conversation.