4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

One Plus

OnePlus ဆိုတာက အခုနောက်ပိုင်း တဖြည်းဖြည်းနဲ့ လူသိများလာတဲ့ စမတ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ အခြားသော စမတ်ဖုန်းတွေနဲ့ မတူညီပဲ OnePlus ဖုန်းတွေက Specification ပိုင်းအမြင့်ဆုံးကို အသုံးပြုပြီးတော့ တစ်နှစ်ကို ဖုန်း ၂ မျိုးပဲ ထုတ်လုပ်တဲ့အတွက် Flagship Killer ဆိုပြီးလည်း ခေါ်ဆိုတတ်ကြပါသေးတယ်။

OnePlus စမတ်ဖုန်းအသုံးပြုနေတဲ့သူတွေဆိုရင် သိမှာဖြစ်ပေမယ့် OnePlus ဖုန်းတွေဟာ အခြားသော Android Flagship ဖုန်းတွေနဲ့ တူညီတဲ့ Processor ၊ RAM တွေကို အသုံးပြုထားတယ်ဆိုရင်တောင်မှ စွမ်းဆောင်ရည်က ပိုပြီး မြန်ဆန်နေတဲ့အတွက် နာမည်ကြီးပါတယ်။ အခုလိုမြန်ဆန်နေရတာကလည်း OnePlus က သူရဲ့ Oxygen Operating System ကို အသုံးပြုထားတာကြောင့်ဖြစ်ပါတယ်။

Oxygen OS ဆိုတာက Google Pixel ဖုန်းတွေမှာ ပါဝင်တဲ့ Pure Android ပုံစံမျိုးဖြစ်ပြီးတော့ ပိုပြီး မြန်ဆန်လာအောင် အနည်းငယ်မွမ်းမံထားတာပဲဖြစ်ပါတယ်။ ဒါ့အပြင် Pure Android မှာ မပါဝင်တဲ့ OnePlus ရဲ့ ကိုယ်ပိုင် Feature အနည်းငယ်ကိုလည်း ထည့်သွင်းထားပါသေးတယ်။ အခုလိုမျိုး Pure Android ပုံစံ Oxygen OS ကို အသုံးပြုထားတဲ့အတွက် OnePlus ဖုန်းတွေဟာ အခြားသော စမတ်ဖုန်းတွေထက် သိသိသာသာကို Software Update ပိုမြန်နေတာလည်းဖြစ်ပါတယ်။

အခုလောလောဆယ်မှာတော့ OnePlus စမတ်ဖုန်းတိုင်းလိုလိုဟာ ၂ နှစ်ဆက်တိုက် ဒါမှမဟုတ် Android Version ၂ ဆင့်ထပ်ပြီး Update ရလျက်ရှိနေပြီးတော့ OnePlus ကနေ သူရဲ့ Update Policy ကို ပြောင်းလဲလိုက်ပြီး ၂ နှစ်ကနေ ၃ နှစ်အထိ တိုးမြှင့်ပေးလိုက်ပြီပဲဖြစ်ပါတယ်။

ဒါပေမယ့်လည်း အားနည်းချက်အနေနဲ့ကတော့ အခုလိုမျိုး Software Update ၃ နှစ်ရလာတာက Android Version ကိုတော့ Update ပြုလုပ်ပေးမှာမဟုတ်တော့ပဲ ပထမ ၂ နှစ်အထိပဲ Android Version Update လုပ်ပေးမှာဖြစ်ပြီး နောက်ကျန်တဲ့ ၁ နှစ်ကတော့ Feature Update တွေနဲ့ Security Patch တွေကိုပဲ ဆက်လက်ရရှိသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ် အခုလိုမျိုး ဖုန်းထွက်ပြီး ၃ နှစ်ကြာတဲ့အထိ Software Update လုပ်ပေးမယ်ဆိုတာက Samsung လိုမျိုး စမတ်ဖုန်းတွေနဲ့ ယှဉ်ရင် ကြီးမားတဲ့ အားသာချက်တစ်ခုဖြစ်လာတာပဲဖြစ်ပါတယ်။

47 upvotes 1 downvotes $0.00

Replies (3)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: