4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

Sharing

FB_IMG_1589141594941.jpg

မင်္ဂလာပါ မိတ်ဆွေအပေါင်းတို့။
sharing လို့ခေါ်တဲ့ မျှဝေတဲ့အပိုင်းကို အနည်းငယ်ဆွေးနွေးပါရစေ။ ထိုစကားလုံရဲ့နယ်ပယ်ဟာ ကျယ်ဝန်းလှပါတယ်။ တစ်စုံတစ်ခုသော အရာကို ဖြန့်ဝေခြင်း ပေးကမ်းခြင်း ။ပြောရမယ်ဆိုရင် ဒါနကလည်း sharing မေတ္တာတရားကလည်း sharing ပရဟိတဆိုတာလည်း sharing ကုန်ကုန်ပြောရရင် ကိုယ့်ကြောင့် သူတစ်ပါး တစ်စုံတစ်ခု အကျိုးရှိသွားတာမှန်သမျှ sharing အုပ်စုအတွင်း အကျုံးဝင်ပါတယ်။
ကျွန်တော်တို့ လူ့ဘဝကို ဖြတ်သန်းခွင့်ရတယ်ဆိုတာ အချိန်အကန့်အသတ်နဲ့ပါ။ ထိုထဲကမှ ခလေးဘဝအချိန်တွေဟာ သူတစ်ပါးပြုစုခံအချိန်သက်သက်ပါဘဲ။လူသားတွေအတွက် တစ်ခုခု sharing လုပ်ခွင့်ရတဲ့ အချိန်ဟာ နည်းနည်း​လေးဘဲ ရတာပါ။ နားလည်လွယ်အောင်ပြောရမယ်ဆိုရင် သာမန်လူတွေမှာ ကောင်းတဲ့အလုပ်ကို လုပ်ချင်တဲ့စိတ်ဟာ အမြဲမဖြစ်ပါဘူး။ပြုလုပ်ချင်စိတ်ဖြစ်တောင် ကာယကံမြောက် ပြုလုပ်ဘို့ လိုသေးတယ်လေ။ ကြုံရင်ကြုံသလို လုပ်လိုက်မယ်ဆိုရင်တော့ မိတ်ဆွေရဲ့ ဘဝဖြတ်သန်းမှုဟာ တန်ဘိုးနည်းပါးစေမှာပါ။ အလုပ်တစ်ခုကို တစ်စိုက်မတ် မတ်ပြုလုပ်နေခြင်းဟာလည်း sharing လုပ်နေတာပါဘဲ။ အခုကျွန်တော်ပြောနေသော sharingဟာ ကောင်းသော မွန်မြတ်သော sharingလို့ဘဲ သိထားပေးပါ။ မကောင်းသောsharing ရှိပေမယ့် စာရှည်မှာစိုး၍ မပြောတော့ပါဘူး။
တောထဲမှာ တစ်ယောက်တည်း တရားကျင့်ကြံအားထုတ်နေခြင်းဟာ sharing လုပ်နေခြင်းဖြစ်တယ်ဆိုတာကို ရှင်းပြပါ့မယ်။ တစ်ချို့က ဒါကိုလက်မခံချင်ကြဘူး။ သူ့အတွက်သူလုပ်တယ်လို့ဘဲ သာမန်အမြင်ဖြင့် မြင်လေ့ရှိကြတယ်။ တောထဲမှာ ဘုန်းကြီးတစ်ပါး ရသေ့တစ်ပါး လူတစ်ယောက်ဟာ သီလတစ်ခုတည်းဘဲ စောင့်ထိမ်းပြီးနေထိုင်ကျင့်ကြံနေတယ်ဆိုပါစို့။ အရေးကိစ္စကြုံရင် ထိုလုံခြုံသောသီလကို သစ္စာဆိုခြင်းဖြင့် လူ့အသက်ပေါင်းများစွာကို ကာကွယ်စောင့်ရှောက်ပေးနိုင်တယ်။ သဘာဝဘေးအန္တရာယ်တွေကို ကာကွယ်ပေးနိုင်တယ်။ ကာကွယ်ပေးခဲ့တဲ့ သမိုင်းမှတ်တမ်းတွေရှိပါတယ်။ တကယ်တမ်းက သီလတစ်ခုတည်းမဟုတ်ဘဲ မေတ္တာကမ္မဌာန်းစီးဖြန်းနေတာ သမထဘာဝနာကျင့်ကြံနေတာ ဝိပဿနာ ကျင့်ကြံအားထုတ်နေသော သူတော်ကောင်းတွေဟာ လောကသားတွေကို အကောင်းဆုံး sharing လုပ်နေတာပါဘဲ။ ကျွန်တော်တို့ မသိကြလို့သာ သူတော်ကောင်း သူတော်စင်တွေဟာ နေ့စဥ် သက်ရှိသတ္တဝါတွေအပေါ်ကို မေတ္တာလှိုင်းတွေ ပို့လွှတ်ကြပါတယ်။ကာကွယ်စောင့်ရှောက်ပေးနေပါတယ်။အိမ်မှာမိတ်ဆွေတစ်ယောက်တည်း ဝင်လေထွက်လေကိုမှတ်နေတဲ့ အလေ့အကျင့် လုပ်နေခြင်းဟာလည်း လူသားတွေကို sharing လုပ်နေတာပါဘဲ။ သင့်စိတ်နှလုံးအေးချမ်းရင် သင့်ပတ်ဝန်းကျင် အေးချမ်းပါတယ်။ထိုကြောင့် မေတ္တာတရားဖြင့်နေထိုင်နေသောသူတွေ တရားဖြင့်အမြဲနှလုံးသွင်းနေသူတွေဟာ မိမိကိုယ်ကိုယ်မိမိ အကောင်းဆုံးနေထိုင်နေသလို လူသားတွေအတွက်လည်း အကောင်းဆုံး sharing လုပ်နေခြင်း ဖြစ်ပါတယ်။ပြောရမယ်ဆိုရင် သက်သေသာဓက မြောက်များစွာရှိပါတယ်။ ဒါနတစ်ခုနဲ့ဘဲ ရှင်းပြပါ့မယ်။ အလှူဒါနတစ်ခုဟာ အလှူခံပုဂ္ဂိုလ်အပေါ် မူတည်ပြီး အကျိုးတရားပိုင်း ကွားခြားပါတယ်။ ဥပမာပြောရရင်ဖလသမာပတ်ဝင်စားပြီ ကြွလာသော ရဟန္တာကိုဆွမ်းလောင်းခွင့်ရရင် ချက်ချင်းအကျိုးပေးပါတယ်။ အရိယာသူတော်စင်တွေဟာ သူတို့အလုပ် သူတို့လုပ်နေတယ်ဆိုပေမယ့် ထိုသို့ကျင့်ကြံအားထုတ်နေခြင်းပင် သတ္တဝါတွေကို များစွာအကျိုးတရား ဖြစ်စေပါတယ်။
ကျွန်တော်အဓိက ဆိုလိုချင်တာ ပြောချင်တာက မိတ်ဆွေတို့အိမ်မှာ ဝင်လေထွက်လေတစ်စုံကို တစ်ချက်မှတ်နေခြင်းဟာ သင့်ကိုလည်းအကျိုးရှိသလို တစ်ခြားသူတွေအပေါ်မှာလည်း sharing လုပ်နေခြင်းဖြစ်တယ်ဆိုတာ သိစေချင်လို့ပါ။ ၁၀ချက်မှတ်ရင် ၁၀ခါ shareသလို အချက်၁၀၀ မှတ်ရင် အချက်၁၀၀ share လုပ်လိုက်တဲ့သဘောပါ မိတ်ဆွေ။ ထို့အတူ ပုတီးစိပ်ခြင်း မေတ္တာပွါးခြင်း ဘုရားရှိခိုခြင်း အစရှိသဖြင့် ကောင်းသောအရာတစ်ခုခုကို ပြုလုပ်နေခြင်းဟာလည်း လူသားတွေအပေါ်ကို sharing လုပ်နေခြင်း ဖြစ်ပါတယ်လို့ပြောကြားရင်း လူတိုင်းလူတိုင်း ကောင်းသောsharing ပြုလုပ်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။
သတ္တဝါတွေ စိတ်နှလုံးအေးချမ်းပြီး ကျန်းမာချမ်းသာပါစေ။

မဟော် (ရှားကိုး)
16/5/2020
11:47 pm

11 upvotes $0.14

Replies (2)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: