4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

ကချင် အမျိုးသမီးများ တရုတ်မယား ဖြစ်​နေ

Story link

https://www.theguardian.com/world/2019/mar/21/kachin-women-from-myanmar-raped-until-they-get-pregnant-in-china

ကချင် အမျိုးသမီး​တွေကို ပွဲစား​တွေ ​ဆွေမျိုးမကင်းသူ​တွေက လိမ်လည်ပြီး တရုတ်ပြည်မှာ မယားအဖြစ် ​ရောင်းစားခံ​နေရတယ်လို့ သိရတယ်။ တရုတ်​တွေက အဓမ္မပြုကျင့်ပြီး က​လေးရတဲ့အခါမှ ပြန်လွှတ်​ပေးကြတယ်။ တရုတ်ပြည်မှာ ​ယောကျား မိန်းမ အ​ရေအတွက် မညီမျှမှု ဖြစ်ပွား​နေပြီး တရုတ် အမျိုးသား​တွေက ဇနီးရှာ​ဖွေရ ခက်​နေတယ်။ တရုတ်ပြည်မှာ ကျင့်သုံးလာတဲ့ one child policy ​ကြောင့် မိဘ​တွေက သမီး​မွေးရင် မလိုချင်ဘဲ သတ်ပစ်တာ၊ ဖြတ်ချတာ စွန့်ပစ်ထားတာ​တွေ​ကြောင့် အမျိုးသမီး အ​ရေအတွက်က ရှိရမယ့် ပမာဏထက် သန်း ၃၀ မှ ၄၀ အထိ ​လျော့နည်း​နေတယ်။ ဒါ​ကြောင့် အိမ်နီးနားချင်း ဆင်းရဲတဲ့ နိုင်ငံ​တွေက အမျိုးသမီး​တွေကို လူကုန်ကူးပြီး မယားအဖြစ် အဓမ္မ ယူကြပါတယ်။ အများဆုံး ခံရသူ​တွေက​တော့ ကချင်ပြည်နယ်က KIO ထိန်းချုပ်နယ်​မြေက အမျိုးသမီး​တွေပါ။ သူတို့က အကူအညီမဲ့​နေကြတယ်။ မြန်မာအစိုးရနဲ့ တရုတ်အစိုးရကလည်း ထိထိ​ရောက်​ရောက် ကာကွယ်​ပေးနိုင်ခြင်း မရှိဘူး ဖြစ်​နေတယ်။

Posted using Partiko Android

5 upvotes $0.00

Replies (3)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: