4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

MIUI 10

Xiaomi ဟာ ဒီနေ့မှာ သူ့ရဲ့ Anniversary Phone Mi 8 နဲ့အတူ MIUI 10 Update ကိုပါတစ်ခါတည်း ကြေညာသွားပါတယ်။ ဒီ MIUI 10 Update ဟာ Xiaomi Phone တွေအတွက်တော့ ထူးခြားတ့ဲ Software Feature အသစ်တွေ ပါလာပါတယ်။
FB_IMG_15277445453468885.jpg
MIUI 10 Update ရဲ့ နာမည်အကြီးဆုံး Feature ကတော့ Portrait Mode ကို Dual-Camera ဖုန်းတွေမှာ သာမက Single-Camera ဖုန်းတွေမှာပါ သုံးလို့ရတာဖြစ်ပါတယ်။ Portrait Mode ကို Selfie Camera မှာသုံးလို့ရခ့ဲတာဟာ တစ်နှစ်လောက်ရှိပါပြီ။ ဒါပေမယ့် Dual-Camera ဖုန်းတွေသာ သုံးလို့ရခ့ဲပါတယ်။ ဒါပေမယ့် အခု MIUI 10 မှာ ဒီ Feature ပါလာတော့ ဖုန်းလောကမှာတော့ အနည်းငယ် ဂယက်ထသွားမှာပါ။ နောက် Feature တစ်ခုကတော့ Recent Menu အတွက်ပါ။IMG_20180531_114631.jpg

Recent Menu မှာပါတ့ဲ App တစ်ခုကို ကြာကြာဖိထားလိုက်ရင် အရင်ထက်ပိုများတ့ဲ Option တွေ ၊ ဥပမာ App ကို Lock ချတာ ဒါမှမဟုတ် Shut Down လုပ်တာမျိုးတွေ ပါလာနိုင်ပါတယ်။ နောက်ထပ် Feature ကတော့ Driving Mode ပါ။ ဒီ Feature က Xiao AI Voice Assistant နဲ့ ဖုန်းကို Voice Command နဲ့သုံးလို့ရမှာပါ။ ဒါပေမယ့် ဒီ Feature က Chinese-Language Feature ဆိုတော့ Global Version မှာတော့ မပါလာနိုင်ပါဘူး။

MIUI 10 update ကို Mi Mix 2S, Mi Mix 2, Mi Mix, Mi 6X, Mi 6, Mi 5, Mi Note 2, Redmi S2 နဲ့ Redmi Note 5 တို့က အခု ဇွန်လထဲမှာ ရရှိမှာ ဖြစ်ပါတယ်။ ဇူလိုင်မှာ ရရှိမယ့် ဖုန်းတွေကတော့ Mi Note 3, Mi 5X/5c/5s/5s Plus, Mi 4/4c/4s, Mi Max 2, Mi Max, Redmi 5, Redmi 5 Plus, Redmi 4, Redmi 4A, Redmi 4X, Redmi 3S/3X, Redmi Pro, Redmi Note 5A, Redmi Note 4, Redmi Note 4X နဲ့ Redmi Note 3 တို့ပဲဖြစ်ပါတယ်။ Xiaomi Fan တွေလည်း MIUI 10 ရမယ့်ထဲ ကိုယ့်ဖုန်းပါမပါ စစ်ကြည့်သွားပါဦး။

97 upvotes 1 downvotes $0.00

Replies (1)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: