4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

ရာဝဏ၏ အောင်ပွဲ (အပိုင်း ၇)

ရုတ်တရက်လန့်သွားသည့်မြင်းများသည် တဟီးဟီးအော်ရင်း ပတပ်ရပ်လိုက်ပြီးတစ်ဟုန်ထိုး ပြေးထွက်ကြလေသည်။ ဝဲယာနှစ်ဖက်မှ ထင်းရှူးပင်များသည် တရိပ်ရိပ်ကျန်ရစ်ခဲ့ကြသည်။ ကျွန်ပ်၏ နားနှစ်ဖက်ဘေးတွင် လေသည်တဝီးဝီးဖြတ်သန်းသွားသည်။ ကျွန်ပ်သည် လေထဲတွင်ပျံဝဲနေသည့်အလား ခံစားမိလေသည်။ အိန္ဒုမြစ်ကမ်းအထိ ဇက်ကြိုးကို အားစိုက်ဆွဲထားပြီး ပြန်လှည့်မောင်းလာခဲ့သည်။ မန္ဒော၊ ဂမ္ဘီနှင့် ဘိဘိသနတို့ရပ်နေရာသို့ ရောက်ခါနီးတွင် 'ဟေး' ဟုကျွန်ပ်အော်လိုက်သည်။ မြင်းခြောက်ကောင်စလုံး တညီတည်းရပ်သွားကြသည်။ ကျွန်ုပ်မောင်းခဲ့သော လမ်းတစ်လျောက်တွင် ဖုန်လုံးများထနေဆဲဖြစ်သည်။ အချိန်ဘာမှမကြာလိုက်ပေ။
ရထားထက်မှ ခုန်ဆင်းလိုက်ပြီးနောက်တွင် မန္ဒောသည် ကျွန်ုပ်၏နီညိုရောင်ဆံပင်များကို လက်နှင့်သပ်ပေးလေသည်။ ကျွန်ုပ်ရှိရာသို့ပြေးလာပြီး ဟန်ပါပါနှင့်ဒူးထောက်၍ ဦးညွှတ်လိုက်သည်။
''မြားတစ်စင်းပစ်လွှတ်လိုက်သလိုပါပဲလား မောင်တော်''
မန္ဒောက တောက်ပသောမျက်လုံးများဖြင့် ချီးကျုးစကားဆိုသည်။
''ဒီစစ်ရထားကိုမောင်းနှင်လာတဲ့ အကိုတော်ကိုမြင်တာနဲ့ ရန်သူတွေဟာထွက်ပြေးကြမှာသေချာတယ်။ ထွက်မပြေးနိုင်တဲ့ရန်သူတွေဟာလည်း ဘီးနှစ်ဖက်ကသံချွန်တွေကြောင့် အတုံးအရုန်းသေကုန်ကြမှာပဲ။အို . . . ဒသဂီရိဟာ အိန္ဒုမြစ်ဝှမ်းဒေသမှာ ပြိုင်ဘက်ကင်းတဲ့ဘုရင် မကြာခင်ဖြစ်လာတော့မယ်''
ဘယ်အချိန်ကရောက်လာကြမှန်းမသိသော ကျွန်ပ်၏တိုင်းသူပြည်သားများသည် ကျွန်ုပ်၏ရထားအနီးတွင် ဒူးများထောက်လျက် ကောင်းချီးပေးနေကြသည်။ တိုင်းသူပြည်သားများ၏ ကောင်းချီးပေသံများကို ကျွန်ုပ်သည်နေ့စဉ်နှင့်အမျှ ခံယူနေရသည်။ ထိုအသံများကို ကျွန်ုပ်မငြီးငွေ့မိပေ။ တစ်နေ့တစ်ခြားကြီးထွားလာသောအဖြစ်၌ ကျွန်ုပ်၏ဒြာဝိဒိယန် သွေးသည်ပို၍်ပို၍နီရဲလာလေသည်။ ဤစကားသည်အမှန်ဖြစ်သည်။ ကျွန်ုပ်၏အသားအရောင်သည် အခြားသောဒြာဝိဒိယန်များကဲ့သို့ မည်းညိုမနေဘဲကြေးနီရောင်သန်းလာသည်။ အမွေးအမျှင်ထူပြောလှသော ကျွန်ုပ်တို့မျိုးနွယ်စု တိုင်းရင်းသားတို့ထက်ပို၍ ကျွန်ပ်၏လက်မောင်းမှ အမွေးများသည်ပို၍ထူထပ်ရှည်လျားသည်။
ကြမ်းတမ်းသောဆံပင်များသည်ပင် အနက်ရောင်မဟုတ်ဘဲ အနီရောင်သန်းနေသည်။ ကျွန်ုပ်၏မျက်လုံးအစုံမှ မျက်ဆန်မှာလည်း အညိုရောင်မက သွေးရောင်ဖြစ်လာသည်။ ကျွန်ပ်အမြဲလိုလို ဆင်ယင်လေ့ရှိသည့် ရေညှိရောင်ဝတ်စုံ၊ ရွှေနားကွပ်ကိုယ်ကျပ်အင်္ကျီတို့နှင့် အနီရောင်ကဲသော ကျွန်ုပ်၏မျက်လုံး၊ ဆံပင်၊ အသားအရေတို့သည် ဒြာဝိဒိယန်အပေါင်းထက် ထူးခြားပေသည်။ ဤသည်ကားတစ်နေ့တစ်ခြား ပို၍ပို၍နီရဲလာသော သွေးတို့၏အထိမ်းအမှတ်ပင် ဖြစ်သည်။
''ဘယ်နှယ့်လည်း ဘိဘိသန၊ ဘုန်းလက်ရုံးအာဏာရဲ့ တန်ဖိုးကို နင်တွေ့ပြီမဟုတ်လား''
တရိဂမ္ဘီက ညီတော်အား အောင်မြင်သူ၏လေသံဖြင့်မေးလိုက်သည်။

အားလုံးဖတ်စေချင်လို ပြန်လည် အပိုင်းတွဲလုပ်ပြီ တင်ပြပေးလိုက်ပါသည်။
အပိုင်း ၈ မျှော်

8 upvotes $0.05

Replies (3)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: