4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

မလွယ်ပါဘူး

မလွယ် ပါဘူး.....

လောကမှာ...
လွယ်​မလိုနဲ့ခက် တိမ်မလိုနဲ့နက်​ ဆိုတဲ့...
အရာ​တွေထဲက ပို ခက်ခဲသောအရာများ လို့ အောက်ပါ အချက် လေးတွေကို တွေး ထင်​မိပါတယ်​....

မိတ်ဆွေ ဖွဲ့ရတာ အရမ်းလွယ်ကူ ပါတယ်..
ဒါပေမဲ့ ထိန်းသိမ်းရတာ အရမ်းခက်ခဲတယ်......

လူတစ်ယောက် ကို ချစ်ရတာ အရမ်း လွယ်ကူ ပါတယ်..
ဒါပေမဲ့ အချစ် စစ် ကို ရဖို့ အရမ်းခက်ခဲ ပါတယ်....

ယုံ​ကြည်​မှု ကို ချိုးဖျက်ရတာ အရမ်း လွယ်ကူတယ်
ယုံကြည်​မှု ရဖို့ အရမ်းခက် ခဲ ပါတယ်...

လူတစ်ယောက် ကို သတိရတာ အရမ်း လွယ်ကူတယ်...
ဒါပေမဲ့ မေ့ပြစ်ဖို့ အရမ်းခက် ခဲတတ် ပါတယ်....

လိမ်ညာ ပြောရတာ အရမ်းလွယ်ကူတယ်..
ဒါပေမဲ့ အမှန် တရားစကားနားထောင်ရတာ ခက်ခဲ ပါတယ်....

လူတယောက်ကိုငိုအောင်လုပ်ရတာလွယ်ကူတယ်​....
ဒါပေမဲ့ ရယ်အောင်လုပ်ဖို့ အရမ်းခက်ခဲပါတယ်..
အာကြောင့် ဟာသ ပညာရပ်ကို အထင်မသေး မိပါစေနဲ့..

လောက မှာ ဘယ်သူအကူအညီ မှ ယူစရာမလို ဘဲ အလွယ်ကူ ဆုးံသော အလုပ် ဟာသေခြင်း တရား ဖြစ်ပြီး....
လောက မှာ တဦးတယောက် နဲ့အတူတူ ...
ရှင်သန်နေရတာ အခက်ခဲဆုးံ ဖြစ်ပါတယ်...
image

7 upvotes $0.00

Replies (0)

Conversation

No replies yet

Replies will appear here as people join the conversation.

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: