4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

ကော်ပီပို့စ် . . . ပို့စ်ကော်ပီ . .Copy Post . . . Post Copy

ခက်ပြီ. . .ခက်သည်လို့ပဲ ပြောမလားပဲ . . . မိုးသက်လေပြင်း မုန်တိုင်းကြောင့် ဖုန်းလိုင်းတွေ ကျပြီး ဒီလပိုင်းထဲ Proနှစ်ခါလောက် လွတ်သွားတယ် . . .

ဒါကလည်း ဆက်သွယ်ရေးအော်ပရိတ်တာတွေရဲ့ အပြစ်တော့လည်း မဟုတ်ဘူးပေါ့လေ . . .ကိုယ်နေတာကလည်း တောတောင်အထပ်ထပ် မြူထူထပ်တဲ့နေရာမှာကိုးးး လိုင်းတွေ ကျမှာပေါ့ . . .ပြတ်မှာပေါ့နော့ ။

ဟော. . .မုန်တိုင်းလေးငြိမ် . . .လိုင်းလေး ပြန်ကောင်းလို့ Steemit Group Chatထဲ ဝင်ကြည့်လိုက်တော့ . . .ပွဲတွေဆူနေတာကို တွေ့ရရော . . . . Copy Post တွေ. . . Post ကို Copyယူတာတွေ . . . ဆူညံဆူညံ ဖြစ်နေတာ မြင်ရ။

သြော် ခက်ပ့ဟပေါ့ . . . .Copy Post တင်မရဘူး ဆိုတဲ့ စည်းကမ်းလည်း ရှိသားနဲ့ ဘယ်လိုများ ဖြစ်ကြရပေါ့။ တကယ်တော့ဗျ။ MSCရဲ့စည်းကမ်းမှာ Copy Post မတင်ရဘူးဆိုတာ စဝင်လာသူတိုင်း သိပြီးသား ဖတ်ပြီးသား။

ဒီအဖွဲ့ရဲ့ ဒီစည်းကမ်း ကိုယ်သိပြီးသား. . ကိုယ် သိရဲ့နဲ့ ကျေနပ်လို့ ဝင်လာပြီးပြီပဲ . . . လိုက်နာလိုက်ပေါ့ ဒါဆို နားအေးရော။တကယ်လို့ ကိုယ် မလိုက်နာနိုင်ရင်လည်း အဖွဲ့ထဲမှာ မနေဘဲ ကိုယ့်လမ်းကိုယ်လျှောက် အေးဆေးပေါ့။

ဒီSteemitလမ်းကြောင်းပေါ်မှာ လျှောက်ဖို့က MSCနဲ့မှ မဟုတ်ဘူး . . .တခြားအဖွဲ့နဲ့ဖြစ်ဖြစ် . . .တစ်ယောက်ထဲဖြစ်ဖြစ်လည်း လျှောက်လို့ ရပါတယ်။ MSCနဲ့လက်တွဲလျှောက်ရတာထက် ပိုအဆင်ပြေတာတွေ . . . ဒါမှမဟုတ် ပိုအခက်အခဲဖြစ်တာတွေ စသည်ဖြင့်တော့ ကြုံရင် ကြုံရနိုင်တာပေါ့။

IMG_20180620_151604.png

ပြောချင်တာက တစ်ယောက်ထဲလည်း လျှောက်လို့ ရတဲ့လမ်းကြောင်းပေါ်မှာ တစ်ယောက်ထဲ မလျှောက်ချင်လို့ဖြစ်ဖြစ် မလျှောက်နိုင်လို့ ဖြစ်ဖြစ် (MSCမှမဟုတ်) အသင်းအဖွဲ့ တစ်ခုခုနဲ့ လက်တွဲလျှောက်ပြီဆိုရင် အသင်းအဖွဲ့ရဲ့စည်းကမ်းအတိုင်းတော့ လုပ်ရတော့မှာပဲလေ ။

ကိုယ်တစ်ယောက်ထဲမှ မဟုတ်တော့တာ . . .လူအများနဲ့ အဖွဲ့နဲ့ . . ဖြစ်လာပြီဆိုရင် လူအများ အဖွဲ့ရဲ့စည်းကမ်း အတိုင်း နည်းလမ်းအတိုင်း ဒိုးရတော့မှာပဲလေ။ ဒါမှ မဒိုးချင်တော့ဘူးဆိုလည်း ဝင်ထားတဲ့အသင်းအဖွဲ့ကနေ အပြုံးစကားနဲ့ပဲ တရားဝင် နှုတ်ထွက်ပြီး ကိုယ့်လမ်းကိုယ်ပြန်လျှောက်ပေါ့ . . . ရိုးရိုးရှင်းရှင်းပဲပေါ့။

ဒီလိုမှမဟုတ်ဘဲ အဖွဲ့အစည်းတစ်ခုထဲမှာ ကိုယ်က ပူးပေါင်း ပါဝင်နေပြီး အဲ့ဒီအဖွဲ့အစည်းရဲ့စည်းကမ်းကို မလိုက်နာဘူးဆိုရင်တော့ ထုတ်ပယ်ခံရမှာ သဘာဝပါပဲ။ ဒါက Steemitမှာမှ MSCရယ်မှ လိုင်းပေါ်မှာမှ မဟုတ်ပါဘူး။ အပြင်ဘဝမှာပါ ဒီလိုပါပဲ။

ဆိုတော့ကား အဖွဲ့အစည်းနဲ့ပူးပေါင်းပါဝင် လက်တွဲမယ်ဆိုရင် အဖွဲ့အစည်းရဲ့စည်းကမ်းချက်တွေနဲ့အညီ လုပ်ဖို့လိုမယ်။ လိုက်နာဖို့ လိုမယ်။ မလုပ်နိုင် မလိုက်နာနိုင်တော့ဘူးဆိုလည်း ကောင်းကောင်းမွန်မွန် နှုတ်ထွက်သွားရုံပေါ့နော့။

တကယ့်တကယ်ကျတော့လည်းဗျ MSCမှာ Copy Post မတင်ရတာက တစ်ခုပါပဲ . . . ကိုယ်ရေးချင်တာ ရေး တင်ချင်တာ တင် . . .သမျှ ဘာကန့်သတ်မှ မရှိဘူး ခွင့်ပြုပေးထားတာ တွေ့ရတယ်။

ရေးစရာ မရှိရင် မနက်အိပ်ယာ ထတာကနေ ညအိပ်ချိန်ထိ တစ်နေ့တာ ကြုံတွေ့ လှုပ်ရှားခဲ့သမျှ ထိုင်ရေးနေတောင် ရသဗျ။ ဥပမာ June 20 2018ရက်နေ့ တစ်နေ့တာ ဖြတ်သန်းမှု ပုံရိပ်များ . . . 21ရက်နေ့ တစ်နေ့တာ ဖြတ်သန်းမှု ပုံရိပ်များ ဆိုပြီး နေ့ရက်တိုင်း ဒိုင်ယာရီသဘောမျိုး မသေမချင်း ရေး . . . ဆန့်ငင် ဆန့်ငင် ဖြစ်နေတုန်း လက်လှုပ်နိုင်တဲ့အထိ ရေးလို့တောင် ရသေးတယ်။

ဘာကုန်ကြမ်း . . ဘာအကြောင်းအရာမှ သီးသန့်ရှာနေစရာ မလို Postတွေကို Copyလုပ်ပြီး Copy Postလုပ်နေစရာ မလိုပါဘူးဗျာ။ စာမူပြိုင်သလို စလယ်ဆုံး သုံးပါးစလုံး ဘယ်လိုကျစ်လစ်ရမယ် သိပ်သည်းရမယ်။ အချိတ်အဆက် မိရမယ် ဘာညာ အထူးတလည် ကန့်သတ်ထားတာမှ မရှိတာ။ လွယ်မှ လွယ်ပဲ။

ဟော ခု ကျနော်ဆိုကြည့်လေ . . . ကျနော် မြင်တာကို ကျနော် ရေးတာ Pro Postတစ်ခု ဖြစ်သွားရော။ ကဲ နားမအေးပေဘူးလား ဟီးး . .။ စေတနာနဲ့ ပြောတာပါဗျာ။ ဒီPostရေးတာ ဘယ်သူ့ဘက်ကနေ ရေးတာလည်း ဆိုတော့ ဘယ်သူ့ဘက်ကမှ မဟုတ်ဘူးဗျ။ ဖြစ်သင့်တာကို ရေးပြီး ပြောတဲ့သဘောပဲ။

ကျနော့်အနေနဲ့က ရှင်းတယ်ဗျ။ Steemitကနေလည်း တစ်ပြားမှ မဝင်ဖူးသလို MSCကြောင့်လည်း တစ်ပြားမှ မရဖူးပါဘူး . . .ဈေးတက်တာ ကျတာလည်း ကျနော် မသိဘူး . . . ကျနော်သိတာက ကျနော် စာရေးချင်တယ် ဝါသနာပါတယ်။ ရေးနေရပြီးရောဆိုပြီး fbပေါ်မှာ ရေးခဲ့တယ် နှစ်အတန်ကြာပဲ။

ဟော steemitမှာ ရေးရင် ငွေရတယ်ဆိုတော့ . . . . fbပေါ်မှာ ရေးချင်တာ ရေးပြီး ငွေကုန်တာထက်စာရင် steemitမှာ ရေးချင်တာလေး ရေးပြီး တင်တာက ကံကောင်းရင် တစ်နေ့နေ့ ရချင်ရလာလိမ့်မယ် ။ မရတော့လည်း ဘာမှမဖြစ် ကိုယ်ရေးချင်တာရေးနေရတာကိုက အမြတ် . . .အကျိုးမယုတ် ဆိုပြီး လာရေးနေတာဗျ။

ငွေရချင်လို့သက်သက် မဟုတ်ဘဲ စာရေးချင်လို့ ရေးတာဆိုတော့ နားတော့အေးတယ်ဗျ . . . ကိုယ်ပိုင်ပဲ ရေးဖြစ်တော့ MSCက စည်းကမ်းနဲ့ သွားကိုက်ညီနေတာကိုး ။ Copy ကူး Postတင်ချင်မှတော့ ကူးရလည်းလွယ် တင်ရတာလည်း မြန်တဲ့ ကိုယ်အမြဲသုံးနေကျ fbမှာပဲ ထိုင်တင်နေလိုက်ပေမှာပေါ့နော့ . . . . :P

အာ့တော့ဗျာ . . . .Copy Postဘာညာလည်း မညိအောင် ကုန်ကြမ်းလည်း မရှားရလေအောင် . . . . ကိုယ့်နေစဉ်မှတ်တမ်း ကိုယ်ရေးချင် ရေး . . . ဒါမှမဟုတ် အခု ရေကြီးနေရင် ရေကြီးတဲ့ အကြောင်းရေး။ မီးပျက်ရင် မီးပျက်တဲ့အကြောင်း။ ထမင်းငတ်ရင် ထမင်း ငတ်တဲ့အကြောင်း။ အအိပ်မက်ရင် အအိပ်မက်တဲ့အကြောင်း ဦးတည်ရာ ခေါင်းစဉ်တပ်ပြီး ခေါင်းစဉ်နဲ့ဆိုင်မှာတွေ ကိုယ်မြင်သမျှ ပတ်သာရေးပြီး အဖွဲ့အစည်း အပေါင်းအသင်းတွေနဲ့ ညီညီမျှမျှနေကြပါစို့လို့ . . . .

@masterinnwa
MSC- 253

53 upvotes $0.39

Replies (27)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: