Community post
Revolution 1
Hive Myanmar အဖွဲ့သားများ ကျွန်တော့်ရဲ့ ကိုယ်တိုင်ကြုံတွေ့တော်လှန်ရေးဘဝကို စဥ်းစားကြည့်ပေးပါ
#တော်လှန်ရေးမှာ လုပ်စားတွေကြည့်ပါဘဲဗျာ
ကျွန်တော် တော်လှန်ရေးစလုပ်တော့ 2021 2လ 1ရက်နေ့
မနက်ပိုင်း ဖုန်းလိုင်းတွေ အကုန်ပျက် ပတ်ဝန်းကျင်မေးကြည့်တော့လည်း သူတို့လည်းပျက်နေတာတဲ့ မနက် 11နာရီလောက်ရောက်တော့ ကုမ္ပဏီဝန်ထမ်းဘဝကနေ wayပတ်ပြီး ဆေးကျောင်းရှေ့အရောက် ကိုတေဇာဆန်းတို့ ဆန္ဒပြနေတာတွေ့ခဲ့တယ် အော် ဘာလို့များ 72နာရီကြာအောင်မစောင့်ရလဲဆိုပြီး စိတ်ထဲကဘဲ ကျိတ်ပြီးအပြစ်တင်ခဲ့မိတယ် 3ရက်နေ့မှာ လူတွေအကုန် ဟွန်းတွေတီးပြီး ဆန္ဒတွေစပြခဲ့ကြတယ် ကျွန်တော်ဟာလည်း တက္ကသိုလ်ကျောင်းတစ်ယောက်ဖြစ်တာကြောင့် တကသ သပိတ်ကြောင်းနဲ့အတူတူ စတင် ဆန္ဒပြခဲ့တယ်
8ရက်နေ့မှာ သပိတ်စစ်ကြောင်းကို လူစုဖို့အတွက်
စာရွက်တွေကို နေရာအနှံလိုက်ပြီး ဖြန့်ကြဲခဲ့တယ်
အဲ့အချိန်ထိတော့ လူတွေ အကုန်လုံးဟာ အားတက်သရော
ပါဝင်ကြပါတယ် ဆန္ဒပြလိုက် အိမ်ပြန်လိုက်ပေါ့ဗျာ
ကျွန်တော့်အမေဟာ သူ့သားကို ဆန္ဒပြတာမပြောနဲ့
အိမ်တွေကိုလိုက်ပြိီး မီးကွင်းတွေပစ်တဲ့အချိန် အိမ်ရှေ့ထွက်ကြည့်လို့ဆိုပြီး အိမ်ထဲကို နားရွက်ဆွဲပြီးသွင်းခဲ့တဲ့ အမေ
သူ့သားကတော့ ဆန္ဒပြရင်တောင် ထိပ်ဆုံးမှာ အလံကိုင်
ဆိုင်းဘုတ်ကိုင်နေတာတော့ သူမသိရှာဘူးလေ....
3လပိုင်း ကျွန်တော်တို့သူငယ်ချင်းတွေစုပြီး Defend Teamလည်း စဖွဲ့ခဲ့ကြတယ် မိန်းကလေးတွေက smoke bomb
လုပ်ပစ္စည်းတွေ ဆင် ယောကျာ်းလေးတွေက သပိတ်စစ်ကြောင်းလိုက်နဲ့ အဆင်ပြေနေရောပါဘဲ
3လပိုင်းထဲက 24ရက်နေ့မှာ သူငယ်ချင်းတစ်ယောက်က သူ့အဖေနဲ့ ခံယူချက်ချင်း မတူတဲ့အတွက် အိမ်ပေါ်ကနေဆင်းပြီး
Defend Teamအဖွဲ့တွေနဲ့အတူတူလိုက်နေခဲ့တယ် ကျွန်တော်ကတော့ အိမ်မှာဘဲနေတုန်းပါ အဲ့သူငယ်ချင်းနာမည်က mkတဲ့
တစ်ရက်တော့ mkကပြောတယ် ငါတို့ဒီတိုင်းဆိုမဖြစ်တော့ဘူး
လွတ်မြောက်ဘက်ကို သွားပြီး သင်တန်းတက်ကြစို့တဲ့
သူအဲ့လိုပြောလာတော့ ကျွန်တော်လည်း စဥ်းစားပြီး လက်လှမ်းမီသလောက်ချိတ်တွေ လိုက်ရှာရင်း အကိုတဝမ်းကွဲချိတ်နဲ့ ကရင်မှာ သင်တန်းတက်လို့ရကြောင်း ပြောပြလိုက်တယ် အကိုတဝမ်းကွဲပြောတဲ့ စကားကတော့ (ငါ့ညီ ဒီလမ်းကရွှေးပြီးရင် နောက်လှည့်လို့မရဘူးတဲ့...)
Replies (0)
Conversation
No replies yet
Replies will appear here as people join the conversation.