Community post
စေတနာလေး
မလိုအပ်ဘဲ Privacy ချိုးဖောက်တာ
တစ်ဖက်ကို စွတ်စွဲတာ၊ စော်ကားတာဟာ
ဖောက်ပြန်နေတဲ့ကောင်အတွက်ဆို မှန်ကောင်းမှန်နိုင်ပေမယ့် မဖောက်ပြန်တဲ့လူအတွက်ကျ ကိုယ့်ဇနီးမယားဟာ ဒီအဆင့်အတန်းပါလား၊ ကိုယ့်လင်သားဟာ ဒီလိုအဆင့်အတန်းပါလားဆိုတာ ချပြလိုက်တာနဲ့ အတူတူပဲ။
ကိုယ့်လို သည်းမခံတတ်တဲ့ မိန်းမမျိုးနဲ့တွေ့ရင် အရေခွံကျွတ်အောင် အပြောခံရဦးမယ်။
ဟိုးအရင်က ဝန်ထမ်းလုပ်ခဲ့ဖူးတယ်။
အဲ့တုန်းက သူဌေးရဲ့ မိန်းမဆိုရင် သူဌေးမရှိချိန် ရုံးလာဘာလုပ်လဲ ဘယ်သွားလဲ ဝန်ထမ်းတွေဆီက စကားလိုက်နှိုက်၊ ဝန်ထမ်းကလေးမလေးတွေကို သူ့ယောက်ျားနဲ့ စိတ်မချသလိုလို အပြောတွေ အကြည့်တွေနဲ့ ဆက်ဆံ။
ကြာလာတော့ ဝန်ထမ်းတွေရဲ့ စိတ်ထဲမှာ သူဌေးအပေါ် အကြည်ညို ပျက်လာတယ်။
အကျင့်စာရိတ္တမကောင်းလို့သာ သူ့မိန်းမက ဒီလောက်သဝန်တိုနေတာ ဖြစ်မယ်လို့ မြင်လာတယ်။
နေရင်းထိုင်ရင်း ဟိုလင်သားမှာ မယားဖြစ်သူရဲ့ သဝန်တိုမှုကြောင့် သိက္ခာကျရရှာတယ်။
ကိုယ့်ချစ်သူရည်းစား၊ကိုယ့်လင်သားကို ချစ်တယ် တန်ဖိုးထားတယ်ဆိုတာ သူ့သိက္ခာကို စောင့်ရှောက်ပေးတာမျိုးလည်း ပါဝင်တယ်။
ဖောက်ပြန်တတ်တဲ့လူက ချစ်လွန်းလို့ အာခံတွင်းထဲ ထည့်ငုံထားရင်တောင် ပါးစောင်ကို သေးပန်းပြီး ဇော်ဂျီနဲ့ ခေါ်ပျော်မှာပဲ။
သံကွန်ချာ ခုနှစ်ထပ်နဲ့ အုပ်ထားလို့ရတဲ့ ခေတ်လည်း မဟုတ်။
မီးအာမခံထားသလိုမျိုး အဲ့ဒါအာမခံထားလို့ရတဲ့ အရာလည်း မဟုတ်။

အဲ့တော့ ထိန်းသင့်တန်ရာလောက် ထိန်း
လွှတ်သင့်တန်ရာလောက် လွှတ်
ခြံခုန်တယ်ဆိုတာ ခြံခတ်ထားလို့ ခုန်တာ
အချိန်တန် ချည်တိုင်ပြန်ရောက်မယ့်ဟာတွေရယ်။
မတတ်သာတဲ့အခါကျ ရေစက်သာချ အမျှဝေပေးလိုက်
ကိုယ့်ချီးထုတ်ကြီး သူများမချသွားပြီလို့သာ သဘောထား။စိတ်အေးချမ်းတယ်... ဟုတ်ပြီလား
@maylanwe
Replies (0)
Conversation
No replies yet
Replies will appear here as people join the conversation.