4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

ရာဝဏ၏ အောင်ပွဲ (အပိုင်း ၈)

https://images.ecency.com/DQmUL2A2wGuf5BscEMnADD5S6MA8pbTQDaVvy5WXjjwBhJX/img_20220104_051011.jpg
''နောင်တော်ရာဝဏ၊အဲ ... နောင်တော်ဒသဂီရိဘုရင်မင်းမြတ်ဟာ ဘုန်းလက်ရုံးတန်ခိုးမှာ အလုံးစုံသောမျိုးနွယ်စုတို့ထက် သာလွန်ကြောင်းငါမငြင်းလိုပါဘူး၊ ဒါပေမယ့်''
''ဒါပေမယ့်ဘာဖြစ်ပြန်သလဲ၊ ဘာဆန့်ကျင်ပြောချင်ပြန်သလဲ''
''ဆန့်ကျင်ဘက်မပြောလိုပါဘူး ဂမ္ဘီရယ်၊ ဒီမှာနောင်တော်ဘုရင်မင်းမြတ် စစ်ရထားဟာသံချွန်ဘီးရော၊ အခင်းအကာရော၊ လက်နက်တပ်ဆင်မှုရော ဘာမှပြောစရာမရှိဘူး''
''အေး''
''မြင်းခြောက်ကောင်ဟာလည်း အံ့မခန်းအစွမ်းထက်လှပါပေတယ်''
''အေး''
''ဒါပေမယ့် မြားကာဟာနိမ့်နေတယ်လို့ ညီတော်ထင်တယ်''
''ဘယ်လို . . . ဘာပြောတယ်၊ ဘိဘိသန''
''ရထားရဲ့ ရှေ့ဘက် ရန်သူနဲ့မျက်နှာမူရာဘက်က မြားကာဟာနည်းနည်းနိမ့်နေတယ်။ နောင်တော်ရထားပေါ်တက်လိုက်စဉ် မြင်းဇက်တွေကို ကိုင်လိုက်စဉ်မှာ နောင်တော်ရဲ့ရင်ဘတ်ဟာ မြားကာရဲ့အထက်ရောက်နေတယ်''
''ဒီတော့ဘာဖြစ်သလဲ''
''အကယ်၍ ရန်သူရဲ့ မြားတစ်စင်းဟာ တူရူအရပ်ကနေ မြင်းခြောက်ကောင်ကိုဖြတ်သန်းပြီးနောင်တော့်ထံ ဝင်လာမယ်ဆိုရင်မြားကာနိမ့်နေတဲ့အတွက် မြားဟာနောင်တော်ရဲ့ ရင်ဘတ်ကို''
'တိတ်စမ်း ဘိဘိသန'
သည်တစ်ခါတော့ ကျွန်ုပ်ကိုယ်တိုင် ဘိဘိသနကို အမျက်ထွက်မိတော့သည်။
''ကျွန်တော်မျိုးရဲ့ ချစ်မြတ်နိုးမှုကို ပြသခွင့်ရလို့ကျေနပ်ပါပြီ''
''အေး . . မင်းရဲ့ဝိဥာဉ်ကို သူရဲကောင်းအဖြစ် စစ်သည်တွေဂုဏ်ပြုစေရမယ်။ ကဲ မင်းအနားယူပေတော့''
ကျွန်ုပ်သည် သူ့ရင်ဝမှ ဓားကိုဆွဲထုတ်လိုက်ရာ သွေးများပန်းထွက်လာပြီးနောက် စစ်သည်တော် လဲကျသေဆုံးသွားလေသည်။ကျွန်ုပ်သည် သူ၏သွေးများကို လက်ဖြင့်ယူလိုက်ပြီးကျွန်ုပ်၏ ဘယ်ဘက်ရင်အုံသို့ သုတ်လိမ်းလိုက်သည်။
''ဒီလို လင်္ကာဒီပရဲ့သွေးမျိုးသာလျှင် ဒသဂီရိရဲ့နှလုံးနဲ့ နီးစပ်မှုရှိနိုင်တယ်။ သူဟာဒသဂီရိက ချစ်မြတ်နိုးတဲ့သူရဲကောင်းဖြစ်သွားပြီ။ ကဲ . . . ငါအခုထပ်အမိန့်ပေးဦးမယ်၊ မိမိကိုယ်မိမိ ငါ့အတွက်ရည်စူးပြီး ဓားနဲ့ထိုးသတ်ဖို့ ဘယ်သူရှိဦးမလဲ''
အိန္ဒုသဲပြင်တွင်ဝပ်စင်းနေကြသော သူအားလုံး တစ်ယောက်မကျန်ဖြိုင်ဖြိုင်ထကြသည်။ ဓားများအသီးသီး ဆွဲထုတ်ကြသည်။ သူတို့၏ဓားများကိုလက်နှစ်ဖက်ဖြင့် ဆုပ်ကိုလျက် အပေို့မြောက်လိုက်ကြသည်။
''အားလုံးရပ်ကြ၊ မင်းတို့အားလုံး ဒသဂီရိရဲ့ ချစ်မြတ်နိုးသောလင်္ကာဒီပ သူရဲကောင်းတွေဖြစ်တယ်။ အားလုံးဓားတွေပြန်သိမ်း၊ ကိုယ့်နေရာကိုပြန်သွားကြတော့''
အားလုံးသောလူတို့သည် ဆူညံစွာအော်ဟစ်လျှက် လူစုခွဲသွားကြပေသည်။ထိုအခါမှပင် ဘိဘိသန၏စကားတစ်ခွန်းကြောင့်သွေးများဆူပွက်နေသောကျွနု ပ်၏ရင်သည်အတန်ငယ်ပြန် ငြိမ်သက်သွားခဲ့ပေသည်။
''အကိုတော် ဘိဘိသနကပြောသွားတယ်၊ အသုရာမင်းဟာအကိုတော့်ထံ ဒီလက်ဆောင်ပေးတာတစ်စုံတစ်ခုအကူအညီတောင်းချင်လို့ဖြစ်ရမယ်၊ အဲဒီအကူအညီဟာလည်းစစ်ရေးနဲ့ဆိုင်လိမ့်မယ် နဲ့တူတယ် . . တဲ့''
''အို . . အနာဂတ်မှာ ဖြစ်လာမယ့်အရေးတစ်ခုကို ကြိုတင်တွေးတောတာဟာဘိဘိသနရဲ့အလုပ်ပဲ၊ အခုတို့နန်းတော်ကိုပြန်ကြမယ်၊ မိဖုရားကြီးလည်း ကိုယ်လေးလက်ဝန်နဲ့ အနားယူကြစို့''
အသုရာမင်း၏လက်ဆောင် စစ်မြင်းခြောက်ကောင်တပ် ရထားကိုရထားထိန်းအား သိမ်းဆည်းရန် အမိန့်ပေးခဲ့ပြီး ကျွန်ုပ်တို့သည် နန်းတော်သို့ပြန်ခဲ့ကြလေသည်။
လင်္ကာဒီပသိန်းခိုကျွန်းသည် ဘိုးတော်ဣရဏ္ဏပုသျှမင်း လက်ထက်တွင်လည်းကောင်း၊ ကျွန်ုပ်မမြင်ဖူးသော ခမည်းတော်ဘရာမပုသျှမင်းလက်ထက်တွင်လည်းကောင်း နယ်နမိတ်ကျယ်ပြန့်လှသည်မဟုတ်။ ခမည်းတော်ဘရာမပုသျှသည် မျိုးနွယ်စုပေါင်းများစွာ ကွဲပြားနေသည့် ဒြာဝိဒိယန်တို့၏ ခေါင်းဆောင်ဘုရင်များအား တိုက်ခိုက်သိမ်းသွင်းရင်း စစ်ပွဲတွင်ကျဆုံးခဲ့ရသည်။ ခမည်းတော်၏ပိုင်နက်သည်လည်းကျယ်ပြန့်လှသည်မဟုတ်ခဲ့။ ယခုအခါ ဘိုးတော်သည်လည်းကောင်း၊ ခမည်းတော်သည်လည်းကောင်း မယ်တောဂန္ဒီသည် လည်းကောင်း ဤလကာင်္ဒီပမြေပေါ်ဝယ် အသက်ထင်ရှားမရှိကြတော့။ လင်္ကာဒီပတိုင်းရင်းသား မင်းဆွေမင်းမျိုးဆက်တွင် ကျွန်ုပ်ဒသဂီရိသည်သာ နန်းမွေဆက်ခံကျန်ရစ်ခဲ့သည်။
သို့သော် ကျွန်ုပ်လက်ထက်တွင် လင်္ကာဒီပသည် နယ်နိမိတ်အာဏာစက် ကျယ်ပြန့်လာခဲ့သည်။ ကြီးစွာသော အိုးစရည်းကြီးများကို ပြုလုပ်ခြင်း၌ လက်မှုပညာပြောင်မြောက်သည့် ဂုမ္ဘာမျိုးနွယ်စုများသည် လည်းကောင်း၊ အလမ္ပာယ်ပညာ၌ ကျွမ်းကျင်ကြသည့် နာဂါမျိုးနွယ်စုများသည်လည်းကောင်း၊ သိန်းငှက်စွန်ရဲတို့ကို မွေးမြူလျက် စစ်တိုက်ကြသည့် ဂရုဋမျိုးနွယ်စုများသည်လည်းကောင်း၊ ဆေးဝါးမန္တန်အတတ်၌ လိမ္မာကြသည့် ဂန္ခဗ္ဗမျိုးနွယ်စုများသည်လည်းကောင်း၊ ယခုအခါ ကျွန်ုပ်၏ကျေးကျွန်များ ဖြစ်ခဲ့ကြလေပြီ။ မျိုးနွယ်စုအသီးသီး၏ ဘုရင်များသည်လည်း ကျွန်ုပ်၏ သစ္စာတော်ခံနယ်သားများ ဖြစ်လာကြလေပြီ။
လင်္ကာဒီပရှိသစ်ပင်တိုင်း၏ သစ်ရွက်တိုင်းနှင့်၊ အိန္ဒုမြစ်ရှိ သဲပွင့်တိုင်းတွင် ဒသဂီရိဟူသောဘွဲ့သည် ခတ်နှိပ်စွဲထင်ခဲ့လေပြီ။ စစ်ပွဲပေါင်းများစွာကို ဖြတ်သန်းခဲ့သည့် ကျွန်ုပ်၏ကိုယ်ခန္ခာသည်လည်း လင်္ကာဒီပတစ်ဝန်းမှ စစ်ရှုံးသူတို့၏သွေးများ စီးဝင်ရာ သမုဒ္ဒရာ ဖြစ်ခဲ့လေပြီ။ ယခုအခါ ကျွန်ုပ်၏မိဖုရားခေါင်ကြီးမန္ဒောဒရီမှာ သားတော်တစ်ပါးလည်း ဖွားမြင်ခဲ့ပြီ ဖြစ်သည်။ မိုးသည်းထန်စွာရွာ၍ ငလျင်ပဲ့တင်တော်လဲ နေချိန်တွင်ဖွားမြင်သော ထိုသားတော်အား မေဃနာဒဟု ကျွန်ုပ်အမည်ပေးလိုက်သည်။ မေဃနာဒကို ကျွန်ုပ်အားပေးအပ်ပြီးနောက် မိဖုရားမန္ဒောဒရီသည် ကျွန်ုပ်၏ဘိုးတော်၊ ခမည်းတော်၊ မယ်တော်များနောက်သို့ လိုက်ပါ သွားခဲ့လေသည်။
မိခင်ဟူသည် သား၏လက်ရုံးအတွက် အဟန့်အတားဖြစ်စေသည်ဟု ယုံကြည်သောကျွန်ပ်အဖို့မူကား မိဖုရားကြီး အနိစ္စရောက်သည့်အတွက် ပူပင်ဆင်းရဲခြင်းမရှိလှ။ သားတော် မေဃနာဒအား အတားအဆီးမရှိ ကျွန်ုပ်၏လက်ရုံးရည်နှင့် ဘုန်းတန်ခိုးတော်တို့ကို ဆင့်ပွားနိုင်ပြီဟူသောအသိဖြင့် မိဖုရားကြီးကံတော်ကုန်ခြင်းကို နားလည်ယူလိုက်ပေသည်။

အားလုံးဖတ်စေချင်လို ပြန်လည် အပိုင်းတွဲလုပ်ပြီ တင်ပြပေးလိုက်ပါသည်။
အပိုင်း ၉ မျှော်

12 upvotes $0.02

Replies (2)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: